Part 142

1K 159 5
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 142

နန်ရှန်းတောင်

ရှန်ဟိုင်းအပြင်ဘက်တွင် ရဲမက်များသည် အပြင်ရော၊ အတွင်းပါ ဝိုင်းထားသည်။

“မင်းသား ဓါးပြတွေက အလောတကြီးအနေအထားနဲ့ ခုခံနေဆဲဖြစ်ပါတယ်၊ သူတို့က ခံတပ်ထဲမှာနေပြီး ထွက်လာဖို့ ငြင်းဆန်နေကြပါတယ်၊ ကြည့်ရတာသူတို့က ကျွန်တော်တို့ကို အချိန်ဆွဲထားဖို့ ဖြစ်ပါလိမ့်မယ်”

ယုချန်သည် မြင့်မားသောမြင်းကြီးပေါ်မှ ရှန်းကူရန်ဆီသို့အမြန်လျှောက်လာခဲ့သည်။

ရှန်းကူရန်၏မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားပြီး အလွန်အန္တရာယ်ရှိသည့်ပုံပေါ်လာသည်။ နောက်ဆုံးတွင် သူကခေါင်းမော့ပြီး ခံတပ်ကိုကြည့်လိုက်ပြီးပြုံးသည်။ ထိုအပြုံးသည် အေးစက်ပြီး အန္တရာယ် များပြားလှသည်။ သူသည် စွဲမက်ဖွယ်အသံဖြင့်ပြောလိုက်သည်။

“မီးရှို့ဖို့ပြင်ဆင်ပြီးတာနဲ့ရှို့လိုက်”

“ဟုတ်ကဲ့၊ လုပ်လိုက်ပါ့မယ်”

ထိုစကားကို ကြားသည်နှင့်ယုချန်သည် တံတွေးမမြိုချဘဲမနေနိုင်ပေ။ သူက ရှန်းကူရန်၏စိတ်ဓါတ်ကို သိသည်။ သူသည် သာမန်အချိန်တွင် အောင်မြင်မှုကိုသာဦးစားပေးသော်လည်း ယခုအခါတွင် သူသည် တပ်ဖွဲ့ကို ဦးဆောင် လာသည်။ ရှန်းကူရန်သည် ယခင်နှင့်မတူပြောင်းလဲသွားသည်။သူသည် သူ၏ရည်မှန်းချက် အောင်မြင်ရန်အတွက် ရက်စက်ပြတ်သားပြီး မရိုးသားပေ။ ထိုအရာသည် ရှန်းကူရန်အစစ်အမှန်ဖြစ်သည်ကို ယုချန်သိသည်။

“ငါ ဒီနေရာမှာ လအနည်းငယ်အချိန်ဖြုန်းချင်ပေမယ့် ငါလုပ်ချင်သလိုမျိုး မင်းလုပ်လို့ရတယ်လို့မဆိုလိုဘူးလေ”

ရှန်းကူရန်က ရှုံ့ချလိုက်ပြီး မျက်လုံးများထဲတွင် အန္တရာယ်အငွေ့အသက်များသည် ဖြည်းဖြည်းချင်းပေါ်လာသည်။

................................................................

“ဒါ ဒါ ဒါ”

များပြားလှစွာသောမြင်းစီးရဲမက်များသည် တောင်၏ဘေးနှစ်ဖက်လုံးကို ဝိုင်းထားလိုက်ကြသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now