အခန်း ၂၅

2.9K 367 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၂၅ သာမာန်မဟုတ်တဲ့လူ

ဒီလူမိုက်တွေတောင်မှ ဒီကျောင်းသူလေးက သူတို့အရင်တွေဖူးတဲ့သူတွေနဲ့မတူပဲ လှတယ်ဆိုတာ သတိထားမိကြတယ်.

သူတို့အရင်တန်းကလဲ ကျောင်းသူလေးတွေတော်တော်များများနဲ့ ကစားခဲ့ဖူးပေမယ့် ဘယ်သူမှ သူမလောက်မလှဘူး.

တဖက်မှာတော့ ကုနင်းအခုဆို အရမ်းကို ဒေါသထွက်နေပါပြီ.

သူမကို ဖျက်စီးပြီး ဗီဒီယိုရိုက်ထားမယ်? ရှောင်ဖေးဖေး သူမစည်းကို တကြိမ်ထပ်ပြီး ကျော်လိုက်ပြန်တာပဲ.

"အိပ်မက်ပဲမက်နေလို, အရူးတွေ!" ကုနင်း သူမရှေ့က လူမိုက်ခေါင်းဆောင်ရဲ့ အဓိက*နေရာတည့်တည့်ကို ကန်ချလိုက်တယ်.

ဒီလောက်လျင်မြန်စွာနဲ့ ကုနင်းက သူတို့ကိုအရင်တိုက်လာလိမ့်မယ်လို့ ထိုလူမထင်ထားမိဘူး. သူမရှောင်လိုက်နိုင်ခင်မှာပဲ ကွက်တိအကန်ခံလိုက်ရပါတယ်.

တိမ်တူတူညချမ်းမှာ ထိုလူရဲ့အော်သံသည် ကြောက်မက်ဖွယ်ကောင်းစွာနဲ့ ပဲ့တင်ထပ်သွားသည်.

ထိုလူနာကျင်လွန်း မြေပြင်ပေါ် ဒူးနှစ်ဖက်လုံးညွတ်ကာကျသွားပြီး လက်နှစ်ဖက်လုံးဖြင့် သူ့ရဲ့အဓိက*နေရာကို အုပ်ထားလိုက်တယ်. သူ့နဖူးပေါ်မှာလဲ ပုတီးစေ့လောက်ရှိတဲ့ ချွေးစက်များ တွဲခိုနေတယ်.

ကျန်တဲ့လူနှစ်ယောက်လဲ ကြောက်လန့်သွားကြကာ ထွက်တောင်ပြေးချင်သွားကြတယ်. နာရီစုတ်တစ်လုံးတောင် တစ်နေ့ နှစ်ခေါက်တော့ မှန်တတ်တာပဲလို့ တွေးပြီး သူတို့ကိုသူတို့ ပြန်ဖြေသိမ့်လိုက်တယ်. ကုနင်းက သာမာန် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ပဲကို...

ထို့နောက် သူတို့နှစ်လုံး ကုနင်းကို လက်သီးနဲ့ထိုးဖို့အတွက် ကြိုးစားလိုက်ကြတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now