အခန်း ၉၁

2.7K 320 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၉၁ သွေးအေးတယ်?

သူမလဲ လင်ရှောင်းထင်သေနတ်ရှာတွေ့သွားမှာကို မကြောက်ပေမယ့် အမှုအခင်းဖြစ်သွားမှာကို စိုးရိမ်မိတာပါ.

ကုနင်းကျောင်းကိုပြန်ရောက်တော့ အတန်းစဖို့ ၅မိနစ်သာလိုတော့တာကြောင့် အပေါက်ကနေ အခန်းထဲကို ချက်ချင်းပြေးရတော့တယ်.

သူမစာသင်ဆောင်ထဲကို ဝင်လိုက်တော့ တစ်စုံတစ်ယောက်က သူမလမ်းမှာပိတ်ရပ်နေခဲ့တယ်. သူမသာ အချိန်မှီမရပ်ခဲ့ရင် ထိုလူနဲ့ဝင်တိုက်ပြီးနေလောက်ပြီ.

ထိုလူက ချင်ကျန်းဖြစ်နေတာကိုတွေ့လိုက်ရတော့ သူမစိတ်တိုသွားတယ်. သူ့ကိုရှောင်ချင်တာကြောင့် ချက်ချင်းထွက်သွားဖို့လုပ်လိုက်တယ်.

"ကုနင်း, ငါတို့စကားပြောလို့ရမလား?" ချင်ကျန်းမေးလိုက်တယ်.

ကုနင်း သူ့စာကို သောကြာနေတုန်းက ပြန်ဖြေတာကြောင့် သူစိတ်တိုသွားပေမယ့် သူမကိုလဲစိတ်ပူတာကြောင့် စနေနေ့က စာထပ်ပို့ခဲ့ပေမယ့် ရလဒ်ကတော့အတူတူပါပဲ.

ဒါကြောင့် ချင်ကျန်း ကုနင်းကို ဖုန်းပဲခေါ်ကြည့်လိုက်တဲ့အခါမှာတော့ ကုနင်းက သူ့ကိုဘလော့ခ်ထားမှန်းသိလိုက်ရတယ်. ထို့ကြောင့် ကုနင်းကို သူအရမ်းစိတ်တိုသွားကာ နောက်ကျရင် သူမအကြောင်းတွေကို ဂရုမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်.

ကုနင်းကို တနင်္လာနေ့တုန်းက မတွေ့ရ၍ မုခယ်ကို သွားမေးဖို့လုပ်သေးပေမယ့် အဲ့လိုလုပ်ဖို့ကျပြန်တော့လဲ ရှက်နေမိတယ်.

ပြီးတော့ ဒီနေ့မနက် ကုရှောင်ရှောင်ဆီကနေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သတင်းကြားခဲ့ပါတယ်.

"ငါနင်နဲ့ပြောစရာဘာအကြောင်းမှမရှိဘူး." ကုနင်းရှင်းရှင်းပဲပြောလိုက်ကာ ချင်ကျန်းကိုရှောင်ချင်ခဲ့ပေမယ့် ထပ်ပြီးတော့ အတားခံလိုက်ရပြန်တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now