part 98

1.6K 189 3
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၈

မိန်းကလေးသည် လင်းကျဲ့အား ကြောက်ရွံ့နေသည်။  သူသည် လက်ကို လွှတ်လိုက်ပြီး လင်းကျဲ့အား ကြည့်လိုက်သည်။
ကျန်းရန်သည် အိမ်ရှေ့စံမိဖုရားအား နှလုံသားထဲမှ မချီးကျူးဘဲမနေနိုင်ပေ။
ထိုအချိန်တွင် လင်းကျဲ့၏ မျက်နှာသည် အနည်းငယ်မျှပြုံးနေပြီး လူနှင့်တိရိစ္ဆာန်များကို အန္တရာယ်မရှိပေ။  (လူများ နှင့်တိရိစ္ဆာန်များကို မနာကျင်စေခဲ့သလို ဖြစ်နေသည်။ ) ယခုလေးတင် အရူးတစ်ယောက်ကဲ့သို့ ခံစားရမည့်အစား လင်းကျဲ့သည် နူးညံ့ပြေပြစ်သော လူငယ်လေး တစ်ယောက်လိုဖြစ်နေပြီး မိန်းကလေးသည် စိတ်ရှုပ်သွားသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ”
လင်းကျဲ့သည် မေးစေ့ကို ကိုင်၍မေးသည်။
“ဖန်းရှောင်ရှောင်”
ဖန်းရှောင်ရှောင်က တံတွေးမြိုချလိုက်သည်။
“အို၊ အရမ်းကောင်းတဲ့နာမည်ပဲ”
လင်းကျဲ့က ရယ်မောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
လင်းကျဲ့၏ မျက်နှာပေါ်မှအပြုံးသည် နွေဦးလေပြေလေးကဲ့သို့ နွေးထွေးနေသော်လည်း ရှောင်ရှောင်သည် စိတ်ရှုပ်နေဆဲဖြစ်သည်။  ထို့အပြင် ဤလူအခန်းထဲသို့ဝင်လာစဉ်က သူသည် သူမအား သတ်ဖြတ်တော့မလို ကြည့်နေခဲ့သည်။
“ဒီမေးခွန်းကို မေးရတာက ရိုင်းပျမှန်းသိပေမယ့် အခြေအနေတစ်ခုလုံးရဲ့ အကျိုးအတွက် မင်းအမှန်အတိုင်း ဖြေရမယ်၊ နားလည်လား”
လင်းကျဲ့က ပြုံးလိုက်သည်။
ရှောင်ရှောင်က ခေါင်းညိတ်ပြသည်။
“သခင်လေး…..”
ကျန်းရန်သည် ပါးစပ်ကိုဖွင့်၍ပြောလိုက်သော်လည်း ရှန်းချင်းဟန်က လင်းကျဲ့ကို ကြည့်ပြီး ကျန်းရန်အား ဝင်၍ မနှောင့်ယှက်ရန် လက်ကာပြလိုက်သည်။ 
ကျန်းရန်က ခေါင်းညိတ်ပြလိုက်သော်လည်း အနည်းငယ်တည်ကြည် သိက္ခာရှိနေသော လင်းကျဲ့၏ မျက်လုံးများကို ကြည့်လိုက်သည်။
“မင်းဘာလို့ မြစ်ထဲကို ခုန်ချချင်ရတာလဲ”
လင်းကျဲ့သည် ဖန်းရှောင်ရှောင်ကိုကြည့်၍ ပြောသည်။
“တကယ်လို့ ကျွန်မပြောပြရင် သခင်လေးတို့က ကျွန်မကို ကူညီပေးမှာလား”
ဖန်းရှောင်ရှောင်သည် လည်ပင်းတွင် တစ်ဆို့နေသည်။
“ဒါပေါ့”
လင်းကျဲ့က ခေါင်းညိတ်သည်။
“ဒီကိစ္စတွေအားလုံးကိုရှင်းဖို့က ကျွန်မတစ်ယောက်တည်း မတတ်နိုင်တဲ့အတွက် မြစ်ထဲကိုခုန်ချခဲ့ပြီး ကျွန်မ ဘာလုပ်နေတယ်ဆိုတာကို သိပါတယ်”
ဖန်းရှောင်ရှောင်သည် မျက်ရည်များစီးကနေသည်ကို မတားဆီးနိုင်ဘဲပြောသည်။
“ကျွန်မမိသားစုက အရမ်းဆင်းရဲပါတယ်၊ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ဧကအနည်းငယ်ပဲရှိတဲ့ လယ်မြေပေါ် မှာ မှီခိုနေရပါတယ်၊ မူလက အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က အရာအားလုံး လုံးဝပြောင်းလဲသွားခဲ့ပါတယ်၊ ကျန်းကျီအာ၏ အကြီးဆုံးသခင်လေးက ကျွန်မကို ဘယ်နေရမှာ တွေ့ခဲ့လဲမသိပါ ဘူး၊ သူက ကျွန်မကိုမျက်စိကျသွားခဲ့ပြီး ကျွန်မအိမ်ကိုရောက်လာပြီးတော့ သူ့ရဲ့တတိယဇနီးအဖြစ် လက်ထပ်ဖို့ ပြောခဲ့ပါတယ်၊ ကျွန်မက လက်မထပ်ချင်ဘူးလို့ အဖေ့ကိုပြောခဲ့ပါတယ်၊ ကျန်းကျီအာရဲ့ အကြီးဆုံးသခင်လေးက အကျင့်မကောင်းဘူးဆိုတာကို ကျွန်မသိပါတယ်၊ သူက သောက်စားနေပြီး မိန်းမလိုက်စား၊ လောင်းကစားအကုန် လုပ်တယ်၊ အဲ့လိုလုပ်နေရင်း သူနဲ့သူ့နောက်လိုက်တေွက မတော်တဆဒဏ်ရာရခဲ့တယ်၊ နောက်ရက်ကျတော့ အစေခံက ရုတ်တရက်သေသွားတယ်၊ ကျန်းကျီအာက ခရိုင်အရာရှိတွေကို ငွေနဲ့ဝယ်ယူပြီး ဒေါသတကြီးနဲ့ အဲ့ဒီ ကိစ္စကို ကျူးလွန်တဲ့သူက ကျွန်မအဖေ ဆိုပြီးခိုင်ခိုင်မာမာပြောခဲ့တယ်၊ အဲ့ဒီခွေး ခရိုင်အရာရှိတွေက အဖေ့ကို ဖမ်းချုပ်လိုက်ပြီး လူသတ်မှုနဲ့ပြစ်ဒဏ် ချမှတ်ခဲ့တယ်၊ အဖေဒီလိုဖြစ်ရတဲ့ အကြောင်းရင်းအားလုံးက ကျွန်မအမှား ပါပဲ၊ ကျွန်မတာဝန်မကျေနိုင်ခဲဘူး၊ ဒီတော့ ကျွန်မရဲ့ သေခြင်းတရားနဲ့ပဲ တောင်းပန်နိုင်ပါတယ်”
“မင်းသေသွားတဲ့အခါ အမှန်တရားက ပေါ်လာမှာလား”
လင်းကျဲ့က မေးလိုက်သည်။
ရှောင်ရှောင်သည် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းခါပြသည်။
“ကျွန်မ မသိဘူး”
“ကောင်းပြီ၊ ငါ အသေးစိတ်သိလိုက်ရပြီ၊ ဒါကို ငါတို့တာဝန်ထားလိုက်”
လင်းကျဲ့သည် ကုလားထိုင်ပေါ်မှထလိုက်ပြီး  အဝတ်အစားများကို သပ်ရပ်စေရန်ပြုပြင်ပြီးနောက် ပြောသည်။
“မင်းဒီမှာ ခဏနေခဲ့”
ရှန်းချင်းဟန်သည်လည်း မတ်တတ်ရပ်လိုက်ပြီးနောက် ကျန်းရန်ဘက်သို့လှည့်၍ ပြောသည်။
“ဖန်မိန်းကလေးကို ဂရုစိုက်ထားလိုက်”
“ဟုတ်ကဲ့”
ကျန်းရန်က ခေါင်းညိတ်ပြသည်။
“ကျေးဇူးတင်ပါတယ်”
မိန်းကလေးက ဦးညွှတ်လိုက်သည်။
“မင်းငါ့ကို တကယ်ကျေးဇူးတင်ရင် နောက်တခါ လူတွေကို အလွယ်တကူမဖက်နဲ့”
လင်းကျဲ့သည် ခါးကိုင်း၍ ရှောင်ရှောင်၏ နားအနီးသို့ကပ်၍ အသံတိုးတိုးဖြင့်ပြောသည်။
ဖန်းရှောင်ရှောင်၏ နားရွက်များသည် နီလာပြီး ခေါင်းညိတ်လိုက်သည်။
ရှန်းချင်းဟန်က အနည်းငယ်စွေကြည့်သည်။
“သွားကြမလား”
လင်းကျဲ့သည် တဖန်မတ်တတ်ရပ်လိုက်ပြီး ရှန်းချင်းဟန်ကို ရယ်ပြလိုက်သည်။
စကားတစ်ခွန်းမှ မပြောဘဲ ရှန်းချင်းဟန်သည် လှည့်ထွက်လာကာ အပြင်သို့လျှောက်လာခဲ့သည်။
“ဟေး ကျေးဇူးပြုပြီးကျွန်တော့်ကို ကူညီပါဦး၊ ခြေထောက်က နာနေလို့”
လင်းကျဲ့၏နှုတ်ခမ်းစွန်းသည် တွန့်ကွေးသွားပြီး ရှန်းချင်းဟန်ကို လှမ်းပြောလိုက်သည်။
ရှန်းချင်းဟန်သည် လက်နောက်သို့ကမ်းလိုက်ပြီး လင်းကျဲ့အား ကိုင်လိုက်သည်။  လင်းကျဲ့က ပြုံးသွားပြီး သူ၏ နောက်ပိုင်းသည် ရှန်းချင်းဟန်ဆီသို့ နီးကပ်သွားသည်။
“မင်း ကောင်းကောင်း အနားမယူရသေးဘူးမလား၊ မင်းနောက်တခါထပ်ပြေးလို့ ခြေထောက်က နာလာရင် ငါဘယ်လိုလုပ်ရမလဲ”
ရှန်းချင်းဟန်က ပြောသည်။
“ကျွန်တော်မစိုးရိမ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားရှိနေတာပဲ”
လင်းကျဲ့က ရယ်မောလိုက်သည်။
“………….”
ရှန်းချင်းဟန်သည် ဆွံ့အသွားသည်။
ထိုသခင်လေးနှစ်ယောက်သည် အခန်းထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။
ဖန်းရှောင်ရှောင်သည် လေကိုနှုတ်ခမ်းထောင့်စွန်းမှ မှုတ်ထုတ်လိုက်သည်။
ကျန်းရန်သည် သူ့နဖူးသူ မရိုက်ဘဲမနေနိုင်ပေ။  ထိုလူသားနှစ်ယောက်လုံးသည် သတိလက်လွတ်ဖြစ်နေသလား။
ရှန်းချင်းဟန်သည် လင်းကျဲ့အား အခန်းသို့ပြန်ပို့ပေးလိုက်သည်။
“တကယ်လို့ ဖန်းမိန်းကလေးပြောတာတွေက အမှန်တွေသာဆိုရင် ခရိုင်တရားသူကြီး ကောင်းဖူးက တော်တော် အကျင့်မကောင်းတာပဲ”
လင်းကျဲ့က မေးစေ့ကို ကိုင်၍ပြောသည်။
“အင်း၊ ငါ စုံစမ်းထားတာနဲ့တူတယ်၊ အမှန်ဖြစ်မယ်ထင်တယ်”
ရှန်းချင်းဟန်က စားပွဲရှေ့တွင်ထိုင်ပြီး ပြောလိုက်သည်။
“ကျန်းကျီအာရဲ့ သရုပ်မှန်ကဘာလဲ”
လင်းကျဲ့သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။
“သူက ချမ်းသာတဲ့စီးပွားရေးသမားပဲ၊ သူက Nanxianမှာ ကြီးမားတဲ့ပိုင်ဆိုင်မှုတွေရှိတယ်”
ရှန်းချင်းဟန်က ပြောသည်။
“ဒီတော့ ဒါကအစပျိုးတာပေါ့”
လင်းကျဲ့က ညည်းတွားလိုက်သည်။
“ငွေက အင်အားကြီးမားတာပဲ၊ ကျွန်တော် အဲ့လိုချမ်းသာတဲ့လူတွေကို အမုန်းဆုံးပဲ”
ထိုစကားကို ကြားသည်နှင့် ရှန်းချင်းဟန်၏ မျက်လုံးများသည် အနည်ငယ်ပင့်၍ လင်းကျဲ့အား ကြည့်နေသည်။
“သေချာတာပေါ့၊ ခင်ဗျားကတော့မတူဘူးလေ”
လင်းကျဲ့သည် တုန့်ပြန်လိုက်ပြီး မြန်မြန်ပြုံးပြလိုက်သည်။
ရှန်းချင်းဟန်က အကြည့်ကို ရုတ်သိမ်းလိုက်သည်။
“ဒါပေမယ့် အခုကဘာလဲ၊ ကောင်းဖူကို ဖမ်းဖို့နည်းလမ်းမရှိဘူးလား”
လင်းကျဲ့က ပြောသည်။
“မင်းအသံက ဒီကိစ္စမှာဝင်ပါနေချင်ပုံပဲ”
ရှန်းချင်းဟန်က အမူအရာကင်းမဲ့နေသည်။
“ဒါပေါ့ ကျွန်တော်က အဖြစ်အပျက်တစ်ခုလုံးကို ကြားခဲ့တာပဲ၊ ဘယ်လိုဝင်မပါဘဲ နေနိုင်ပါ့မလဲ၊ ကျွန်တော်တစ်ခုမှ မသိရင် ဘာမှမလုပ်နိုင်ဘူး”
လင်းကျဲ့က သစ်တောကို လုယက်နေသည်။
“မင်းသိလည်း ဝင်မပါနဲ့”
ရှန်းချင်းဟန်က အေးစက်စွာပြောသည်။
“ဒါပေမယ့်….”
လင်းကျဲ့က စိတ်ဆိုးသွားသည်။
“ဒါပေမယ့် ဘာလဲ၊ ငါပြောခဲ့တာတွေကို မင်းမေ့သွားပြီလား”
ရှန်းချင်းဟန်၏မျက်ခုံးများမှာ တွန့်ချိုးနေပြီး မျက်နှာသည်လည်း မာလာသည်။
“ကျွန်တော့ရဲ့ ထက်မြက်တဲ့စိတ်ကို ဖယ်ထားဖို့  မှတ်မိပါတယ်”
လင်းကျဲ့က မေးစေ့ကို ကိုင်၍ ခေါင်းညိတ်ပြသည်။
“အခု မင်းမှတ်မိသွားရင် ငြိမ်ငြိမ်နေပြီး ဘယ်မိုက်မဲတဲ့အရာမှ မလုပ်နဲ့”
ရှန်းချင်းဟန်၏ မျက်လုံးများသည် အနည်းငယ်အေးစက်နေသည်။
“ကောင်းပြီ၊ ကျွန်တော်သိပြီ”
လင်းကျဲ့က မြန်မြန်ပြောလိုက်သည်။  သို့သော် သူကနောက်သို့လှည့်၍ အသံတိုးတိုးပြောကာ နှုတ်ခမ်းကို မဲ့လိုက် သည်။
“ဒါကထူးဆန်းတယ်”
“ငါ့ကို လှည့်စားမယ်မကြံနဲ့၊ ဂရုတစိုက်စဉ်းစား မဟုတ်ရင် ငါမင်းကို သက်ညှာမှာမဟုတ်ဘူး”
ရှန်းချင်းဟန်သည် မတ်တတ်ထရပ်လျက် လင်းကျဲ့အား ကြည့်လိုက်သည်။
“ကျွန်တော်က အခုထော့ထော့နဲ့ဖြစ်နေတာလေ၊ ဘာများလုပ်နိုင်မှာလဲ၊ ဂရုစိုက်ပါ၊ ခင်ဗျားက ကျွန်တော့ကို အထင်ကြီးနေတာပဲ”
လင်းကျဲ့က နှုတ်ခမ်းကိုပြန်စေ့၍ ပြောသည်။
ရှန်းချင်းဟန်သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ထွက်သွားသည်။
လင်းကျဲ့က ရှန်းချင်းဟန်ထွက်သွားသည်ကို စိုက်ကြည့်နေသည်။  သူက ညည်းတွားပြီး အိပ်ရာပေါ်သို့လှဲချလိုက် သည်။  သူက ရေရွတ်နေသည်။
“ငါ့ကို ဝင်ပါခွင့်မပြုဘူးပေါ့၊ ငါကတော့ ဝင်ပါရမှာပဲ”
ရှန်းချင်းဟန်သည် အပြင်ဘက်သို့ထွက်လာ၍ တံခါးကိုပိတ်လိုက်ပြီး စင်္ကြန်လမ်းတွင်ရပ်ကာ ငုံ့ကြည့်လိုက်သည်။  သူသည် ဤဘက်သို့နီးကပ်စွာစောင့်ကြည့်နေသော ပုံရိပ်အားတွေ့လိုက်ရပြီး မျက်လုံးများသည် စူးရှလာသည်။  နောက်ဆုံးတွင် သူသည် မမြင်ယောင်ဆောင်ကာ အကြည့်ကို ရုတ်သိမ်းလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now