အခန်း ၉၇

2.6K 284 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၉၇ မင်းရဲ့အလုပ်သမားကို ဘယ်တော့မှသံသယမဝင်နဲ့

ကုနင်းကို ဘော့စ်အဖြစ်သတ်မှတ်ပြီးကတည်းက ချူးဖေ့ဟန်, ဟောင်ရန်တဲ့ကျန်တဲ့လူတွေ အတန်းထပ်မပျက်ကြတော့ပါဘူး. သူ့တို့ရဲ့ အတန်းပိုင်ဆရာ/မတွေရော အတန်းဖော်တွေပါ အထူးအဆန်းဖြစ်နေကြပေမယ့် ဆရာတွေကတော့ ထိုပုံစံကိုမြင်ရတာ ဝမ်းသာနေကြပါတယ်.

အတန်းပိုင်ဆရာတွေအမြင်ချင်ဆုံးတော့ အတန်းထဲမှာ အမြဲပျက်နေတဲ့ ကျောင်းသားတွေကိုပြန်မြင်ရဖို့ပါပဲ.

မနက်ခင်းအတန်းတွေပြီးသွားတော့ ကုနင်း ကန်တင်းကိုသွားနေရင်း အန်းကွမ်းယောင်ဆီမှ ဖုန်းဝင်လာခဲ့ပြီး စာချုပ်အတွက်သဘောတူညီမှုအချို့ပြောချင်နေတယ်.

ကုနင်းကတော့ အန်းကွမ်းယောင် သူမကို ဆက်သွယ်လာတာနဲ့ပတ်သတ်ပြီး မအံ့ဩနေပါဘူး. ဒီနေ့လည် ဒါမှမဟုတ် မွန်းလွဲပိုင်းတစ်ချိန်ချိန် ဆက်သွယ်လာမယ်လို့ သူမခန့်မှန်းမိထားပြီးသား.

ကုနင်း အချိန်မရှိတာတောင်မှ ရအောင်လုပ်ပြီး သဘောတူညီမှုကိစ္စတွေကို အမြန်ဆုံးလုပ်ချင်နေပါပြီ.

ပြီးတာနဲ့ သူမသူငယ်ချင်းတွေကို အပြင်သွားဦးမယ့်အကြောင်းပြောကာ ထွက်လာလိုက်တယ်.

သူတို့လဲ အရမ်းသိချင်နေကြပေမယ့် ကုနင်းက ပြောဖို့ဆန္ဒမရှိသ၍ သူတို့ဘက်လဲ အတင်းအကြပ်မမေးပါဘူး.

လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိကြတာပဲ.

ကုနင်းလာရအဆင်ပြေအောင်လို့ ကျောင်းကနေ ဆယ်မိနစ်ကျော်လောက်သာ လမ်းလျှောက်လာရတဲ့ စားသောက်ဆိုင်တစ်ခုမှာ အန်းကွမ်းယောင်တွေ့ဖို့စီစဉ်လိုက်တယ်.

အန်းကွမ်းယောင် ရောက်နှင့်နေပါပြီ.

အခုကိစ္စက အရမ်းအရေးကြီးတာကြောင့် အန်းကွမ်းယောင် သီးသန့်ခန်းတစ်ခန်းကို ငှားထားခဲ့တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now