အခန်း ၁၆၅

2.4K 234 2
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၆၅ ချစ်ရင်တောင် ရှင်နဲ့မဆိုင်ဘူး
ဘာသာပြန်သူ - Charm.Y

ခနနေတော့ ဟောင်ရန်တို့အဖွဲ့ ဖြည့်စွက်စာအိတ်၂အိတ်၃အိတ်သယ်ပြီးရောက်လာတာကြောင့် ယွီမီရှီနှင့် သူမအဖေတို့ ထိတ်လန့်သွားကြသည်.

ကုမန့်နေ့မကောင်းတုန်းကလဲ ဒီလိုပုံစံမျိုးမြင်ဖူးထားတာကြောင့် ယွီမီရှီကတော့ အဆင်ပြေသွားပေမယ့် သူမအဖေမှာတော့ တစ်ခါတည်းနဲ့ ဒီလောက်လက်ဆောင်အများကြီးကို တစ်ခါမှ မြင်ဖူးပါဘူး.

မီရှီရဲ့သူငယ်ချင်းအားလုံးက ဘာလို့ ချမ်းသာတဲ့မိသားစုတွေကကြီးဖြစ်နေတာလဲ? ယွီမီရှီအဖေ နည်းနည်းစိုးရိမ်သွားသည်. သူ့သမီးက သူငယ်ချင်းတွေအပေါ်အကျိုးလိုလို့ပေါင်းသင်းနေတာမျိုးဖြစ်မှာ ကြောက်သွားသည်.

ဒါပေမယ့် သူ့စိုးရိမ်မှုကို မထုတ်ဖော်ပြဘဲ သူတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်စကားပြောလိုက်သည်.

မိနစ်၂၀ကြာပြီးနောက် ခွဲစိတ်မှုပြီးသွားတာကြောင့် ခွဲခန်းမီးပိတ်သွား၍ သူတိ့အားလုံး ချက်ချင်းထိုနေရာကို သွားလိုက်သည်.

တံခါးဖွင့်လာကာ ဆရာဝန်တစ်ယောက်ထွက်လာပြီး,
"ဒေါက်တာ, ကျွန်တော့်အမျိုးသမီး ဘယ်လိုနေလဲ?"

"ဒေါက်တာ ကျွန်မအမေဘယ်လိုနေလဲ?"

ယွီမီရှီနှင့် သူ့အဖေတို့ စိုးရိမ်ပူပန်စွာမေးလိုက်သည်.

"ခွဲစိတ်မှုအောင်မြင်ပါတယ်. မေ့ဆေးပြယ်တာနဲ့ နိုးလာပါလိမ့်မယ်." ဆရာဝန်က ပြန်ဖြေလိုက်သည်.

ဒီတော့မှ အားလုံးလဲ စိတ်သက်သာရာရသွားတော့သည်.

ပြီးတော့ လူနာကုတင်ကိုတွန်းပြီး လူနာခန်းကို ပြန်သွားလိုက်ကြသည်.

ဗီအိုင်ပီအခန်းကိုရောက်တော့ ကုနင်းက ဟောင်ရန်တို့ကို ယွီမီရှီနဲ့ သူမမိဘတွေစားရန်သွားဝယ်ခိုင်းတော့ ယွီမီရှီ့အဖေက ချက်ချင်းတားလိုက်သည်. သူတို့ကို ထပ်ပြီး အလုပ်မရှုပ်စေချင်ပါဘူး. အဲ့အစား သူတို့ကိုသာ ညစာဖိတ်ကျွေးရန် ယွီမီရှိကို ပြောလိုက်ပေမယ့် ကုနင်းကို ပြန်ငြင်းခဲ့ပါသည်.

အခုချိန်က ယွီမီရှီ့အမေကို အထူးဂရုစိုက်ပေမးဖို့လိုအပ်နေချိန်ဖြစ်တာကြောင့် ယွီမီရှီအဖေကို စောင့်ရှောက်ပေးနေဖို့ပဲ တိုက်တွန်းလိုက်သည်. အဆုံးမှာတော့ ယွီမီရှီ့အဖေလဲ ကုနင်းပြောတာကို လက်ခံလိုက်ရတော့သည်.

ဟောာင်ရန်နှင့် ချင်ကျီရွှမ်းတို့ကတော့ သေချာပေါက် ကုနင်းပြောတဲ့အတိုင်းလုပ်ပေးတာပေါ့.

ထိုအချိန်မှာ, ကုနင်းက ယွီမီရှီ့အမေ ကုတင်နားကို သွားလိုက်ကာ သူမရဲ့ကျောက်စိမ်းမျက်ဝန်းနှင့် ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်သည်.

ကုနင်းက စွမ်းအင်တွေအများကြီးစုပ်ယူထားပြီး လူတွေကို အတိုင်းအတာတစ်ခုအထိ ကုသပေးနေနိုင်ပြီမယ့် ဒီလို ဒဏ်ရာအများကြီးကို ကုဖို့အထိတော့ သူမစွမ်းအားက မလုံလောက်သေးပါဘူး.

ယွီမီရှီ့အဖေရဲ့ ခေါင်းထဲက အကြိတ်ကို ဖယ်ပြီးသွားတာကြောင့် ခွဲထားသည့်ဒဏ်ရာလေးပဲကျန်ခဲ့ပါသည်. ကုနင်း သူများတွေမမြင်နိုင်သည့် အဖြူရောင်မြူလင်းတန်းလေးကို ထုတ်ကာ တခြားသူတွေသတိမထားမိသွားအောင် ဒဏ်ရာ၏အတွင်းဘက်ကို ကုသပေးလိုက်သည်. အပြင်ကတော့ အရင်အတိုင်းမထူးခြားသွားဘဲ အတွင်းမှာတော့ ဘာဒဏ်ရာသက်ရောက်မှုမှမရှိတော့ပါဘူး.

ဒါက စွမ်းအားအများကြီးမကုန်သွားတာကြောင့် ဆက်ပြီး ယွီမီရှီ့အမေခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကာ သူမဘာများထပ်လုပ်ပေးလို့ရနိုင်ဦးမလဲ ကြည့်လိုက်သည်. သူမသူငယ်ချင်းအတွက် ဒီ့ထက်မက လုပ်ပေးချင်ပါသည်.

ကုနင်း ထိုသို့ ထပ်စစ်လိုက်တာ ပိုကောင်းသွားပါတယ်. ဘာလို့ဆို ယွီမီရှီ့အမေက နှစ်ပေါင်းများစွာ ထိခိုက်ပြီး နေမကောင်းဖြစ်ခဲ့တာတွေရှိ၍ သူမအစာအိမ်က အနည်းငယ်ပစ္စည်းစပြုနေပါသည်.

ကုနင်းချက်ချင်း ထိုပျက်စီးနေသည့် အစာအိမ်သို့ စွမ်းအားတွေထည့်သွင်းလိုက်သည်. ဒီတစ်ခါတော့ သူမစွမ်းအားအများကြီးသုံးလိုက်ရ၍ အနည်းငယ်ပင်ပန်းသွားရသည်. တော်သေးလို့ သူမစွမ်းအားရဲ့ တစ်ဝက်လောက်က ကျန်နေပါသေးသည်.

ကုနင်းလုပ်သွားတာက အရမ်းမြန်တာကြောင့် ဘယ်သူမှ သတိမထားမိလိုက်ကြပါဘူး.

ကုနင်းအစက ဒီည ယွမ်တိုင်တောင်ပေါ်မှာ ရတနာရှာဖို့ စီစဉ်ထားပေမယ့် နောက်ကျနေပြီဖြစ်တာကြောင့် လက်လျှော့လိုက်ရတော့သည်.

ကုနင်းနဲ့ကောင်လေးတွေပြန်သွားကြတော့ ယွီမီရှီက သူမနှင့်ကုနင်း ဆွေးနွေးခဲ့သည့် ကိစ္စကို သူမအဖေအားပြောပြလိုက်သည်. သူမအဖေကို သူမအမေရဲ့ ကျန်းမာရေးရော ငွေကိစ္စပါ စိုးရိမ်နေတာမျိုး မဖြစ်စေချင်ပါဘူး.

ထိုသတင်းကို ကြားတော့ ယွီမီရှီ့အဖေမှာ ကြောင်အသွားရသည်. သူထိတ်လန့်အံ့ဩမိတာက ကုနင်း ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွားရေးတစ်ခု စတင်နိုင်လို့ပါ.

ကုနင်းက အဲ့လိုပြောခဲ့ပေမယ့် သူကတော့ သူမအတွက် တစ်ခုခုပြန်လုပ်ပေးဖို့ လိုနေတုန်းလို့ ခံစားရပါသေးသည်. ဒါပေမယ့် ငွေပြန်ပေးဖို့ကြ သူတို့မိသားစုက အလွန်ဆင်းရဲတာကြောင့် ယွီမီရှီကိုသာ စာကြိုးစားလေ့လာပြီး အနာဂါတ်မှာ ကုနင်းကို ကူညီပေးဖို့ သတိပေးလိုက်သည်. ကုနင်းက သူမအမေရဲ့ အသက်ကို ကယ်တင်ပေးထားတာပဲလေ.

ကုနင်းသာ အချိန်မှီမကူညီပေးခဲ့ရင် သူမအမေမှာ သေဖို့ကိုသာစောင့်ဖို့ပဲရှိပါတော့သည်.

နောက်တစ်နေ့,
ကုနင်း ဇုံGကနေထွက်ထွက်ချင်း လင်ရှောင်းထင်ကို အနက်ရောင်ဝတ်စုံနှင့် သူမကို စောင့်နေသည်အားတွေ့လိုက်သည်.

လင်ရှောင်းထင် ရုတ်တရက်ပေါ်လာတာကို ကုနင်းအံ့ဩမိပေမယ့် ဝမ်းလဲဝမ်းသာပါသည်.

သူက ဘာလို့ဒီရောက်နေတာလဲ? ဘာလာလုပ်တာလဲ? ငါ့ကို လာရှာတာလား? ဘာလို့ငါ့ဆီလာတာလဲ? ကုနင်းစိတ်ထဲ မေးခွန်းတွေတသီကြီးရောက်လာပြီးတော့မှ သူမအခုထိ သူ့ကို စိတ်ဆိုးနေသေးမှန်း ပြန်သတိရသွားသည်.

ဒါကြောင့် လင်ရှောင်းထင်ကို လျစ်လျူရှုကာ ဆက်လျှောက်သွားလိုက်သည်.

လင်ရှောင်းထင် ဝမ်းနည်းမှုတစ်ဝက် စိတ်လှုပ်ရှားမှုတစ်ဝက်ဖြင့် ကုနင်းကို လှမ်းတားလိုက်သည်,
"နေပါဦး."

ကုနင်းဆက်လျှောက်သွားချင်ပေမယ့် အဆုံးမှာတော့ ရပ်ပေးလိုက်ကာ,
"ဘာလဲ?"

"မင်းချစ်ဖို့အတွက် အရမ်းငယ်သေးတယ်လို့ ငါထင်တုန်းပဲ. မင်းစာကိုပဲ ပိုလေ့လာသင့်တယ်." လင်ရှောင်း စိုးရိမ်စွာနဲ့ပြောလိုက်သည်.

ဘာ? ကုနင်းဒေါသထွက်သွားသည်. သူဒီကိုလာတာ ငါကငယ်သေးလို့ အချစ်မရှာဖို့ပြောချင်လို့လား? သူဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ?

ကုနင်းလှည့်ကာ သူ့ကို အော်လိုက်သည်,
"ကျွန်မချစ်ချစ် မချစ်ချစ် ရှင့်ကိစ္စမဟုတ်ဘူး! ရှင့်ကို ရှင်ဘယ်သူလို့ထင်နေလဲ? အသိစိတ်လေးကပ်ဦး! ကျွန်မကြားတာတော့ ရှင်မှာ တခါမှ ကောင်မလေးမရှိဖူးဘူးဆို. ရှင်က ခြောက်နေတာလား?"

ပြီးသွားတာနဲ့ ကုနင်းချက်ချင်းလှည့်ထွက်သွားလိုက်သည်.

လင်ရှောင်းထင်မှာတော့ ဆွံ့အမှင်တက်နေစဲပါပဲ. ကုနင်းဘာလို့ ဒီလောက်စိတ်ဆိုးနေလဲဆိုတာ သူနားမလည်နိုင်ဘူး. သူမကောင်းဖို့အတွက်ပြောခဲ့တာလေ! သူတခါမှ ကောင်မလေးရည်းစားမထားခဲ့ဘူးဆိုတာက ဘယ်မိန်းမမှ သူ့နှလုံးသားကို လှုပ်ရှားအောင်မလုပ်နိုင်လို့လေ. ခြောက်နေလို့မဟုတ်ရပါဘူး!

ကုနင်းအထင်လွဲနေတာကိုသိရ၍ လင်ရှောင်းထင် သူမနောက်ကို ချက်ချင်းလိုက်သွားကာ,
"ငါမခြောက်ဘူး."

"ဂရုမစိုက်ဘူး." ကုနင်းဒေါသနှင့်ပြန်ပြောလိုက်သည်.

"ငါတကယ်အခြောက်မဟုတ်ဘူး." လင်ရှောင်းထင် ဆက်ပြီးရှင်းပြနေသည်.

"ကျွန်မပြောပြီးပြီလေ. ဂရုမစိုက်ဘူး....." ကုနင်း သူမနောက်မှာ လင်ရှောင်းထင်ပါလာမယ်လို့မထင်တာကြောင့် ချင်းချင်းရပ်လိုက်တော့ သူမကျောနဲ့ တိုက်မိသွားကာ အရှိန်မထိန်းနိုင်ပဲ လဲကျသွားတော့သည်.
"အား!!!"

ကံကောင်းစွာပဲ, လင်ရှောင်းထင်က အလွန်သွက်လက်တာကြောင့် သူမခါးကနေ လှမ်းဆွဲမိသွားတာကြောင့် ကုနင်းတစ်ဖန် သူမရဲ့ ကျောပြင်နှင့် လင်ရှောင်းထင်က ရင်ဘက်ထပ်တိုက်မိသွားပြန်သည်. ပြီးတော့ လင်ရှောင်းထင်၏ အထိမခံနိုင်သည့်နေရာကိုလဲ သူမထိမိသွားတာကြောင့် နှစ်ယောက်လုံး မျက်နှာအမူအရာတွေပြောင်းကုန်ကြတော့သည်.

အရင်ဘဝတုန်း ကုနင်း ချီကျီယွဲ့ နှင့် ၄နှစ်တွဲခဲ့တာတောင် သူတို့တစ်ခါမှ အတူမအိပ်ခဲ့ဖူးတာကြောင့် ကုနင်းက အခုထိ အပျိုစင်တစ်ယောက်ဖြစ်နေတုန်းပါ.

သေချာပေါက် လင်ရှောင်းထင်သည်လဲ လူပျိုလေးတစ်ယောက်ပေါ့.

...............Part 165 Book 11 End.....................
စာစဉ် ၁၁ပြီး၏။


ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now