အခန်း ၅၅

2.8K 362 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၅၅ လေလံ

လူအုပ်ကြီးကတော့ အံ့ဩနေမိတယ်. ဒီဆယ်ကျော်သက်မိန်းကလေးက တကယ်ပဲကျောက်အကြောင်းနားလည်နေလို့လား ဒါမှမဟုတ် ဒီအတိုင်းပဲ ရွေးလိုက်တာများလား?

"မိန်းကလေး, ဒီကျောက်ရိုင်းကို ယွမ်၅သောင်းနဲ့ ငါ့ကိုရောင်းပါလား. အခုဒီမှာ အစိမ်းရောင်နဲနဲထွက်လာပြီဆိုပေမယ့် နောက်ထပ်ဘယ်လောက်များများဆက်ရှိဦးမလဲဆိုတာမသိဘူးလေ. ထပ်ပြီးတော့သာမရှိတော့ရင် ဒီကျောက်ရိုင်းက အလကားပဲ. အခုသာရောင်းမယ်ဆိုရင် မင်းဘယ်လိုပဲဖြစ်ဖြစ် ယွမ်၅သောင်းတော့ရသွားမှာပဲ. မရောင်းရင်တော့ မင်းတစ်ပြားမှတောင်ရလိုက်မှာမဟုတ်ဘူး."

ဝတ်စုံပြည့်ဝတ်ထားပြီး အသက်၅၀လောက်ရှိတဲ့ လူဝကြီးကပြောလိုက်တယ်.

ကျောက်ရိုင်းတုံးတစ်တုံးကို ဖြတ်လိုက်လို့ ကျောက်စိမ်းသားပေါ်လာပြီဆိုရင် ထိုဖြတ်ထားတဲ့အတုံးကို "ဝင်းဒိုး" လို့ခေါ်ပြီး ပိုင်ရှင်ကထပ်ပြီး ကျောက်စိမ်းဆက်ရှိသေးလားမကြည့်ဘဲ အလောင်းအစားထပ်မလုပ်ချင်တော့ရင် ရောင်းလိုကရောင်းနိုင်ပါပြီ.

ထိုအခါဝယ်တဲ့သူကလဲ အလောင်းအစားသဘောမျိုးနဲ့ဝယ်ရတာပေါ့. ဘာလို့ဆို အပေါ်ယံကျောက်စိမ်းလွှာရှိရုံနဲ့ ကျောက်ရိုင်းတုံးတစ်ခုလုံး အဖိုးတန်နေမယ်လို့ပြောလို့မရဘူးလေ.

အပေါ်ယံအလွှာလေးလောက်သာ စိမ်းတဲ့ ကျောက်ရိုင်းတွေလဲအများကြီးရှိသလို အတွင်းတွင်ပါတဲ့ ကျောက်စိမ်းပမာဏအရမ်းနည်းတာတွေလဲရှိပါတယ်.

ဒါပေမယ့် "ဝင်းဒိုး"လုပ်ပြီးသားကျောက်ရိုင်းသည်တော့ မလုပ်ရသေးတာထက်ပိုပြီး ဈေးကြီးပါတယ်. အခုလိုမျိုးပေါ့ ကုနင်းက ယွမ်၂ထောင်လောက်နဲ့ဝယ်ခဲ့ပေမယ့် ထိုလူကြီးကတော့ ယွမ်၅သောင်းလောက်ပေးပြီး ဈေးခေါ်နေပါပြီ.

အစိမ်းရောင်ပေါ်လာပြီးသားကျောက်ရိုင်းတုံးသည် ကျောက်စိမ်းတုံးတစ်ခုတောင်ဖြစ်နေနိုင်ပါသေးတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Donde viven las historias. Descúbrelo ahora