[Zawgyi]
ဖီးနစ်သွေးစက်အခန်း ၇၃ ဈေးဝယ်စင်တာမှ ဇာတ်လမ်းတစ်ပုဒ်
ဒါပေမယ့် ကုနင်း ထိုဝတ်စုံကို မထိလိုက်ရသေးခင်မှာပဲ နောက်ထပ်လက်တစ်စုံက အရင် ဆွဲယူသွားကာ, "ဒီတစ်စုံငါကြိုက်တယ်, စမ်းဝတ်ကြည့်ဦးမယ်."
ထိုသူကတော့ အသက်၄၀လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ကာ ဈေးကြီးတဲ့အဝတ်အစားတွေဝတ်ဆင်ထားပုံက အဆင့်အတန်းမြင့်တယ်ထင်ရပေမယ့် သူ့ရဲ့အမူအကျင့်ကတော့ လုံးဝမတူညီပါဘူး.
အမူအကျင့်ကောင်းရှိတဲ့ အမျိုးသမီးတစ်ယောက်က တစ်ခြားလူလက်ထဲက ပစ္စည်းကို ဆွဲလုမှာမဟုတ်ပါဘူး.
"အဲ့မှာရပ်လိုက်." ကုနင်းစိတ်အနှောက်အယှက်ဖြစ်သွားတယ်.
ထိုအမျိုးသမီး သူမလက်ထဲက ဝတ်စုံကို ဆွဲလုသွားတာ ကုနင်းဘယ်လိုမှသည်းမခံနိုင်ပါဘူး.
ဒါပေမယ့် ထိုအမျိုးသမီးက ကုနင်းရဲ့အသံကို မကြားသလိုမျိုးနဲ့ ဆက်ပြီးလျှောက်သွားတယ်.
ဒါကိုမြင်လိုက်တော့ ကုနင်းမျက်မှောင်ကြုတ်သွားပြီး သူမမျက်နှာတွင် စိတ်အနှောက်အယှက်ဖြစ်မှုတွေ ဖြတ်ပြေးသွားကာ သူမလဲ ချက်ချင်းပဲ သွားလိုက်ပြီး ထိုအမျိုးသမီးရဲ့ရှေ့မှာပိတ်ရပ်လိုက်တယ်.
ထိုအမျိုးသမီးမှာ ကုနင်းနဲ့တိုက်မိမလိုတောင်ဖြစ်သွားခဲ့ကာ ကြောက်လန့်တကြားနဲ့ ကုနင်းကိုအော်တော့တယ်,
"မင်းဘာလိုချင်တာလဲ, ကောင်မလေး? မင်းငါ့ကို ထိခိုက်အောင်လုပ်မလို့လား?"
ထိုအမျိုးသမီးရဲ့အော်သံက ဆိုင်ထဲမှာ တခြားသူတွေရဲ့အာရုံကို ဆွဲဆောင်မိသွားတယ်.
လူတွေချက်ချင်းသူတို့နားကို အုံလာကာ လာကြည့်ကြတယ်.
"ဆောရီး, ကျွန်မ ဒီဝတ်စုံကို ရှင့်ထက်အရင်ရွေးထားတာပါ." ကုနင်းအေးဆေးပဲပြောလိုက်တယ်. သူမသာ ဒီဝတ်စုံကို မလိုချင်ရင်တော့ စိတ်ထဲမထားဘဲနေမှာဆိုပေမယ့် အခုသူမ လိုချင်နေတာကြောင့် ထိုအမျိုးသမီးယူသွားမှာကို ခွင့်မပြုပေးနိုင်ပါဘူး.
CZYTASZ
ဖီးနစ်သွေးစက် Book - 1(MMTranslation)
RomansBook 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Charm.Y ထန်အိုက်နင်းဟာ မိသားစု၏ သာမာန်ကြိုးဆွဲရာကနေရတဲ့သူတစ်ယောက်ပါ. စီးပွားရေးသူလှျိုအဖြစ်သာမက ကြေးစား...