Part2

12.6K 1.3K 33
                                    

unicode

Chapter 2

“အရှင်၏ဖခင်မှာ လင်းရှန်းဝူပါလား”

တော်ဝင်အမိန့်တော်ကို ယူဆောင်လာသည့် မိန်းမစိုးက သတိထားပြီး မေးမြန်းလိုက်သည်။

“ဧကရီ”ဟူသော စကားအား ခက်ခက်ခဲခဲ လျစ်လျူရှုပြီးသည့်နောက် လင်းကျဲ့ ခေါင်းညိတ်ကာ “ဟုတ်ကဲ့”

“အမှန်ပါပဲ၊ ဤအစေခံက အိမ်ရှေ့စံမိဖုရားအား ဂါရဝပြုပါတယ်”

ကောင်းရော။ မြေပေါ် ဒူးထောက်သောသူ နောက်တစ်ယောက် တိုးလာပြီ။

လင်းကျဲ့ စိတ်ရှုပ်ထွေးသွားသည်။

သူသည် ချမ်းသာသော လူတစ်ယောက်အား လက်ထပ်ပြီး ချမ်းသာလာဖို့ မတွေးခဲ့သည်မှာ အမှန်ဖြစ်သည်။ ဒါပေမယ့် လက်ရှိအိမ်ရှေ့စံ မင်းသားကို လက်ထပ်ဖို့လည်း မည်သည့်အခါမှ မစဉ်းစားခဲ့ဖူးပေ။

သူ၏အိမ်မက်မှာ ပုံမှန်ထက် အများကြီး သာလွန်နေဟန် တူသည်။

လင်းကျဲ့သည် လန့်ဖြတ်သွားပြီး အိမ်အတွင်းသို့ ဝင်ရောက် လိုက်သောအခါ  တစ်စုံတစ်ယောက် ယူဆောင်လာသော ရွှေ၊ငွေ၊ ရတနာပစ္စည်းများသည် သူ့ကိုယ်ပိုင်အိမ်လေး၏ လေးဘက်လေးတန်တွင် ပြည့်နှက်နေသည်ကို တွေ့ရှိရပါသည်။

“အာ မဟုတ်ဘူး၊ ခဏ ငါ့မှာမရှိ”

လင်းကျဲ့သည် စကားပြောချင်ရုံသာ ရှိသေး အစေခံအချို့က သူ၏ပခုံးအား ဖိနှိမ့်ကာ ထိုင်ခုံပေါ်တွင် ထိုင်စေသည်။

“ကျေးဇူးပြုပြီး သက်သောင့်သက်သာ နေတော်မူပါ၊ ကျွန်တော်မျိုးတို့က မိဖုရားဝတ်စုံကို ဆင်မြန်းပေးခွင့်ပြုပါ၊ အရှင့်ကို လှသထက်လှအောင် ပြင်ဆင် ပေးပါလိမ့်မယ်”

လင်းကျဲ့ နှုတ်ခမ်းတွန့် လိုက်မိသည်။ သူသည် တော်ဝင်ဇာမဏီ ဝတ်စုံအား ဝတ်ဆင်ရမည်လား။

သူ့စိတ်သည် ဘလာဖြစ်နေသော်လည်း အတွေးများအား စုစည်းလိုက်ပြီး သောအခါ အနီရောင် ခေါင်းဆောင်းအား သူ၏ခေါင်းပေါ်တွင် ဖုံးအုပ်ထားပြီး မြင်ကွင်းတစ်ခုလုံး အနီရောင်ဖြင့် လွှမ်းမိုးနေလေသည်။ လင်းကျဲ့သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားလိုက်မိပြီး အနီရောင် ခေါင်းဆောင်းအား ချွတ်ကာ မတ်တပ် ရပ်လိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now