အခန်း ၂၀

3.1K 381 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၂၀ ချန်းကျီယောင်ကို ရိုက်မယ်

"ဘန်း"

ချန်းကျီယောင်စကား မဆုံးလိုက်ခင်မှာပဲ မျက်နှာပေါ် ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတယ်. ဒီတစ်ကြိမ်ရိုက်ချက်က ရှောင်ဖေးဖေးကို ရိုက်ခဲ့တုန်းက ထက်အများကြီးကို ပြင်းပါတယ်.

ချန်းကျီယောင်ပြောလိုက်တာက ကုနင်းကို လုံးဝဒေါသထွက်စေတာပါ.

ချန်းကျီယောင်က ကုနင်းကို အရှက်ခွဲရုံတင်မကဘဲ သူမအမေကိုပါ အရှက်ခွဲတာကတော့ ဘယ်လိုမှသည်းခံလို့မရနိုင်ပါဘူး.

ချန်းကျီယောင် အရိုက်ခံလိုက်ရပြီးနောက် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ဘူးဖြစ်သွားတယ်.

ဒါက ကုနင်း သူမကို ဘယ်တော့မှမရိုက်ဘူးဆိုတဲ့ အတွေးကို ကျော်လွန်သွားခဲ့ပြီ.

လူတိုင်းလဲ ထိတ်လန့်သွားကြပေမယ့် ဒီလုပ်ရပ်ကို သဘောမတူတဲ့သူတော့မရှိပါဘူး.

သူတို့တော်တော်များများက ကုနင်းရဲ့ နောက်ခံကိုသိသွားတော့ သဘောမကျကြပေမယ့် ဒီလိုမျိုးအရှက်ခွဲတာကတော့ တော်တော်လေးရိုင်းတယ်လို့ သူတို့လဲသိကြပါတယ်.

ဘယ်သူမှ တခြားသူတစ်ယောက်ရဲ့နာကျင်မှုကို ဟာသသဘောမလုပ်လိုကြပါဘူး.

"ကုနင်း, နင်ကများ ငါ့ကိုရိုက်ရဲတယ်ပေါ့!" နောက်ဆုံးတော့ ချန်းကျီယောင်, သူမကိုယ်သူမဘာဖြစ်သွားတယ်ဆိုတာ သတိဝင်သွားပြီး လက်ကိုမြှောက်လိုက်ကာ ကုနင်းကိုရိုက်ဖို့ လုပ်လိုက်တယ်.

သူမ လက်ကိုမြှောက်လိုက်တဲ့ အချိန်ခနလေးအတွင်းမှာပဲ ကုနင်းက သူမလက်ကို ဖမ်းကိုင်လိုက်တာကြောင့် နာကျင်သွားပေမယ့် ထွက်ပြေးလို့လဲ မရနိုင်ပါဘူး.

"ကုနင်း, ငါ့ကို လွှတ်စမ်း!" ချန်းကျီယောင်၏မျက်နှာ နာကျင်မှုဒဏ်ကြောင့် ပြောင်းလဲသွားရပြီ.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Où les histoires vivent. Découvrez maintenant