part 101

1.5K 205 4
                                    

Unicode

အခန်း - ၁၀၁

လင်းကျဲ့သည် လမ်းပေါ်တွင် လျှောက်သွားနေပြီး အလွန်ပျော်ရွှင်နေသည်။  သူသည် ထူးဆန်းသေးငယ်သည့် အရာများကို ကစားရန် ဝယ်ယူခဲ့သည်။
သူ၏ကစားခြင်းကို အဆုံးသတ်ပြီးသောအခါတွင် လင်းကျဲ့သည် ယခင်ကတွေ့ခဲ့သော အသီးဆိုင်ပိုင်ရှင်ကို ရုတ်တရက် သတိရလိုက်သည်။  ထိုအကြောင်းကို တွေးမိပြီးနောက် ယခင်ကတွေ့ခဲ့သော နေရာကို သွားခဲ့သည်။
သို့သော် ထိုနေရာသည် လစ်လပ်နေပြီး သစ်သီးစင်သည် ပျောက်ကွယ်နေသည်။
“သိမ်းသွားတာလား”
လင်းကျဲ့က သနားစရာကောင်းသည်ဟု ခံစားမိပြီး သက်ပြင်းချလိုက်သည်။  ထို့နောက် သူသည် ရှန်းချင်းဟန်နှင့် အတူ တည်းခိုခန်းသို့ပြန်သွားရန် အဆင်ပြင့်ဖြစ်နေသည်။
ရှန်းချင်းဟန် သွားသည့်လမ်းသို့ ဝင်ရောက်လာသောအခါ လင်းကျဲ့သည်  စားသောက်ဆိုင်ငယ်လေးတစ်ခုကို ဖြတ်သွားရသည်။  သူသည် ထိုဆိုင်အား ကြည့်လိုက်သောအခါ ရင်းနှီးနေသောပုံရိပ်ကို မြင်လိုက်ရသည်။  သူသည် ရပ်တန့်ပြီး အနီးကပ်ကြည့်လိုက်သည်။
“ သစ်သီးရောင်းတဲ့ဦးလေးမဟုတ်လား။”
မည်သည်အကြောင်းကိုမှ မတွေးမိဘဲ လင်းကျဲ့သည် အထဲသို့ဝင်လာခဲ့သည်။
လင်းကျဲ့သည် ဆိုင်အတွင်းသို့ ဝင်လာသောအခါ ပြင်းထန်သော သေရည်အနံ့ကို ရလိုက်သည်။
လင်းကျဲ့က မျက်မှောင်ကြုတ်သွားသည်။
သူက စားပွဲရှေ့တွင်ထိုင်နေပြီး အရက်မူးကာ ပါးစပ်မှတစ်စုံတစ်ရာကို ရေရွတ်နေသော သစ်သီးရောင်းသည့် ဆိုင်ရှင်ဦးလေးကို တွေ့လိုက်ရသည်။
“သခင်လေး ဘာအလိုရှိပါသလဲ”
စားပွဲထိုးက မေးသည်။
“ငါတစ်ယောက်ယောက်ကို ရှာနေတာ”
လင်းကျဲ့က ပြောပြလိုက်ပြီးနောက် ထိုဦးလေး၏ ရှေ့တွင်ထိုင်လိုက်သည်။
ထိုအသံကိုကြာသောအခါ ဦးလေးသည် ခေါင်းမော့ပြီး လင်းကျဲ့အား အရက်မူးနေသော မျက်လုံးများဖြင့် ကြည့်ကာ လေချဉ်တက်လိုက်သည်။
“ဦးလေး ကျွန်တော့ကိုမှတ်မိလား”
လင်းကျဲ့က ပြုံးပြလိုက်သည်။
“အိုး တခြားဒေသကလာတဲ့ သခင်လေးပဲ၊ မှတ်မိပါတယ်”
ဦးလေးကရယ်ပြီးပြောသည်။
လင်းကျဲ့က မေးစေ့ကိုကိုင်လျက်ပြုံးလိုက်သည်။
“ဦးလေး၊ ဒီနေ့ဆိုင်မဖွင့်ဘူးလား၊ ပြီးတော့ ဒီမှာတစ်ယောက်တည်း သောက်နေတာလား”
“ဆိုင်ဖွင့်ရမယ်၊ နောက်လည်း ဆိုင်မဖွင့်နိုင်တော့ပါဘူး”
ဦးလေးသည် အလွန်ဝမ်းနည်းနေပုံပေါ်ပြီး အရက်ကိုလောင်းထည့်နေသည်။
“အိုး၊ ဘာကိစ္စရှိလို့လဲ”
လင်းကျဲ့က မျက်တောင်ခတ်လိုက်သည်။
ဦးလေးသည် သေရည်ကို သောက်နေလျက်မှ ဘာမှမပြောပေ။
“ဧည့်သည်တော် ခင်ဗျားမသိဘူးလား၊ သူ့မိသားစုရဲ့ သစ်သီးခြံကို ကောင်းသခင်ကြီးက အတင်းအဓမ္မ သိမ်းယူသွားတယ်၊ မြေသိမ်းသွားတဲ့ရုံးတော်က သူ့ကိုပိုက်ဆံတစ်ပြားမှ မပေးဘူးလေ၊ အခု ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား စာချုပ်ကလည်း ကောင်းသခင်ကြီးလက်ထဲမှာပဲ၊ အခု သူဘာတွေခံစားနေရမလဲ ဆိုတာတောင် ပြောနိုင်မှာ မဟုတ်ဘူး”
“မြေသိမ်းသွားတာလား”
လင်းကျဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“ဒီခရိုင်မှာ ဧကရာဇ်ဂူဗိမာန်တွေ၊ ကျောင်းတွေ၊ မြေယာထူထောင်မှုတွေဆောက်လုပ်ဖို့ မလိုအပ်ဘူးလေ၊ မြေသိမ်းရခြင်းရဲ့ ရယ်ရွယ်ချက်ကဘာလဲ”
“အင်း ဘယ်မြေသိမ်းခြင်းကရော ဒီလိုခိုင်မာတဲ့ အကြောင်းရင်းတွေရှိလို့လဲ၊ တကယ်တမ်းကျ နောက်ဆုံးမှာ ဒါတွေက ကောင်းသခင်ကြီး လက်ထဲပဲ  ရောက်တာပဲမလား”
ရှောင်အာက ရယ်မောလိုက်သည်။
“ဒီအရာရှိက သူ့အာဏာကို ဒီလိုပဲအလွဲသုံးစားလုပ်တာလား၊ ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်တယ်”
လင်းကျဲ့က ထပ်၍မေးလိုက်သည်။
“ဒီမှာ ကျွန်တော်တို့ သာမန်ပြည်သူတွေ ကောင်းကောင်းသိတဲ့ အချို့အရာတွေရှိတယ်”
နောက်ထပ် လူတစ်ယောက် ရှင်းရှင်းလင်းလင်း ဖြစ်အောင်မပြောနိုင်ပေ။
“ဘယ်သူမှ စောဒကမတက်ဘူးလား”
“ဘယ်သူမှမကျေနပ်ကြောင်းမပြောဘူးလား”
လင်းကျဲ့သည် လက်ချောင်းများကို ကွေး၍ စားပွဲခုံကို ခေါက်နေသည်။
“အသုံးဝင်ပါ့မလား၊ တောင်တွေက မြင့်မားပြီး ဧကရာဇ်ကလည်း အဝေးမှာလေ၊ ဒီကကိစ္စတွေကို စီမံခန့်ခွဲဖို့ ဘယ်သူမှာ အားလပ်ချိန်ရှိပါ့မလဲ၊ ဒီကိုမင်းသား ကိုယ်တိုင်လာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား”
ဒုတိယလူသည် သူသည် လက်လျှော့ထားသည်ကို ပြောရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။  ထို့နောက် သူသည် ဝေ့ကြည့် လိုက်ပြီးနောက် အတွင်းခန်းတွင်းသို့ ပြန်ဝင်သွားသည်။
“ကျွန်တော်သိပြီ”
လင်းကျဲ့သည် မေးစေ့ကို ကိုင်ပြီး ဘေးတွင်ထိုင်နေသော ဦးလေးအား ကြည့်လိုက်သည်။  ထို့နောက် သူသည် စားပွဲခုံပေါ်တွင် မှီလိုက်ပြီးဦးလေးကိုကြည့်၍ ပြောလိုက်သည်။ 
“ဦးလေး ကျွန်တော် ခင်ဗျားကို ပိုင်ဆိုင်မှုစာရွက်စာတမ်းကို ပြန်ရဖို့အတွက်ကူညီနိုင်တယ်”
ထိုအသံကိုကြားသောအခါ ဦးလေးသည် ခေါင်းမော့၍ လင်းကျဲ့အား ကြည့်ကာ မျက်ခုံးပင့်ပြသည်။
“တကယ်လား”
လင်းကျဲ့က ခေါင်းညိတ်လိုက်သည်။ 
“ဦးလေးက ဘာလုပ်မှာလဲ၊ ဒါပေမယ့် ကျွန်တော့်ကူပေးမယ်”
“သခင်လေးက ဘယ်သူလဲ၊ ဘာကြောင့်ကျွန်တော်ကိုကူညီမှာလဲ”
ဦးလေးက နားမလည်ပေ။
“ကျွန်တော်”
လင်းကျဲ့က သူ၏အသံကိုနှိမ့်၍ ပြောလိုက်သည်။
“ကျွန်တော့ကို အိမ်ရှေ့စံမင်းသားက လွှတ်လိုက်တာ”
ရှန်းချင်းဟန်က လင်းကျဲ့ကို ရှာတွေ့သောအခါ သူသည် ဆိုင်ထဲတွင် ထိုင်နေပြီး ဖရဲ့စေ့ကိုစား၍ လက်ဖက်ရည် သောက်နေသည်။  စားပွဲဘေးတွင် အငွေ့တစ်ထောင်းထောင်း ထနေသော ပေါက်စီဗန်းရှိနေပြီး လင်းကျဲ့၏ဘေး တွင် အရက်မူးသမားတစ်ဦး လဲလျောင်းနေသည်။
“ခင်ဗျားနောက်ကျတယ်၊ ကျွန်တော်စောင့်နေတာ ကြာလှပြီ”
လင်းကျဲ့သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှန်းချင်းဟန်ကို မြင်လိုက်သည်နှင့်တပြိုင်နက် သူသည် ရှန်းချင်းဟန်အား လက်ယမ်းပြနေသည်။
“……….”
ရှန်းချင်းဟန်သည် စိတ်ဆိုးနေသော်လည်း လျှောက်လာနေဆဲဖြစ်သည်။
“အချိန်မီလေးပဲ၊ ကျွန်တော့်ကို အရင်ဆုံး ပိုက်ဆံနည်းနည်းချေးပါဦး”
လင်းကျဲ့သည် ရှန်းချင်းဟန်ရှေ့တွင် လက်ဖြန့်ကာပြုံးလိုက်သည်။
ရှန်းချင်းဟန်သည် ဒေါသမထွက်ဘဲ မနေနိုင်ပေ။
“စိတ်မဆိုးပါနဲ့၊ ကျွန်တော်မရည်ရွယ်ပါဘူး၊ ကျွန်တော့်မှာ ပိုက်ဆံလုံလုံလောက်လောက် ပါမလာတာ ခုမှသိလို့ပါ”
လင်းကျဲ့က ရယ်မောနေဆဲဖြစ်သည်။
ရှန်းချင်းဟန်က သက်ပြင်းချလိုက်ပြီး လင်းကျဲ့ဆီသို့ ပိုက်ဆံအိတ်ကို ပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
လင်းကျဲ့က လေးလံသော ပိုက်ဆံအိတ်ကို ဖမ်းလိုက်သည်။
“ဒီလူကကောဘာလဲ”
ရှန်းချင်းဟန်က ဘေးတွင်လှဲနေသောဦးလေးကိုကြည့်၍ ပြောသည်။
“အာ သူက ပြီးခဲ့တဲ့တစ်ခေါက်က အသီးရောင်းတဲ့ဦးလေးလေ”
လင်းကျဲ့က မတ်တတ်ရပ်ပြီး စားပွဲထိုးလေးဆီသို့ ပိုက်ဆံပေးချေပြီးနောက် ပြောလိုက်သည်။
“ပေါက်စီတွေကို ငါ့ကိုထုပ်ပေးလိုက်၊ ပြီးတော့ ဦးလေးသောက်ထားတဲ့ သေရည်ဖိုးကိုလည်း ငါရှင်းပေးမယ်၊ အာ ဒါနဲ့ နောက်ပြီးကျရင် သူ့ကိုအိမ်လိုက်ပို့ပေးဖို့ မမေ့နဲ့”
ရှန်းချင်းဟန်
“………..”
သူသည် လမ်းလျှောက်လာနေရင်းဖြင့် လင်းကျဲ့က ပေါက်စီကို တစ်ကိုက်ကိုက်လိုက်ပြီး ရှန်းချင်းဟန်က သူ၏ ဘေးမှ လျှောက်လာသည်။
“ဒါနဲ့ အဲ့ဒီလူတွေက ဘယ်လိုလဲ”
လင်းကျဲ့က သူတို့နောက်မှ လိုက်လာသောလူများကို ရည်ညွှန်း၍ပြောလိုက်သည်။
“အခုတော့ ဒီနားမှာရှိမှာမဟုတ်ဘူး”
ရှန်းချင်းဟန်က ပြောသည်။
“ကျွန်တော်သူတို့ကို မျက်ခြေဖြတ်ထားခဲ့တာ၊ ခင်ဗျားကကျွန်တော့်ထက်နောက်ကျတယ်၊ ခင်ဗျားရှုံးပြီ”
လင်းကျဲ့က ချက်ချင်းပြောသည်။
“ဒီတော့ ခင်ဗျားကျွန်တော့ကို ကိစ္စတစ်ခုလုပ်ပေးဖို့ ကတိပေးရမယ်နော်၊ ရှုံးသွားတာကို ဝန်ခံလိုက်ပါ”
“မင်းက ဒီလိုဖြစ်မယ်လို့မျှော်လင့်ထားခဲ့တာလား”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်၍ပြောလိုက်သည်။
“ခင်ဗျား ဘာတွေပြောနေတာလဲဆိုတာ ကျွန်တော်မသိဘူး”
လင်းကျဲ့က ကောင်းကင်ကို မော့ကြည့်နေသည်။
“ဒီလို လှည့်ကွက်တွေထဲမှာတော့ မင်းကိုဘယ်သူမှမယှဉ်နိုင်ဘူး”
ရှန်းချင်းဟန်က ပြောသည်။
“ဒါက ခင်ဗျားကျွန်တော့်ကို ချီးကျူးတာလို့ ယူဆလိုက်လို့ရမလား”
လင်းကျဲ့က ဖြူဖွေးသော သွားများပေါ်အောင် ပြုံးလိုက်သည်။
“အပြောကောင်းတယ်”
ရှန်းချင်းဟန်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
လင်းကျဲ့က လျင်မြန်စွာလိုက်လာပြီး ရှန်းချင်းဟန်အနီးသို့ရောက်သောအခါ ဆက်၍ပြောနေသည်။
“ပြီးတော့ ခင်ဗျားကျွန်တော့်ကို ကတိပေးလိုက်တယ်လို့ ယူဆလိုက်မယ်နော်”
“………”
“ယောက်ျား ခင်ဗျားစကားကို ပြန်ရုတ်သိမ်းလို့မရဘူး”
ရှန်းချင်းဟန်က တိတ်ဆိတ်နေသည်။  လင်းကျဲ့သည် ရှန်းချင်းဟန် နောင်တရသွားမည်ကို စိုးရိမ်နေသည်။
“ဒါက အိုးရှစ်လုံးရဲ့ စကားတစ်လုံးမဟုတ်ဘူးလား”
ရှန်းချင်းဟန်သည် ရယ်မောနေရုံမှလွဲ၍ မတတ်နိုင်ပေ။
“အိုးရှစ်လုံးရဲ့ စကားတစ်လုံးဆိုတာ ဘာလဲ၊ ခင်ဗျားက မင်းသားတစ်ပါးဖြစ်ပြီး ခင်ဗျားကဒါနဲ့ပတ်သတ်ပြီး မသိဘူးလား”
ထိုအကြောင်းကို ကြားသောအခါ လင်းကျဲ့က ကျယ်လောင်စွာရယ်မောလိုက်သည်။  သူသည် ခဏမျှ ကြည်နူး မိသည်။  မကြာမီမှာပင် သူသည်ထိတ်လန့်သွားသည်။
“အာ နေဦး၊ ခင်ဗျားကဘာ့ကြောင့်သိတာလဲ”
ရှန်းချင်းဟန်က ပြုံးလိုက်ပြီး လင်းကျဲ့အား ပြန်မဖြေပေ။
လင်းကျဲ့သည် နှုတ်ခမ်းထောင့်မှ လေကိုမှုတ်ထုတ်လိုက်သည်။
“ခင်ဗျားဘယ်လောက်သိထားလဲ”
“ဘာလဲ၊ မင်းသိရင် တခြားလူသိသွားမှာကို ကြောက်နေတာလား’
ရှန်းချင်းဟန်ကပြောသည်။
“………”
လင်းကျဲ့သည် စိတ်ဓါတ်ကျသွားသည်။  သူသည် အခြားသူများ သိသွားမှာကို မ​ကြောက်သော်လည်း ရှန်းချင်းဟန် သိသွားမည်ကိုကြောက်သည်။
ထိုအကြောင်းကို တွေးမိသောအခါ လင်းကျဲ့သည် အနည်းငယ်ရှက်ရွံ့သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now