Part 151

1.3K 165 9
                                    

Unicode
Chapter 151

ရှန်းချင်းဟန်အိမ်တော်သို့ ပြန်ရောက်လာသောအခါ နောက်ကျနေပြီဖြစ်သည်။
ရှန်းချင်းဟန် တိုင်းပြည်အရေးကိစ္စများဆွေးနွေးသောအခါ ရှန်းယန်ဝမ်ဆုံးမပြောကြားသည်များကို အချိန် အကြာကြီး နားထောင်နေခဲ့ရသည်။ နောက်ဆုံး သူသည် အပြစ်ပေးခံခဲ့ရသည်။ မှတ်တမ်းများအားလုံး ဖတ်ပြီး ချိန်တွင် ရှန်းချင်းဟန်သည် အိမ်သို့ပြန်လာနိုင်ခဲ့သည်။

“မင်းအာရုံမလွတ်သင့်ဘူး”

ရှန်းချင်းဟန်သည် မျက်ခုံးများကို နှိပ်နယ်လျှက် စာကြည့်ဆောင်သို့ထွက်လာခဲ့သည်။ ထိုသို့ အာရုံလွင့်ပျံခြင်း သည် အကြိမ်အချို့ထပ်ဖြစ်နိုင်သည်။

ထိုအကြောင်းကိုတွေးသည်နှင့် ရှန်းချင်းဟန်သည် စိတ်ဖိစီးလာခဲ့သည်။ သူသည် စာကြည့်ဆောင်တံခါးကို ညင်သာစွာတွန်းဖွင့်လိုက်သည်။

စာကြည့်ဆောင်တွင် အလင်းရောင်မရှိဘဲ မြင်နိုင်စွမ်းရည်သည် အလွန်နည်းပါးသည်။ ပြတင်းပေါက်မှ ဝင်ရောက် လာသောလရောင်သည် စားပွဲပေါ်တွင်မှီပြီးအိပ်ပျော်နေသောလင်းကျဲ့ပေါ်သို့ကျရောက်နေသည်။လရောင်၏ ရောင်ပြန်ဟပ်မှုသည် မှေးမှိန်နေသည်။

လင်းကျဲ့အားကြည့်ပြီး ရှန်းချင်းဟန်သည် အံ့သြသွားပြီး မျက်မှောင်ကြုတ်ထားခြင်းသည်လည်း ဖြည်းညှင်းစွာ ဆန့်တန်းသွားသည်။

ရှန်းချင်းဟန်သည် အသံမထွက်စေဘဲ လင်းကျဲ့ဆီသို့တိုးကပ်သွားသည်။

နောက်ဆုံးတွင် သူသည် လင်းကျဲ့၏အနီးတွင်ရပ်လိုက်ပြီး လင်းကျဲ့၏လှပသောမျက်နှာအား ငြိမ်သက်စွာ ကြည့် နေသည်။
ရှန်းချင်းဟန်သည် လက်ဆစ်များထင်ရှားနေသောသွယ်လျသည့်လက်ချောင်းများဖြင့် လင်းကျဲ့၏ပါးပြင်ကို ညင်သာစွာပွတ်သပ်လိုက်သည်။ ထို့နောက် သူ၏နှဖူးပေါ်တွင်ကျနေသောဆံနွယ်များအား သပ်တင်ပေးလိုက်သည်။ ရှန်းချင်းဟန်က ရုတ်တရက်ရယ်လိုက်သည်။

“အရူး”

ရှန်းချင်းဟန်သည် ကိုယ်ကိုကိုင်းလိုက်ပြီး မျက်လုံးများကိုမှိတ်ကာလင်းကျဲ့၏နှဖူးအား ညင်သာစွာနမ်းလိုက်သည်။ ထိုအရာသည် နူးညံ့လှသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားजहाँ कहानियाँ रहती हैं। अभी खोजें