part 65

2.1K 282 3
                                    

Unicode

အခန်း - ၆၅

“ကျွန်တော်မျိုး ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချမိပါတယ်၊ အပြစ်ကျူးလွန်မိတဲ့အတွက် မင်းသားက ခွင့်လွှတ်ပေးတော်မူပါ”
ကျန်းရန်သည် ချက်ချင်းဒူးတစ်ဖက်ထောက်၍ ပြောသည်။ 
“ကဲပါ မင်းသွားတော့”
ရှန်းချင်းဟန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ 
“ဟုတ်ကဲ့”
ထိုစကားအားကြားသောအခါ ကျန်းရန်သည် အခန်းတွင်းမှ ထွက်သွားသည်။ 
ကျန်းရန် ထွက်သွားပြီးနောက်တွင် သူသည် ခေါင်းမော့၍ ဖယောင်းတိုင်မီးအား ကြည့်နေသည်။    လက်ဖျံပေါ်တွင် အပူလောင်၍ ဒဏ်ရာရသွားပြီး နာကျင်နေသောလက်သည် စုတ်တံကိုင်သည့် လက်ဖြစ်သည်။  
“ဒါပေမယ့် မင်းက ယောက်ျားတစ်ယောက်လေ၊ အိမ်ရှေ့စံမိဖုရား ဘယ်လိုဖြစ်နိုင်မှာလဲ”
တိုးညှင်းသော သက်ပြင်းချသံသည် သူ၏နားထဲတွင် ကြားယောင်လာသည်။   ရှန်းချင်းဟန်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ 
“ငါမင်းကို ဘယ်လိုကာကွယ်ရမလဲ”
ထိုအချိန်တွင် ခပ်သုတ်သုတ် တံခါးခေါက်သံတစ်ခုသည် ရှန်းချင်းဟန်အား အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။ 
ရှန်းချင်းဟန်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ 
“ဘယ်သူလဲ”
သို့သော်လည်း သူ၏စကားမဆုံးခင်မှာပင် တံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး အပြာရောင်ဝတ်စုံနှင့်လူတစ်ဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာသည်။ 
လင်းကျဲ့သည် ရှန်းချင်းဟန်အား မြင်သောအခါ ပြုံးပြလိုက်သည်။   ထို့နောက် သူသည် တစ်စုံတစ်ခုအား တွေးတောမိပြီး အထိတ်တလန့်ဖြစ်ကာ ချက်ချင်းပြောလိုက်သည်။ 
“ကျွန်တော်တံခါးခေါက်တယ်နော်”
"…"
“…”
ရှန်းချင်းဟန်သည် မည်သည့်အမူအရာမှ မပြဘဲ
“မင်း တစ်ခုခုလိုချင်လို့လား”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ရှေ့သို့လျှောက်လာပြီး သူ၏ရင်ဘက်ထဲမှ လိမ်းဆေးသေတ္တာငယ်လေးအား ထုတ်ယူ၍ ရယ်မောလိုက်သည်။ 
“ခင်ဗျားက လက်ကအနာကို အရေးကြီးတယ်လို့ မထင်ဘူးဆိုတာ ကျွန်တော်ယုံတယ်၊ အဲ့ဒါကြောင့် ခင်ဗျား ဆေးလည်း လိမ်းမှာမဟုတ်ဘူး၊ ကျွန်တော်ခင်ဗျားကိုကူပြီး ဆေးလိမ်းပေးပါ့မယ်”
“မလိုဘူး”
ရှန်းချင်းဟန်သည် အကြည့်အား ပြန်ရုတ်သိမ်း၍ စာဖတ်ရန် ခေါင်းငုံလိုက်သည်။ 
“ကျွန်တော် ဒီမှာ အကုန်ယူလာတယ်၊ ဒါကြောင့် ခင်ဗျား ဘာလို့မလိမ်းမှာလဲ”
လင်းကျဲ့သည် ရှန်းချင်းဟန် သဘောတူသည် မတူသည်ကို မေးမြန်းခြင်းမရှိဘဲ ရှန်းချင်းဟန်၏လက်အား ဆွဲယူ ၍ အင်္ကျီလက်အား ခေါက်တင်လိုက်သည်။ 
“မလိုဘူးလို့ ငါပြောနေတယ်”
ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ်၍ လက်ကို ဆွဲယူလိုက်သော်လည်း လင်းကျဲ့သည် သူ့အား ကိုက်လိုက်သော ကြောင့် ရှန်းချင်းဟန်သည် မသိစိတ်ဖြင့် ရပ်တန့်သွားသည်။ 
“ခင်ဗျားထပ်လှုပ်နေရင် ကျွန်တော်ထပ်ကိုက်မှာနော်၊ တကယ်ကိုက်မှာ”
လင်းကျဲ့သည် နှာခေါင်းအား ရှုံ့၍ ပြင်းထန်စွာ သတိပေးလိုက်သည်။ 
ရှန်းချင်းဟန်သည် ခုခံခြင်းအား လက်လျှော့လိုက်ပြီး သူ့နဖူးကိုသာ ရိုက်လိုက်သည်။ 
လင်းကျဲ့သည် ဆေးသေတ္တာအား ပျော်ရွှင်စွာဖြင့်ဖွင့်လိုက်ပြီး ရှန်းချင်းဟန်၏လက်အား ဆွဲယူကာ သူ၏ လက်ချောင်းထိပ်ကို အသုံးပြု၍ လိမ်းဆေးအချို့ကိုယူလျက် ရှန်းချင်းဟန်၏ဒဏ်ရာပေါ်သို့ သုတ်လိမ်းလိုက် သည်။   သို့သော် လင်းကျဲ့သည် သူ၏ပြင်းအားကို မည်သို့ထိန်းရမည်ကို မသိသောကြောင့် ပို၍နာကျင်စေသည်။ 
ရှန်းချင်းဟန်က သက်ပြင်းချလိုက်သည်။ 
“ခင်ဗျားက ဘာအတွက် သက်ပြင်းချနေတာလဲ”
လင်းကျဲ့သည် ခေါင်းမော့၍ ရှန်းချင်းဟန်အား ကြည့်လိုက်ရာ သူသည် တစ်စုံတစ်ရာအား တွေးမိပြီး ရယ်မော လိုက်သည်။ 
“ခင်ဗျားလှုပ်ရှားတာ များသွားလို့များလား”
လင်းကျဲ့သည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ 
“ဟားဟားဟား တကယ်တော့ ခင်ဗျားထိစရာမလိုပါဘူး၊ ကျွန်တော်လုပ်ပေးသင့်တာပဲ ဟားဟားဟား”
"…"
“…”
ရှန်းချင်းဟန်သည် အချိန်အတော်ကြာထိ ငြိမ်သက်နေသည်။ 
“ကျေးဇူးပဲ”
ရုတ်တရက် လင်းကျဲ့၏လှုပ်ရှားမှုများသည် နှေးကွေးညင်သာသွားပြီး နူးညံ့စွာ ပြောလိုက်သည်။ 
ထိုစကားလုံးသုံးလုံးသည် သူ့နားသို့ဖြတ်၍ဝင်ရောက်သွားသောအခါ ရှန်းချင်းဟန်သည် အံ့သြသွားသည်။   သူသည် လင်းကျဲ့အား ငုံ့ကြည့်လိုက်သည်။ 
လင်းကျဲ့သည် လိမ်းဆေးအား ဂရုတစိုက်ဖွင့်၍ အလွန်လေးနက်နေသော သူ၏မျက်လုံးများသည် ဖယောင်းတိုင် မီး၏ရောင်ပြန်ဟပ်မှုကြောင့် အနည်းငယ်တောက်ပနေသည်။ 
“စန်းရှီက ဒီလိမ်းဆေးအကြောင်းကို ကျွန်တော့ကို ပြောပြထားတယ်။   သူပြောတာက ဒီလိမ်းဆေးက အပူလောင်တာအတွက် ကောင်းတယ်တဲ့၊ ခင်ဗျားဒီဆေးကိုလိမ်းလိုက်ရင် အမာရွတ်တောင်ကျန်မှာမဟုတ်ဘူး”
လင်းကျဲ့သည် ရှန်းချင်းဟန်အား ဆက်၍ ဆေးလိမ်းပေးနေပြီး ရေရွတ်ပြောဆိုနေသည်။ 
အစမှအဆုံးတိုင် ရှန်းချင်းဟန်သည် မတ်မတ်ထိုင်နေပြီး စကားတစ်ခွန်းမှ မပြောပေ။   မသိလိုက်စွာပင် သူ၏နက်ရှိုင်းသော အကြည့်တစ်စုံသည် လင်းကျဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။ 
ရှန်းချင်းဟန်သည် လင်းကျဲ့အား မျက်ခုံးမှ မရပ်မနား တတွတ်တွတ်ရေရွတ်နေ​သော နှုတ်ခမ်းအထိ ကြည့်လိုက် သည်။   မည်သည့်ကြောင့် သာမန်ရိုးရိုးလူသားသည် သူ၏အာရုံထဲသို့ ဤမျှလောက်တိုးဝင်လာနိုင်သနည်း။ 
ရှန်းချင်းဟန်သည် အမှန်ပင် နားမလည်နိုင်ပေ။ 
ဤနေ့အထိ သူသည် လင်းကျဲ့အား ထိခိုက်ခြင်းမှ အဘယ့်ကြောင့်လျင်မြန်စွာ ကာကွယ်မိသည်ကို မသိသေးပေ။   သို့သော် သူသည် မတွေးတောနိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်မှာ ရွှေ့လျားပြီးဖြစ်သည်။ 
ထိုအကြောင်းအား တွေးမိသောအခါ ရှန်းချင်းဟန်သည် ရုတ်တရက် အေးခဲသွားသည်။ 
“ရှန်းချင်းဟန် ခင်ဗျားဘာစားချင်လဲ၊ မနက်ဖြန်ရောက်ရင်ကျွန်တော် ခင်ဗျားအတွက် ချက်ပေးမယ်လေ”
လင်းကျဲ့သည် ရှန်းချင်းဟန်အား ဆေးလိမ်းပေးပြီးနောက်တွင် ခေါင်းမော့ကြည့်လိုက်သောအခါ ရှန်းချင်းဟန်၏ နက်ရှိုင်း အေးစက်သော မျက်လုံးအစုံအား တွေ့မြင်ပြီး ထိတ်လန့်သွားသည်။ 
သူသည် ရှန်းချင်းဟန်အား လက်ထက်ရန်အတွက် မင်္ဂလာဝေါယာဉ်ပေါ်သို့ ဆွဲခေါ်ခံရသည့်နေ့ကဲ့သို့ပင် ယခုလက်ရှိရှန်းချင်းဟန်သည် ယခင်ကနှင့်မတူ ကွဲပြားနေသည်ကို လင်းကျဲ့ ခံစားလိုက်ရသည်။ 
“ကျွန်တော်အရင်ပြန်နှင့်မယ်”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ လက်အား လွှတ်လိုက်ကာ ခြောက်ကပ်စွာရယ်မောပြီးနောက် ဆေးဘူးကို စားပွဲပေါ်သို့ ထား၍ ပြောလိုက်သည်။ 
“ဆေးလိမ်းဖို့ မမေ့နဲ့နော်”
ချက်ချင်းပင် လင်းကျဲ့သည် လျင်မြန်စွာထွက်သွားသည်။ 
ရှန်းချင်းဟန်သည် စားပွဲပေါ်ရှိလိမ်းဆေးဘူးအား ကြည့်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းကာ မျက်လုံးများ အား ဖြည်းညှင်းစွာမှိတ်ပြီး သက်ပြင်းချလိုက်သည်။ 
တွေ့ဆုံပွဲအပြီးတွင် ရှန်းချင်းဟန်သည် တော်ဝင်စာကြည့်တိုက်သို့ သွားရောက်ခဲ့သည်။ 
ထိုအချိန်တွင် ရှန်းယန်ဝမ်သည် လက်ဖက်ရည်ကို သောက်လျက်ထိုင်နေသည်။ 
“သားတော် ခမည်းတော်အား နှုတ်ဆက်ဂါရဝပြုပါတယ်”
ရှန်းချင်းဟန်သည် ဖြည်းဖြည်းချင်းလျှောက်လာကာ အနည်းငယ်ဦးညွှတ်လိုက်သည်။ 
“ချင်းဟန် မင်း ဒဏ်ရာရထားတယ်လို့ အဖေကြားတယ်”
ရှန်းရန်ဝမ်သည် လက်ဖက်ရည်ခွက်အား ချပြီး ရှန်းချင်းဟန်အား အဓိပ္ပါယ်ပြည့်ဝသော အပြုံးဖြင့် ကြည့်လိုက်သည်။ 
“ခမည်းတော်ရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ အဲ့ဒါက ဒဏ်ရာသေးသေးလေးပါပဲ”
ရှန်းချင်းဟန်သည် အမူအရာပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။ 
သူသည် တော်ဝင်သမားတော် လာရောက်ကုသရန်မလိုလားပေ။   အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စအား ဧကရာဇ် မသိစေချင်သောကြောင့်ဖြစ်သည်။   သို့သော် နောက်ဆုံးတွင် သိရှိသွားပြီးဖြစ်သည်။ 
“ဟီးဟီး အဲ့ဒါက ဒဏ်ရာသေးသေးလေး တစ်ခုပဲဆိုပေမယ့် မင်းပိုပြီး ဂရုစိုက်ရမယ်နော်၊ အဲဒီဒဏ်ရာ ဘယ်လို ရလာလဲဆိုတာ ငါမသိသေးဘူး”
ရှန်းယန်ဝမ်သည် ပြုံးလျက်မေးလိုက်သည်။   သူ သိထားသည်မှာ သိသာထင်ရှားနေသော်လည်း ရှန်းရန်ဝမ်သည် သိပြီးသားအဖြေကို မေးရသည်မှာ နှစ်သက်နေသည်။ 
ရှန်းချင်းဟန်က ပြောသည်။ 
“လက်ဖက်ရည်ခွက်ကို မတော်တဆမှောက်စေခဲ့တဲ့သူက ကျွန်တော်ပါ”
“ပေါက်ကရတွေ”
“အဓိပ္ပါယ်မရှိတာ”
မျှော်လင့်ထားသည့်အတိုင်းပင် ရှန်းယန်ဝမ်၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားပြီး အော်လိုက်သည်။ 
“မင်း ခမည်းတော်ကို လိမ်လို့ရမယ်မထင်နဲ့၊ ဖခမည်းတော်က နန်းတော်ထဲမှာပဲနေပြီး ဘာမှမသိဘူးလို့ မတွေးလိုက်နဲ့နော်”
“ခမည်းတော်က အရာအားလုံးကို စုံစမ်းသိရှိထားပြီးသားဆိုရင် ကျွန်တော့်ကို ဘာလို့မေးနေတာလဲ”
ရှန်းချင်းဟန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ 
ထိုစကားအား ကြားလိုက်သောအခါ ရှန်းရန်ဝမ်သည် အံ့အားသင့်သွားပြီး ရှန်းချင်းဟန်အားစိုက်ကြည့်လိုက်သည်။ 
“ကောင်းပြီ၊ ချင်းဟန် မင်းက ခမည်းတော်ကို လှည့်စားဖို့ကြိုးစားနေတာလား”
“သားတော်မလုပ်ရဲပါဘူး”
ရှန်းချင်းဟန်က ပြောသည်။ 
“ချင်းဟန်”
ရှန်းယန်ဝမ်သည် ရုတ်တရက် ရှန်းချင်းဟန်အား ခေါ်လိုက်သည်။ 
“သားတော်ရှိပါတယ်”
ရှန်းချင်းဟန်သည် လေးစားမှုအပြည့်ဖြင့် ဖြေလိုက်သည်။ 
" “သားတော် လင်းကျဲ့ကို ကာကွယ်ဖို့ ဆန္ဒရှိနေပြီဆိုတော့ သားတော်ရဲ့ စိတ်က ပြောင်းလဲနေပြီလား”
ရှန်းရန်ဝမ်သည် ရှန်းချင်းဟန်အား ကြည့်၍ ဖြည်းညှင်းစွာပြောသည်။ 
“သားတော်....”
“သားတော် မသိဘူး”
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ရှန်းချင်းဟန်သည် ခေါင်းရမ်းပြသည်။ 
“ချင်းဟန် သားတော်က လင်းကျဲ့နဲ့အတူ ပျော်ရွှင်နိုင်တယ်ဆိုတာ ခမည်းတော်သိတယ်၊ လင်းကျဲ့က လိမ္မာတဲ့ ကလေးပါ၊ ကျေးဇူးပြုပြီး သူ့ကို ကောင်းကောင်းဆက်ဆံပေးပါ”
ရှန်းရန်ဝမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ 
“သားတော်နားလည်ပါတယ်”
“နောက်ရက်ကျရင် လင်းကျဲ့ကို တော်ဝင်ဂူဗိမာန်ကို ခေါ်ခဲ့လိုက်ပါဦး၊ သားတော်ရဲ့အမေနဲ့သူ့ကို တွေ့ပေးလိုက်ပါ”
ရှန်းရန်ဝမ်က လေးပင်စွာ ပြောလိုက်သည်။ 
ထိုအချိန်တွင် ရှန်းချင်းဟန်သည် ပြန်မဖြေပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားTempat cerita menjadi hidup. Temukan sekarang