Part-1

36.7K 1.7K 52
                                    

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အပိုင်း-၁

မြို့တော်သည် အကြောင်းပြချက်မရှိ စည်ကားမြဲပင် ဖြစ်သော်လည်း သည်နေ့မှာ တစ်စုံတစ်ယောက်၏ မင်္ဂလာပွဲကြောင့် ပို၍စည်ကားနေသည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသား သူလက်ထက်မည့်သူမှာ မြင့်မြတ်သော အမျိုးအနွယ်ထဲမှ အမျိုးသမီးများ မဟုတ်ပါ။

ကြီးမြတ်သော ချင်ဘုရင့်နိုင်ငံတွင်း၌ရှိသော အမျိုးသမီး (မိန်းမပျို)များသည် သူတို့၏ လက်တွဲဖော်အဖြစ် အမြဲ စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ရသည့် အိမ်ရှေ့မင်းသားမှာ နောက်ဆုံးတွင် အမျိုးသားတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်(လက်ထက်) လိုက်သည်ကို ကြားရသောအခါ လူးလိမ့်ငိုကြွေး ကြလေသည်။

ဤမဖြစ်နိုင်သည့် အဖြစ်အပျက်ကြီး ပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ အိမ်ရှေ့စံ၏ ဖခမည်းတော် ဘုရင်ကြီး ရှန်းရန်ဝမ်၏ ငယ်စဉ်ကပြုခဲ့သော ကတိတစ်ခုကြောင့် ဖြစ်လေသည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့် ရှန်းရန်ဝမ် ထီးနန်းမရရှိခင် အချိန်တွင် သူသည် ငယ်ရွယ်ပြီး အားမာန်အပြည့် ဖြစ်ခဲ့သည်။ သူသည် လမ်းပေါ်တွင် မြင့်မြတ်သော အမျိုးအနွယ် အမျိုးသမီးများအား လှောင်ပြောင် နှောင့်ယှက်နေသော တစ်စုံတစ်ဉီးအား မြင်ခဲ့သောအခါ ဖြောင့်မတ် တည်ကြည်သည့် နှလုံးသားရှိသော သူသည် မျက်နှာမလွှဲနိုင်ဘဲ ကူညီရန် ဆုံးဖြတ်ခဲ့သည်။ အဆုံးသတ်မှာတော့ သူသည် လုံလောက်သော ကြံ့ခိုင်မှုမရှိသောကြောင့် လူရမ်းကားများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ရှန်းရန်ဝမ်အား ကယ်တင်ခဲ့သည့် ကျေးဇူးရှင်မှာ လင်းကျဲ၏ဖခင် လင်းရှန်းဝူဖြစ်သည်။ နောက်ပိုင်းတွင် ရှန်းရန်ဝမ် ထီးနန်းရရန် ကြိုးပမ်းမှုအတွက် လင်းရှန်းဝူနှင့် ခွဲခွာခဲ့သည်။ သူတို့သည် မခွဲခွာခင် ကတိတစ်ခု ပြုထားခဲ့ကြသည်။ နောင်တစ်ချိန်တွင် သူတို့နှစ်ဦး မွေးလာသော ကလေးများအား လက်ထပ်ပေးရန် ဟူသည့် ကတိဖြစ်သည်။ သူတို့အသီးသီး လက်ထပ်ကြပြီးနောက် မိသားစုများ ရရှိလာကြသော်လည်း သူတို့နှစ်ယောက်လုံးမှ မွေးလာသော က​လေးများမှာ သားယောက်ျား ကလေးများသာ ဖြစ်မည်ဟု  တွေးမထားမိခဲ့ကြပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now