part 91

1.5K 199 1
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၁

“လှည်းမူးတာလား”
ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ်သွားသည်။  နောက်ဆုံးတွင် သူ၏အကြည့်သည် ကျန်းရန်ပေါ်တွင် လဲကျနေသော ဖြူဖျော့နေသည့် လင်းကျဲ့ပေါ်သို့ ကျရောက်သွားသည်။
“ငါ့ကိုပေးလိုက်”
ရှန်းချင်းဟန်၏ မျက်လုံးများသည် အေးစက်နေသည်။
“ဒါပေမယ့်…..”
ကျန်းရန်သည် ရှန်းချင်းဟန်က လင်းကျဲ့အား မြေပေါ်သို့ပစ်မချနိုင်ဟု အာမမခံနိုင်ပေ။
“မင်းက အခန်းသွားငှားလိုက်”
ရှန်းချင်းဟန်သည် အကြည့်တစ်ချက်ဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ငှားထားလိုက်ပါ့မယ်”
ကျန်းရန်သည် တံတွေးမြိုချလိုက်သည်။  သူသည် လင်းကျဲ့အား ဂရုစိုက်စွာဖြင့် ချထားခဲ့လိုက်ပြီး ထွက်သွားသည်။  သူထွက်လာသောအခါ ထိတ်လန့်ခြင်းကို မထိန်းနိုင်ပေ။  ယခု သူ၏မင်းသားသည် သူ့အား စိုက်ကြည့်လိုက်သလား။
ကျန်းရန် ထွက်သွားပြီးနောက်တွင် လင်းကျဲ့၏ ခန္ဓာကိုယ်သည် လှည်းယာဉ်ပေါ်တွင် ထိုင်လျက်ရှိနေပြီး သူ့ တစ်ကိုယ်လုံးမှာ အားနည်းနေသည်။   သူသည်မျက်လုံးများကို ဖွင့်ထားသည့်အခါတွင် ကြယ်များကို မြင်တွေ့ရနိုင်သည်ဟု ခန့်မှန်းရသည်။
“မင်း မတ်တတ်ရပ်နိုင်သေးလား”
ရှန်းချင်းဟန်သည် လင်းကျဲ့၏ရှေ့တွင် မတ်တတ်ရပ်နေလျက်မှ အေးစက်စွာမေးသည်။
“အားမရှိတော့ဘူး…..”
လင်းကျဲ့သည် ပါးစပ်ကို တင်းတင်းစေ့၍ အလွန်စိတ်ဓါတ်ကျနေသည်။
“အခန်းထဲမှာ အနားယူကြစို့”
ရှန်းချင်းဟန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် လင်းကျဲ့ဆီသို့ ထွက်လာခဲ့သည်။
“ဒါပေမယ့် ကျွန်တော်အားမရှိတော့ဘူး၊ ဖြည်းဖြည်းဆင်းပါရစေ”
လင်းကျဲ့သည် မျက်လုံးများကို ဖွင့်၍ ပြောသည်။
“အပြင်မှာ အအေးမိလိမ့်မယ်”
ရှန်းချင်းဟန်သည် ကိုယ်ကို ကိုင်းညွှတ်၍ လင်းကျဲ့အား ပွေ့ချီလိုက်သည်။
သူသည် သတိရှိနေစဉ်တွင် ပထမဆုံး ပွေ့ချီခံရသောအခါ လင်းကျဲ့သည် ထိတ်လန့်သွားသည်။  သူသည် လက်များ ကို ဆန့်ထုတ်၍ ရှန်းချင်းဟန်၏လည်တိုင်တွင် ရစ်နှောင်လိုက်ပြီး သူ၏နှလုံးသည်လည်း ရုတ်တရက် ပြင်းထန် စွာ ခုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။  သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ပြောလိုက်သည်။ 
“ခင်ဗျား ဘာလုပ်တာလဲ”
“အရင်သွားပြီးမှ ပြောကြတာပေါ့”
ရှန်းချင်းဟန်သည် လင်းကျဲ့အားငုံကြည့်လိုက်ပြီးနောက် ညင်သာစွာ ထွက်သွားသည်။
“……”
လင်းကျဲ့သည် အနည်းငယ် စိတ်ဖိစီးသွားသည်။
“ငါ့နောက်ကို မလိုက်ဖို့ မင်းကို ပြောခဲ့တယ် ဒါပေမယ့် မင်းကလိုက်ခဲ့တယ်၊ အခု နောင်တရပြီလား”
ရှန်းချင်းဟန်သည် အေးစက်သောမျက်နှာနှင့် သွားနေသောလမ်းကို ကြည့်နေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
လင်းကျဲ့သည် သူ့ကိုယ်တိုင် လမ်းလျှောက်ရန်အတွက် အင်အားမရှိပေ။  သူသည် ရှန်းချင်းဟန်၏ ခန္ဓကိုယ်ပေါ်တွင် မှီထားပြီး နှုတ်ခမ်းကို မဲ့၍ မကျေမနပ်ပြောလိုက်သည်။
“တကယ်လို့ ထပ်ရွေးချယ်ရမယ်ဆိုရင်တောင် ကျွန်တော်က လိုက်ခဲ့မှာပဲ”
“ဘယ်လိုလုပ်ရမှန်း ငါမသိတော့ဘူး”
ရှန်းချင်းဟန်သည် ခြေလှမ်းများ ဆက်လှမ်းနေပြီး လင်းကျဲ့သည် ရှန်းချင်းဟန်၏ မျက်နှာပေါ်မှ အမူအရာကို မမြင်နိုင်ဘဲ ရှန်းချင်းဟန်၏ အေးစက်သောအသံကိုသာ ကြားနေရသည်။
“ကျွန်တော် ဘာမှမကြောက်ဘူး”
လင်းကျဲ့သည် မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ဖြေလိုက်သည်။
“အခုချိန်မှာ မင်းရဲ့ဘဝက ပိုပြီးအဖိုးတန်နေပြီ”
ရှန်းချင်းဟန်သည် အသက်ပြင်းပြင်းရှူလိုက်၍ ညင်သာစွာပြောလိုက်ပြီး ဆက်၍လျှောက်လှမ်းနေသည်။
လင်းကျဲ့သည် အံ့အားသင့်သွားသည်။  သူ၏မျက်နှာမှာ အနည်းငယ်ပူလာပြီး နှလုံးသည်လည်း လျင်မြန်စွာ ခုန်နေသည်။
ရှန်းချင်းဟန်သည် သူ၏လက်များထဲတွင် လင်းကျဲ့အားပွေ့လျက် တည်းခိုခန်းထဲသို့ ဝင်လာခဲ့သည်။  ကံကောင်း ထောက်မစွာပင် တည်းခိုခန်းသည် ဝေးလံသောအရပ်တွင် တည်ရှိသောကြောင့် လူအများကြီးမရှိပေ။  သို့မဟုတ်ပါက လင်းကျဲ့သည် ရှက်ရွံ့နေလိမ့်မည်ဖြစ်သည်။
သို့သော်အနည်းငယ်မျှ ရှိသောလူများသည် ထိုသို့မယူဆကြချေ။
အဖြူရောင်ဝတ်စုံနှင့် ရှန်းချင်းဟန်သည် မည်သည့်ခံစားချက်မှမရှိဘဲ လင်းကျဲ့အား ပွေ့၍ တည်းခိုခန်းထဲသို့ ဝင်လာသောအခါ လူများ၏အကြည့်များကို ချက်ချင်းဆွဲဆောင်လိုက်ပြီး အားလုံးသည် မအံ့သြဘဲ မနေနိုင်ပေ။
“ဘယ်လိုလဲ”
ရှန်းချင်းဟန်က ကျန်းရန်အားကြည့်လိုက်သည်။
“ဟုတ်ကဲ့၊ ငှားပြီးပါပြီ၊ အပေါ်ထပ်မှာပါ”
ကျန်းရန်သည် အပေါ်ထပ်သို့တက်သွားပြီး ရှန်းချင်းဟန်က နောက်မှ လိုက်လာသည်။
“ရှန်းချင်းဟန်…”
လင်းကျဲ့သည် ထိုလူများ၏ အကြည့်များကို သတိထားမိလိုက်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်စွန်းမှာ တုန်လှုပ်နေသည်။
“ဘာလဲ”
ရှန်းချင်းဟန်က ဖြေလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို အောက်ချပေးတာက ပိုကောင်းမယ်ထင်တယ်”
လင်းကျဲ့သည် သူ့အား အခြားလူတစ်ယောက်မှ ပွေ့ချီထားခြင်းသည် အလွန်ကြည့်ရဆိုးသည်ဟု တွေးမိသည်။
“မင်းထပ်ပြီး လဲသွားမယ်ဆိုရင် ငါမင်းကို ဂရုမစိုက်တော့ဘူး၊ မင်းကို တည်းခိုခန်းမှာပဲ သေသေရှင်ရှင် ထားခဲ့မှာ”
ရှန်းချင်းဟန်၏ အေးစက်သော လေသံသည် အလေးအနက် ပြောခြင်းပင်ဖြစ်သည်။
လင်းကျဲ့သည် ချက်ချင်းပင် တိုင်ပင်လိုက်သည်။  ရှန်းချင်းဟန်သည် သူ့စရိုက်ကို မသိပေ။  ထို့နောက် သူသည်  ရှန်းချင်းဟန်၏လည်ပင်းကိုဖက်၍ အဝတ်အစားများကို ဆွဲကိုင်ထားလိုက်သည်။ 
“ကျွန်တော်ပြောပြမယ်၊ ခင်ဗျားမလာဘူးဆိုရင်လည်း ခင်ဗျားလာမှာပဲ၊ ခင်ဗျားကျွန်တော့်ကို မထားခဲ့ချင်ပါဘူး၊ ခင်ဗျား ထားခဲ့ချင်တယ်ဆိုရင် တစ်ခွန်းပဲပြောလိုက် ကိစ္စမရှိဘူး”
“နှစ်ခွန်းပါ”
ရှန်းချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏ လည်တိုင်ကို ဖက်ထားသောကြောင့် သူသည် ရှန်းချင်းဟန် ပြုံးလိုက်သောအပြုံးကို မမြင်လိုက်ရပေ။
“…….”
လင်းကျဲ့သည် စိတ်ဖိစီးနေပြီး လေကို မှုတ်ထုတ်လိုက်သည်။
“ခင်ဗျားက ဘာလို့အမြဲတမ်း အသေးစိတ်ပြောနေတာလဲ၊ ခင်ဗျားမှားတယ်ဆိုရင် ထားလိုက်လို့မရဘူးလား”
“မင်းက အရမ်းစကားများတာပဲ”
ရှန်းချင်းဟန်က ပြောသည်။
“ကျွန်တော့်စကားသံက ဘာဖြစ်နေလို့လဲ၊ ပြီးတော့ စကားများတဲ့အကျင့်က တခြားလူတွေကို မယဉ်ကျေးရာ ရောက်တယ်လို့ ခင်ဗျားတွေးမထားဘူးမလား”
“ပါးစပ်ပိတ်ပြီး ခွန်အားကို ခြွေတာလိုက်စမ်းပါ”
ရှန်းချင်းဟန်သည် စကားနိုင်လုရန် ပျင်းနေလေသည်။  လင်းကျဲ့က သွားယားလာသောကြောင့် အံကြိတ်ထားသည်။  သူသည်သာ မူးဝေပြီး အားနည်းမနေပါက သူသည် ထိုအရာကို လုပ်လိုက်ပြီးဖြစ်သည်။  သို့သော် ယခုတွင်မူ သူသည် ခေါင်းငုံထားရလေသည်။
ရှန်းချင်းဟန်နှင့် လင်းကျဲ့တို့၏ ငြင်းခုံမှုကို နားထောင်နေပြီးနောက်တွင် ကျန်းရန်သည် ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။  သို့သော်လည်း သူသည် ရှန်းချင်းဟန်က အခြားသူနှင့် ဤမျှလောက် အငြင်းပွားနေသည်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ။
“ခင်ဗျား ကျွန်တော့်ကို ချီထားတာ မလိုချင်တော့ဘူး၊ ကျွန်တော့ကို မြန်မြန်ချပေး”
လင်းကျဲ့သည် ရှန်းချင်းဟန်အား သည်းမခံနိုင်တော့ပါ
“မင်းဘာသာမင်း လမ်းလျှောက်နိုင်လို့လား”
ရှန်းချင်းဟန်၏မျက်နှာသည် တင်းမာနေဆဲဖြစ်ပြီး သူသည် လင်းကျဲ့အား ကြည့်၍ မပျော်ရွှင်နိုင်တော့ပေ။
“ကိုယ့်ဘာသာသွားနိုင်တယ်၊ ပြီးတော့ ကျန်းရန်လည်းရှိတယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားကို မချီစေချင်တော့ဘူး”
နောက်ဆုံးတွင် ရှန်းချင်းဟန်သည် သူ့အား ပွေ့ထားသောအခါတွင် သူ၏နှလုံးသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီး သူ့အား သည်းမခံနိုင်အောင် ဖြစ်စေသည်။
“တိတ်စမ်း”
ရှန်းချင်းဟန်သည် မည်သည့်အမူအရာမှမပြဘဲ အေးစက်စွာပြောသည်။  သူသည် လင်းကျဲ့၏ အထွန့်တက်ခြင်းကို နားမထောင်နိုင်တော့ပေ။  သူသည် လင်းကျဲ့အား အခန်းဆီသို့ သယ်လာခဲ့သည်။
အခန်းတံခါးတွင် ကျန်းရန်သည် တံခါးကို ဖွင့်၍ စောင့်နေသည်။  ရှန်းချင်းဟန်သည် လင်းကျဲ့အား ပွေ့၍ အခန်း တွင်းသို့ ဝင်လာပြီး လှည့်ပတ်ကြည့်လိုက်သည်။  သူသည် လင်းကျဲ့အား အိပ်ရာပေါ်တွင် တင်ပေးလိုက်သည်။
သို့သော် ရှန်းချင်းဟန်သည် သူ၏အရှိန်ကို မရပ်တန့်နိုင်သောကြောင့် လင်းကျဲ့အား အိပ်ရာပေါ်တွင် ပစ်ချလိုက်မိ ပြီး သူ၏ကျောမှာ အနည်းငယ်နာကျင်သွားသည်။  ထို့နောက် သူ့၏ခန္ဓကိုယ်မှာ အားနည်းနေသောကြောင့် ပို၍ နာကျင်သွားသည်။
ယခုအချိန်တွင်မူ သူသည် အခန်းထဲတွင် မတ်တတ်ရပ်နေသည်။
“ရှန်းချင်းဟန် ခင်ဗျား လူသတ်နေတာလား”
လင်းကျဲ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။
“အနားယူလိုက်ဦး”
ရှန်းချင်းဟန်သည် အခန်းအပြင်သို့ထွက်လာပြီး တံခါးကိုပိတ်လိုက်သည်။
“သူ့ကို ဂရုစိုက်လိုက်”
ရှန်းချင်းဟန်သည် ကျန်းရန်ကို ကြည့်၍ အေးစက်စွာပြောလိုက်သည်။
“ကျွန်တော်မျိုး နားလည်ပါပြီ”
ကျန်းရန်သည် လျင်မြန်စွာပင် ဦးညွှတ်လိုက်ပြီး နဖူးပေါ်မှ အေးစက်သောချွေးများကို ထိန်းမထားနိုင်ပေ။  ယနေ့ သူ၏မင်းသားသည် ကြောက်စရာကောင်းသည်ဟု ဘာကြောင့်ခံစားနေရပါသနည်း။
ပိတ်ထားသောတံခါးကို ကြည့်လျက် လင်းကျဲ့၏ပါးပြင်များသည် ဒေါသကြောင့် မို့တက်နေသည်။  ထို့နောက် ကျောမှ နာကျင်မှုကြောင့် ကုတေင်ပေါ်သို့ လှဲချလိုက်သည်။  သူသည် လက်ဖြင့်ကျောပြင်အား ပွတ်သပ်လျက် ရေရွတ်လိုက်သည်။
“ရှန်းချင်းဟန် မျက်နှာသေက တကယ်အကူအညီမရတာပဲ၊ ငါက လူနာတပိုင်းဖြစ်နေတာကို”
လင်းကျဲ့သည် နှုတ်ခမ်းကို ရွဲ၍ အိပ်ရာပေါ်တွင်လှဲနေသည်။  သို့သော်သူ၏အသံမှ တိုးတိုးသွားသည်။
“သူ ညင်သာလာပြီလို့ ငါထင်နေတာ၊ ဒီမျက်နှာသေနဲ့မင်းသားကတော့”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now