Part 139

1.1K 134 3
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 139

“လျှို့ဝှက်တပ်ဖွဲ့ရဲ့ တပ်မှူး”

လင်းကျဲ့က အံ့သြနေသည်။ သူသည် ရှန်းကူရန်အား လျှို့ဝှက်တပ်ဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

ရှန်းကူရန်က ပြုံးနေပြီး ဘာမှမပြောပေ။

“ကူရန် ဒီအချိန်မှာ မင်း နန်းရှန်းကို တကယ်သွားချင်ရဲ့လား”

ရှန်းချင်းဟန်သည် ရှန်းကူရန်အား ကြည့်ပြီး အေးစက်စွာမေးလိုက်သည်။

“နန်းရှန်းမှာဓါးပြတွေ သောင်းကျန်းနေတယ်၊ ဖြစ်နိုင်သမျှမြန်မြန် မနှိမ်နှင်းဘူးဆိုရင် မကောင်းဘူး”

ရှန်းကူရန်က ဘာမှမဖြစ်သကဲ့သို့ပြုံးနေသည်။

“ငါမေးတာအဲ့တာမဟုတ်ဘူးဆိုတာကို မင်းသိပါတယ်”

ရှန်းချင်းဟန်က မေးသည်။

ထိုအသံကိုကြားသည်နှင့် ရှန်းကူရန်၏အပြုံးသည်ပျောက်ကွယ်သွားပြီး ရှန်းချင်းဟန်အား ကြည့်နေသည်။

စိတ်ရှုပ်နေသောလင်းကျဲ့သည် သူတို့ပြောသမျှစကားများအားလုံးကို နားမလည်ပေ။

“အစ်ကိုတော်ပြောနေတဲ့အကြောင်းကို ကျွန်တော်တကယ်နားမလည်ဘူး”

ရှန်းကူရန်က မျက်ခုံးများကို ပင့်ပြီးပြောလိုက်သည်။

“…………”

ရှန်းချင်းဟန်သည် တိတ်ဆိတ်နေသော်လည်း သူ၏မျက်နှာသည် ကြည့်ရဆိုးလာသည်။

“ဘာလို့မင်းက ဓါးပြတွေကိုနှိမ်နင်းဖို့ ရုတ်တရက် နန်းရှန်းကိုသွားတာလဲ”

လင်းကျဲ့က ဝေခွဲမရဖြစ်နေသည်။

“ဟားဟားဟား တကယ်တော့ငါ့မှာအစီအစဉ်တစ်ခုရှိတယ်၊ ဒါပေမယ့်အချိန်မကျသေးလို့၊ အခုက အချိန်ကောင်းပဲ”

ရှန်းကူရန်က လင်းကျဲ့အား ရှင်းပြနေသည်။

“အိုး၊ တကယ်လား”

လင်းကျဲ့သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်းခံစားနေရဆဲဖြစ်သည်။ ရှန်းကူရန်သည် ထိုမျှလောက် တက်ကြွသောပုဂ္ဂိုလ်မဟုတ်ပေ။ ထိုသို့တွေးပြီးနောက် လင်းကျဲ့ကပြောလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now