အခန်း ၁၂

3.3K 425 2
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၂ ကုချင်၏ မိသားစု

ကုနင်း မျက်နှာအမူအရာနည်းနည်းပြောင်းသွားပေမယ့် မုခယ်ကြောင့်တော့မဟုတ်ပါဘူး.

မုခယ် သူမကို တကယ်ဂရုစိုက်တယ်ဆိုတာ သိပါတယ်.

ဒါကြောင့် ကုနင်းလဲ သူ့ကို ဟာသလုပ်ပြီး ပြန်မေးလိုက်တယ်

“ငါ့ပုံစံက အခြေနေမကောင်းတဲ့ပုံ ပေါက်နေလို့လား?”

အမ်.

ဟုတ်ပါတယ် ကုနင်းကြည့်ရတာ လုံးဝကို အဆင်ပြေနေပုံပါပဲ.

သူ့ကြည့်ရတာ ဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲ မဟုတ်ရင် အရွယ်ရောက်ပြီးသားလူနှစ်ယောက်ကို ဒီလောက်လွယ်လွယ် ရိုက်ထုတ်နိုင်ပါ့မလား.

“တော်သေးတာပေါ့ သူဘယ်လိုလူမျိုးလဲဆိုတာ နင်သိသွားပြီမလား. ဒါကြောင့်....”

မုခယ်က ချင်ကျန်းနဲ့ပတ်သတ်ပြီး ဘာမှစွဲလမ်းမနေပဲ လက်လျှော့လိုက်တော့ဖို့ ကုနင်းကို ပြောချင်တာပါ. ဒါပေမယ့် ဒါက သူကိစ္စမဟုတ်တော့ အဲ့လောက်ကြီးဝင်ပါဖို့ မသင့်ဘူးလေ.

“အဲ့လို ထပ်ဖြစ်မှာမဟုတ်တော့ပါဘူး. ငါချင်ကျန်းကို လက်လျှော့လိုက်ပြီးသားပါ.”

မုခယ်ရဲ့စိတ်ထဲ ဘာရှိလဲဆိုတာ ကုနင်းသေချာပေါက်သိတာပေါ့. ဒါပေမယ့် သူမ အဲ့ကိစ္စကို ဂရုမစိုက်ပါဘူး.

“ဒီလို ကြားရတာ ဝမ်းသာပါတယ်.” မုခယ်လဲ အခုမှပဲ စိတ်သက်သာရာရသွားတော့တယ်.

တကယ်တော့ မုခယ်က ကုနင်းကို ကြိုက်နေတာမဟုတ်ပါဘူး.

သူက ဖြူစင်တဲ့ မိန်းကလေးတစ်ယောက်အနိုင်ကျင့်ခံရတာကို မမြင်ချင်ရုံပါ.

“နောက်ကျနေပြီပဲ. ငါအိမ်ပြန်တော့မယ်.” ကုနင်း ပြောလိုက်တယ်.

“ဟုတ်သားပဲ, ဘိုင့်ဘိုင်” မုခယ်လဲ နှုတ်ဆက်လိုက်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now