အခန်း ၁၀၂

2.6K 290 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၀၂ ဘယ်သူကရိုင်းတာလဲ?

ကုချင်းရန်က သာမာန်ဝန်ထမ်းဖြစ်ပြီး အရာရှိတစ်ယောက်မဟုတ်တာကြောင့် ကုချင်းရှန်ကို မယှဉ်နိုင်ပါဘူး. ကုမန့်လဲ ကုချင်းရှန်ကိုကြောက်ပေမယ့် ကုနင်းကိစ္စပါလာရင်တော့ ဘယ်တော့မှအလျှော့ပေးလေ့မရှိဘဲ,

"နင်းနင်း ရှောင်ရှောင့်ကိုရိုက်တယ်ဆိုတာ သူအရင် အရှက်လာခွဲလို့."

"အဲ့တော့ဘာဖြစ်လဲ? သူ ခန္ဓာကိုယ်ကိုထိခိုက်အောင်လုပ်ခဲ့တာမှမဟုတ်တာ. ငါ့သမီးကို သူမရိုက်သင့်ဘူး." ကုချင်းရှန်ကတော့ ကုရှောင်ရှောင် ကုနင်းကို အရှက်ခွဲတာအမှားလို့မတွေးပါဘူး.

"နင်..." ကုမန့်စိတ်ဆိုးလွန်းလို့ မူးလာကာ လဲကျတော့မလိုဖြစ်သွားတယ်.

ကုနင်း ချက်ချင်းပဲ သူမအမေကို တွဲလိုက်ကာ သူမကိုယ်ထဲ စွမ်းအားအနည်းငယ်လွှဲပြောင်းပေးလိုက်တယ်.

ကုနင်းရဲ့ ကျောက်စိမ်းမျက်ဝန်းမှာ စွမ်းအားတွေအများကြီးမရှိပေမယ့် ကုမန့်ရဲ့ အသက်ရှူနှုန်းငြိမ်အောင်လောက်တော့ကူညီနိုင်ပါတယ်.

ကုမန့် ရုတ်တရက် သူမကိုယ်ထဲ အေးမြတဲ့လေလေးဖြတ်သန်းသွားသလိုခံစားလိုက်ရကာ. ချက်ချင်းပဲ အသက်ရှူနှုန်းတည်ငြိမ်သွားတယ်.

ကုမန့်ဒါက ထူးဆန်းတယ်လို့တွေးမိပေမယ့် သူမကြာကြာမတွေးရသေးခင်မှာပဲ ကုနင်းရပ်လိုက်တာကြောင့် စိတ်ထင်တာလို့ပဲတွေးမိလိုက်တယ်.

"နင်ဘယ်လိုပြောလိုက်တာလဲ? နင်းနင်းက ဘာလို့ အဲ့လိုဆက်ဆံခံရမှာလဲ?" ကုချင်လဲစိတ်တိုသွားတယ်. ကုချင်းရှန် တစ်ကိုယ်ကောင်းဆန်တာကို သူမသိပေမယ့် ဒီလောက်အထိ အရှက်မဲ့လိမ့်မယ်လို့တော့ မထင်ထားဘူး.

"သူများကို အရှက်ခွဲတာက ရှောင်ရှောင့်အမှားဆိုရင်တောင် ကုနင်းမရိုက်သင့်ဘူး." ကုချင်းရှန် သူ့ရဲ့စိတ်ရှည်မှုတွေပျောက်ဆုံးလုနီးနီးဖြစ်နေကာ,

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now