part10

5.7K 573 0
                                    

unicode
Chapter 10

လင်းကျဲ့သည် တစ်ညလုံး အိပ်ပျော်သွားခဲ့သည်။

ပုံမှန်အတိုင်းပင် မနက်ခင်းတွင် ကူညီပေးသည့် စန်းရှီသည် သူ့အား အထိတ်တလန့် နိုးထစေသည်။ တစ်ကိုယ်ရည် သန့်ပြီးသည့် နောက်တွင် လင်းကျဲ့သည် မနက်စား စားချင်လာသည်။

လင်းကျဲ့သည် သမ်းဝေလိုက်ပြီး ခမ်းမဆီသို့ အရိုးမရှိသကဲ့သို့ ပျင်းရိစွာ လျှောက်လှမ်း သွားသည်။ တစ်ချိန်တည်းမှာ ရှန်းခင်းဟန်သည် စားပွဲ၌ ထိုင်၍ မနက်စာအား ဖြည်းဖြည်းချင်း စားနေသည်။

“အိမ်ရှေ့မိဖုရား”

လင်းကျဲ့သည် စားပွဲဆီသို့ လျှောက်လာရာ စားပွဲဘေးတွင် ရပ်နေသော အိမ်တော်အစေခံများသည် ညီညာစွာ နှုတ်ဆက်လိုက်ကြသည်။

လင်းကျဲ့လန့်သွားသည်။

“မင်္ဂလာပါ”

ရှန်းချင်းဟန်ကို မြင်သည်နှင့် တစ်ပြိုင်နက် လင်းကျဲ့သည် ချက်ချင်း သွားများပေါ်အောင် ပြုံးပြလိုက်သည်။

တံစက်မြိတ်အောက်၌ လူတစ်ဦးသည် ခေါင်းမငုံဘဲ မနေနိုင်ချေ။ ထို့ကြောင့် သူသည် ရှန်းချင်းဟန်နှင့် ကောင်းစွာ ပေါင်းသင်း ဆက်ဆံမှသာ ရှေ့လျှောက် သူ့အတွက် အဆင်ပြေမည်ဟု ခံစားမိသည်။

“မင်း လမ်းလျှောက်တဲ့အခါ ခေါင်းကို မြှင့်ထားပြီး ဖြောင့်မတ်စွာ လျှောက်လေ၊ ပျင်းရိမနေနဲ့”

ရှန်းချင်းဟန်သည် ရေနွေးအား တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည်။

လင်းကျဲ့၏ မျက်နှာပေါ်မှ အပြုံးသည် ရုတ်ခြည်း ပျောက်ကွယ် သွားသည်။ ထို့နောက် ရှန်းချင်းဟန်၏ရှေ့တွင် စိတ်မပါလက်မပါ ထိုင်ချလိုက်သည်။ သူသည် တူများနှင့် ဆော့ကစားနေပြီး ရေရွတ်လိုက်သည်။

“စည်းကမ်းအတိုင်း လျှောက်ရမယ်။ စည်းကမ်းတွေကလည်း အများကြီးပဲ”

ဤညည်းတွားသံသည် အလွန်ရှင်းလင်း ပြတ်သားစွာပင် ရှန်းချင်းဟန်၏ နားထဲသို့ ရောက်သွားသည်။ သူသည် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး သူ၏နဖူးကြောများမှာ ထောင်ထလာသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now