အခန်း ၁၃၇

2.6K 219 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၇ ဘာလက်ဆောင်ယူသွားရမလဲ?

ဘာသာပြန်သူ - Charm.Y

လျိုယွီဝေ့ ညစာစားမယ်ဆိုတာ ဘာကိုဆိုလိုမှန်းသိပါတယ်. ဒါကသူတို့နှစ်ယောက်ကြားက သီးသန့်အစည်းအဝေးပွဲလေးပေါ့.

............

နေ့လည်ရောက်တော့ ကုနင်းက သူမသူငယ်ချင်းတွေနဲ့ နေ့လည်စာအတူစားဖို့ စုဝေးနေကြပြီး အန်းရီလဲပါပါတယ်.

အန်းရီနဲ့ ဟောင်ရန်တို့က သူငယ်ချင်းတွေတောင်ဖြစ်နေကြကာ အရမ်းကို အဆင်ပြေနေကြတယ်.

"အန်းရီ, မင်းမိသားစုပိုင်ကုမ္ပဏီကို ဝယ်သွားပြီကြားတယ်, ဒါပေမယ့် မင်းအဖေက ဥက္ကဌအဖြစ်ဆက်ရှိနေတုန်းဆို." ဟောင်ရန်က သူငယ်ချင်းကို ဂရုစိုက်တဲ့အနေနဲ့မေးလိုက်တယ်.

"ဟုတ်တယ်. ဒါပေမယ့် ငါ့ကိုလဲ အဖေက အသေးစိတ်မပြောပြဘူး. ဘာပဲဖြစ်ဖြစ် ရှန်းဟွာကိုလဲ ကယ်တင်နိုင်ပြီး အဖေကလဲ သူ့နေရာမှာ ဆက်ရှိနေနိုင်ခဲ့တယ်. အဖေ ငွေသိပ်မရှာနိုင်တော့ရင်တောင် ငါဂရုမစိုက်ပါဘူး. ငြိမ်းငြိမ်းချမ်းချမ်းလေးနေရရင်ကို ကျေနပ်နေပြီ." အန်းရီပြန်ဖြေလိုက်တယ်. အခု ဘယ်သူက ရှန်းဟွာကိုပိုင်သွားပြီဆိုတာကို သူစိတ်မဝင်စားပါဘူး. သူ့ဘဝသူကျေနပ်နေပြီး ပိုင်ရှင်ကဘယ်သူဆိုတာကို မသိသေးပေမယ့် ထိုလူကိုတော့ သူ့နှလုံးသားထဲကနေကို ကျေးဇူးတင်နေမိတယ်.

အန်းရီက ငွေထက် မိသားစုကို ပိုတန်ဖိုးထားတာကြောင့် ကုနင်းအထင်ကြီးသွားတယ်.

"ထားပါ, ကုနင်း, ငါမင်းတို့အဖွဲ့ကို ဝင်လို့ရလား? ငါလဲသိုင်းပညာကို သင်ချင်လို့." အန်းရီကုနင်းကိုကြည့်ပြီးပြောလိုက်တယ်. သူနည်းနည်းတော့ ရှက်နေပေမယ့် ပါဝင်လိုစိတ်တော့အပြည့်ရှိပါတယ်.

"ကိစ္စမရှိပါဘူး!" ကုနင်းမငြင်းလိုက်ပါဘူး. ဘာလို့ဆို အန်းရီကို အန်းကွမ်းယောင်နေရာဆက်ခံစေဖို့ စိတ်ကူးထားတာကြောင့် သူ့ကိုစောစောစီးစီးထဲက လေ့ကျင့်ပေးထားဖို့လိုပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now