unicode
Chapter 32
ရက်အနည်းငယ် ကြာပြီးနောက် ရှန်းချင်းဟန်သည် နန်းတွင်းသို့ ဝင်လာခဲ့သည်။
တောင်ဝင်စာကြည့်ဆောင်
ရှန်းယန်ဝမ်သည် သိမ်မွေ့စွာပြုံးလိုက်သည်။
“အာ ချင်းဟန်၊ သားတော်ကို ကြည့်ရတာ ဖျော့တော့နေသလိုပဲ၊ မင်း ကောင်းကောင်း အနားမယူဘူးလား”
“ဒါတွေအားလုံးက ဖခမည်းတော်ကြောင့်ပဲ”
ရှန်းချင်းဟန်သည် မျက်နှာသေဖြင့် အေးစက်စွာ ပြောသည်။
အကယ်၍ လင်းကျဲ့ကို လက်ထပ်ခြင်းက သူ့အတွက်သာ မဟုတ်လျှင် သူသည် ဤအခြေအနေသို့ ရောက်လိမ့်မည် မဟုတ်ပေ။
“?”
ရှန်းယန်ဝမ်၏ မျက်နှာတွင် မေးခွန်းများနှင့် ပြည့်သွားသည်။
“ချင်းဟန် သားတော် ဆိုလိုတာကို ဖခမည်းတော် ဘာကြောင့် နားမလည်ရတာလဲ”
“သားတော်ကို ကတိပေးထားတဲ့ ဖခမည်းတော်ရဲ့ “နိုင်ငံတော်” က ဘယ်မှာပါလဲ”
ရှန်းချင်းဟန်က ထပ်မံမေးလိုက်သည်။
“မင်း ဘာလို့ အလျင်လိုနေတာလဲ၊ ဖခမည်းတော်က သားတော်နဲ့ မတွေ့တာကြာပြီ”
ရှန်းယန်ဝမ်က ရွှင်မြူးစွာ ပြောသည်။
“နိုင်ငံတော်”
ရှန်းချင်းဟန်မှာ အမူအရာမပြောင်းလဲပေ။
“ချင်းဟန်…”
ရှန်းယန်ဝမ်၏ နှုတ်ခန်းမှာ တွန့်သွားသည်။
“နိုင်ငံတော်”
ရှန်းချင်းဟန်မှာ လက်လျှော့ရန် ဆန္ဒမရှိပေ။
“ငါက ဘယ်လို နာခံမှုမရှိတဲ့ သားကို မွေးထားတာပါလိမ့်”
ရှန်းယန်ဝမ်၏ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နေသည်။
ရှန်းချင်းဟန်မှာမူ မျက်နှာသေဖြင့်သာ ရှိနေသည်။
“ငါတော့ မင်းကို အိမ်ရှေ့စံအဖြစ် အပ်နှင်းမိတာကို တကယ်နောင်တရတယ်”
ရှန်းယန်ဝမ်သည် သူ၏ပေါင်အား ရိုက်လိုက်သည်။
“အခု နောင်တရဖို့ အရမ်းနောက်ကျသွားပြီ”
![](https://img.wattpad.com/cover/302550265-288-k511691.jpg)
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။