Part 127

1.4K 185 2
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 127

နောက်တစ်ရက်တွင် နေသာနေသည်။

ရှန်းကူရန်က မနက်စောစောထပြီးနောက် လင်းကျဲ့အားတွေ့ရန် မင်းသားအိမ်တော်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် လင်းကျဲ့သည် အိပ်ရာပေါ်တွင်လဲလျောင်းနေပြီး မျက်လုံးနှစ်လုံးကိုဖွင့်ကာ အမိုးအား ကြည့်နေသည်။

“သခင်လေး မင်းသားတစ်ဆယ်ရောက်လာပါတယ်”

စန်းရှီက တံခါးကိုတွန်းဖွင့်ပြီးဝင်လာခဲ့သည်။

လင်းကျဲ့သည် ရှန်းကူရန်၏နာမည်ကိုကြားသည်နှင့် ပါးစပ်မှလေကိုမှုတ်ထုတ်လိုက်သည်။

“ငါမနိုးသေးဘူးလို့ပြောလိုက်”

“အိုး တကယ်လား”

ရုတ်တရက် ရယ်သံတစ်သံထွက်ပေါ်လာပြီး လင်းကျဲ့သည် အနီရောင်ဝတ်စုံနှင့်ရှန်းကူရန်ကို မြင်လိုက်ရသည်။ ထို့နောက် စန်းရှီက ထွက်သွားလေသည်။

“အရူးကောင်”

လင်းကျဲ့က အံကြိတ်လိုက်ပြီးနောက် သူ့ကိုယ့်သူစောင်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

“မင်းနိုးနေတယ်ဆိုတာငါသိတယ်၊ ဘာလို့ဟန်ဆောင်နေတာလဲ”

ရှန်းကူရန်က လင်းကျဲ့အား ပြုံး၍ကြည့်လိုက်သည်။

“ပြီးတော့မင်းငါ့ကို အရူးကောင်လို့ခေါ်လိုက်တာလား၊ ငါမင်းကိုဘာမှမလုပ်ရသေးဘူး မင်းအငေါက်ခံထားရတာလား”

ရှန်းကူရန်က ကုတင်ခေါင်းရင်းတွင်ထိုင်ပြီး ရွှင်မြူးစွာပြောသည်။

“…………”

လင်းကျဲ့သည် သူ့အား အရေးစိုက်ချင်ပုံမပေါ်ပေ။

“လာစမ်းပါ၊ ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ့ကိုပြောပြပါ”

ရှန်းကူရန်က သက်ပြင်းချလိုက်ပြီးလင်းကျဲ့အား ပြောသည်။

လင်းကျဲ့က နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီးနောက် ထထိုင်လိုက်သည်။ ထို့နောက် သူက လှည့်ကြည့်လာပြီး ညည်းညူလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားजहाँ कहानियाँ रहती हैं। अभी खोजें