part 42

2.9K 345 3
                                    

unicode
Chapter 42

လင်းကျဲ့သည် သူ၏တင်ပါးအား ပွတ်သပ်ပြီး ဖြည်းဖြည်းချင်း ထကာ မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

"လူတွေကို အမှန်အတိုင်း ပြောအောင် ခင်ဗျား မလုပ်နိုင်ဘူး၊ ဒါ့ကြောင့် ကျွန်တော်က ခင်ဗျားကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချီးကျူးတာကို၊ အား နာလိုက်တာ"

အပြင်ဘက်တွင် လင်းကျဲ့၏ အော်ဟစ်သံကို ကြားသောအခါ ရှန်းချင်းဟန်သည် ခေါင်းကို မော့၍ တံခါးကို ကြည့်ပြီး သူ၏မျက်လုံးများမှာ မှိတ်လိုက်သည်။

နောက်ဆုံးတွင် လင်းကျဲ့သည် ထော့နင်းထော့နင်းဖြင့် ပြန်လာသည်။

ထိုသည်ကို မြင်သောအခါ စန်းရှိသည် သူ့အား အခန်းတွင်းသို့ တွဲ၍ ပို့သည်။

"သခင်လေး ဘာဖြစ်လာတာလဲ"

စန်းရှိက မေးသည်။

"ရှန်းချင်းဟန်က ငါ့ကို ပစ်ထုတ်ရဲတယ်ပေါ့"

လင်းကျဲ့သည် ခါးနှင့် တင်ပါးအားပွတ်၍ အံကြိတ်ပြီး ကြိမ်းမောင်းလိုက်သည်။

"မင်းသားက လုပ်တာလား"

ပြောစရာပင်မလိုချေ၊ သူ့သခင်လေးသည် အရင်ရန်စသူသာဖြစ်လိမ့်မည်။

"သခင်လေးက မင်းသားကို ဒေါသထွက်အောင် ဘာလုပ်ခဲ့ပြန်တာလဲ"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

လင်းကျဲ့၏အမူအရာမှာ အလွန်တက်ကြွနေသည်။

"ဒီအချိန်မှာငါ ဘာမှမလုပ်ဘူး။ ငါက သူ့ကို ဆေးပို့ပေးရုံမကဘူး ကိုယ့်ဆန္ဒနဲ့ကိုယ် သူ့အတွက် ယာဂုတောင် ချက်ပေးခဲ့တယ်"

"သခင်လေးသာ ဘာမှမလုပ်ဘူးဆိုရင် ဒါက တော်တော်လေး ကောင်းတာပဲ"

စန်းရှီက ပြုံးသည်။

"လုံးဝ မလုပ်ပါဘူး၊ နေမကောင်းတဲ့သူကို လှည့်စားလောက်တဲ့အထိ ငါ မဆိုးပါဘူး"

လင်းကျဲ့က လျင်မြန်စွာ ပြောသည်။

"ဒါဆို သခင်လေးက မင်းသားကို ရုတ်တရက်ကြီး ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာလဲ"

စန်းရှီက မျက်တောင်ခတ်လိုက်သည်။

ထိုစကားအား ကြားလိုက်သောအခါ လင်းကျဲ့သည် ရုတ်တရက် လန့်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now