part 75

2.2K 255 3
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၇၅

စာကြည့်ဆောင်
“ကိစ္စအားလုံးကို ဖြေရှင်းပြီးပြီလား”
ရှန်းချင်းဟန်က ပြောသည်။
“မင်းသားကို လျှောက်တင်ပါတယ်။  အကုန်ဖြေရှင်းပြီးသွားပြီ”
မတ်တတ်ရပ်နေသော ကျန်းရန်က ရိုသေစွာဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
ရှန်းချင်းဟန်က ပြန်ဖြေလိုက်ပြီး ခေါင်းကို ငုံ့၍ စာအုပ်ကို ဆက်ဖတ်နေသည်။
“မင်းသား ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်တော်မသိဘူး”
ခဏမျှကြာသောအခါ ကျန်းရန်က ထပ်မေးလိုက်သည်။
“သူ့ကို စုံစမ်းပြီး ထုတ်ပစ်ဖို့ အခွင့်အရေး ရှာလိုက်”
ရှန်းချင်းဟန်သည် ခဏမျှတွေးတောလိုက်ပြီးနောက်ပြောသည်။
“ဟုတ်ကဲ့”
ထိုစကားကို ကြားလိုက်သည်နှင့် ကျန်းရန်သည် ထွက်ခွာသွားသည်။
ကျန်းရန် ထွက်သွားပြီးသည့်နောက်တွင် ရှန်းချင်းဟန်သည် စာအုပ်စင်ရှေ့တွင်ရှိသောဖယောင်းတိုင်အား ကြည့်၍ အနည်းငယ်အံ့အားသင့်သွားသည်။
တောပုန်းဓါးပြအား မတွေ့ရသည်မှာ ကြာပြီဟုတွေးလိုက်မိသောအခါ ရှန်းကူရန်သည် သူ၏နောက်လိုက်များနှင့် အိမ်ရှေ့စံမင်းသားနန်းတော်သို့ ထွက်လာခဲ့သည်။  သူသည် မင်းသားနန်းတော်သို့ ရောက်သည်နှင့် ရှန်းကူရန်သည် အရှေ့ခြံဆီသို့ ထွက်လာခဲ့သည်။
မမျှော်လင့်စွာပင် အရှေ့ခြံသို့ ရောက်သည့်အခါ ရှန်းကူရန်သည် အလုပ်ကြိုးစားနေသည့် လင်းကျဲ့နှင့် စန်းရှီအား တွေ့လိုက်ရသည်။
“ဒါက ဘာတွေလဲ”
ရှန်းကူရန်သည် ဖြတ်လျှောက်လာခဲ့သည်။
လင်းကျဲ့သည် ခေါင်းမော့ကြည့်လိုက်သောအခါ ရှန်းကူရန် ရောက်လာသည်ကို မြင်လိုက်ရသည်။
“မင်းက ဘယ်လိုရောက်လာတာလဲ”
“ငါပျင်းနေတယ်လို့ပြောရင် ငါ့ရဲ့ပျင်းရိမှုကို ဖြေလျှော့ဖို့ နည်းလမ်းရှာပေးမလား”
ရှန်းကူရန်က လင်းကျဲ့နှင့် စန်းရှီသည် စာကူးရေးနေသည်ကို ကြည့်လျက်ပြောသည်။  ထို့နောက် သူသည် ရယ်မောလိုက်သည်။
“အိုး၊ မင်းတို့က စိတ်ဝင်စားစရာပဲ၊ စာအုပ်တွေကို ကူးရေးရတာက ဘယ်လိုလဲ”
လင်းကျဲ့ နဖူးပေါ်ရှိ သွေးကြောများမှာ ပေါက်ထွက်လုမတတ် ဖောင်းလာပြီး စုတ်တံနှင့်စာရွက်ကို ရှန်းကူရန်၏ ရှေ့ သို့ ပစ်ချလိုက်သည်။ 
“မင်းက စိတ်မဆိုးပါဘူး၊ မှန်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မင်းမှာ လုပ်စရာဘာမှမရှိဘူးဆိုရင် ဒီကိုလာပြီး ငါ့ကို စာကူရေးပေး”
စန်းရှီသည် သက်ပြင်းမှုတ်ထုတ်လိုက်ည်။  သခင်လေးသည် အချိန်တိုင်းတွင် လူများကို သူ့အတွက် စာကူးရေးရန် အမိဖမ်းချင်နေသည်။
နောက်ဆုံးတွင် ရှန်းကူရန်သည် သူ၏နောက်လိုက်များကို စာကူးရေးပေးရန် ခိုင်းစေလိုက်သည်။
ထို့နောက် လင်းကျဲ့နှင့် ရှန်းကူရန်သည် ဘေးချင်းယှဉ်၍ ထိုင်လျက် လက်ဖက်ရည်သောက်နေကြသည်။
“ရှန်းကူရန် မင်းက အားကိုးလို့မရဘူးပဲ”
လင်းကျဲ့သည် လက်ဖက်ရည်သောက်နေသော်လည်း သူသည် မလှမ်းမကမ်းတွင် စာအုပ်များကို ကူးရေးနေသည့် စန်းရှီနှင့် နှစ်ယောက်အား ကြည့်ရန် မမေ့ပေ။
“ငါ့ကို ကူးရေးခိုင်းမလို့လား၊ ကျေးဇူးပြုပြီး ငါ့ကိုတော့ လွှတ်ထားပေးပါ၊ နန်းတော်မှာ စာသင်ခဲ့ရတယ်၊ ဒါပေမယ့် ငါလည်း မင်းလိုပဲ၊ စာသင်ရတာက တကယ်ခက်ခဲတာပဲ”
ရှန်းကူရန်သည် အကြည့်လွှဲလျက် ပြောသည်။
“အဲ့ဒါအမှန်ပဲ၊ ငါမှားတာပါ”
လင်းကျဲ့က ရယ်သည်။
“ဒါပေမယ့် ဘာအကြောင်းမှမရှိဘဲ မင်းကို အစ်ကိုတော်က စာကူးရေးခိုင်းပါ့မလား၊ ဒါမှမဟုတ် မင်း အစ်ကိုတော်ကို စိတ်ဆိုးအောင်လုပ်မိပြန်ပြီလား”
ရှန်းကူရန်သည် စိတ်ဝင်တစား မေးလိုက်သည်။
လင်းကျဲ့သည် မေးစေ့ကို ကိုင်၍ သက်ပြင်းချလိုက်သည်။  ထို့နောက် သူသည် ရှန်းကူရန်အား လွန်ခဲ့သောရက် အနည်းငယ်က ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။
ထိုအကြောင်းအား ကြားပြီးသည့်နောက်တွင် ရှန်းကူရန်က ကောက်ချက်ချလိုက်သည်။
“မင်းက တကယ်ပဲ သေမှာ မကြောက်ဘူးပဲ”
လင်းကျဲ့သည် သူ၏ခေါင်းကို ကြီးမားသောတူဖြင့် ပြင်းထန်စွာရိုက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့် စွန်းမှာ ကော့တက်သွားသည်။
“မင်း ဒီလိုမျိုးပြောနေမှာလား”
“မဟုတ်ဘူးလား၊ မင်းကိုယ်မင်းမသိဘူးလား၊ မင်း အိမ်တော်ကနေခိုးထွက်ရင်တောင် သူများကို မရိုက်သင့်ဘူးလေ၊ လူကောင်းတွေကို ဘယ်လိုရှာရမလဲဆိုတာ မင်းမသိပါဘူး၊ ကံကောင်းလို့ ထောင်ထဲမှာ ဖမ်းထားရုံဖမ်းထားတာ၊ တစ်ခုခုဖြစ်ရင် မင်းဘယ်လိုလုပ်မှာလဲ၊ မင်းဒီလိုလုပ်တာက အစ်ကိုတော်ကို စိုးရိမ်စေတာပဲ”
ရှန်းကူရန်က ပြောသည်။
“ရှန်းချင်းဟန်က ငါ့ကို မစိုးရိမ်ပါဘူး”
လင်းကျဲ့က နှုတ်ခမ်းကို မဲ့လိုက်သည်။
“အစ်ကိုတော်က မင်းကို မစိုးရိမ်ဘူးဆိုတာ မင်းဘယ်လိုသိလဲ”
ရှန်းကူရန်သည် မေးစေ့ကို ကိုင်၍ မျက်ခုံးများနှင့် မျက်လုံးများသည် လင်းကျဲအား ပျင်းရိစွာကြည့်နေသည်။
“အဲဒါက ဒီကိစ္စမှာ အရေးပါလို့လား”
လင်းကျဲ့သည် ရှန်းချင်းဟန်နှင့် သူ့အား ရှက်စရာကောင်းသော ဆက်ဆံရေးတစ်ခုဖြစ်ဖို့ တွန်းအားပေးခံရသည်ကို လက်ခံပါသည်။  ထို့ကြောင့် သာမန်အားဖြင့်ပြောရလျှင် သူသည် သူစိမ်းအတွက် စိုးရိမ်ရန် မလိုအပ်ပေ။  ရှန်းချင်းဟန် စိုးရိမ်ခဲ့သလား သူမသိပေ။  သူသည် စာနာခြင်းမဖြစ်နိုင်ဘူးလား။
“အိုး”
ရှန်းကူရန်၏မျက်ခုံးနှင့် မျက်လုံးများသည် ပြေလျော့သွားပြီး လင်းကျဲ့သည် ထိုအကြောင်းအား ဆက်မပြောပေ။
အရှေ့ခြံမှ ထွက်လာပြီးသည့်နောက် ရှန်းကူရန်သည် ရှန်းချင်းဟန်အား ရှာဖွေခဲ့သည်။
“အစ်ကိုတော် မတွေ့ရတာကြာပြီနော်”
ရှန်းကူရန်သည် တံခါးကို ဖြတ်၍ဝင်လိုက်သည်နှင့် ရှန်းချင်းဟန်သည် စားပွဲခုံရှေ့တွင် မတ်မတ်ထိုင်နေပြီး တစ်စုံတစ်ရာကို ရေးသားနေသည်။
ရှန်းကူရန်ကို မြင်လိုက်သောအခါ ရှန်းချင်းဟန်သည် လက်၏လှုပ်ရှားမှုများကို ရပ်တန့်၍ စုတ်တံအား ချကာ ရှန်းကူရန်ကို ကြည့်ပြီး အေးစက်စွာ ပြောသည်။
“ဘာကိစ်စလဲ”
“ဘာမှမဟုတ်ပါဘူး၊ ကျွန်တော့်မှာ လုပ်စရာမရှိပါဘူး”
ရှန်းကူရန်သည် ရိုးသားစွာ ပြောသည်။
“သေချာတာပေါ့၊ မင်းကို အလုပ်တစ်ခုပေးတာပိုကောင်းမယ်”
ရှန်းချင်းဟန်သည် ထိုစကားအား ကြားသည်နှင့် ခေါင်းငုံ့ကာ ပေါ့ပါးစွာ ပြောသည်။
“မလုပ်နဲ့၊ ကျွန်တော် အခုလိုအားနေတာ ပိုကောင်းတယ်လို့ ကျွန်တော် ထင်တယ်”
ရှန်းကူရန်က အမြန်ပြောလိုက်သည်။
“မင်း ဘယ်အချိန်ထိ ပျက်စီးနေမှာလဲ”
ရှန်းချင်းဟန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“အဟားဟား၊ ဧကရာဇ်က ဘာပြောနေလို့လဲ, ကျွန်တော်က အစ်ကိုတော်နဲ့ တွေ့ရလို့ ဝမ်းသာနေတာ”
ရှန်းကူရန်က ပြုံးလိုက်သည်။
“မလိုဘူး”
ရှန်းချင်းဟန်က ပြောသည်။
ရှန်းကူရန်သည် ကြားလိုက်ပုံမရဘဲ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။  ရှန်းချင်းဟန်သည် သူ့အား ပြောရန်ပျင်းသော ကြောင့် ခေါင်းငုံ့က လုပ်လက်စအလုပ်များကို ဆက်လုပ်နေသည်။
“အစ်ကိုတော်က ပြောင်းလဲသွားတယ်လို့ ကျွန်တော်အမြဲတမ်းခံစားနေရတာ”
ရှန်းကူရန်သည် ရှန်းချင်းဟန်အား ကြည့်၍ ရုတ်တရက် ပြောသည်။
ရှန်းချင်းဟန်သည် ရှန်းကူရန်၏စကားများအား မကြားသကဲ့သို့ အာရုံမစိုက်ပေ။
“ဘယ်လိုပြောရမလဲ…….”
ရှန်းကူရန်သည် မေးစေ့အားကိုင်၍ ရေရွတ်သည်.
“ပိုပြီးနူးညံ့လာတယ်၊ လင်းကျဲ့ကို ကိုယ်တိုင်ပွေ့ချီပြီး ခေါ်လာတဲ့ အစ်ကိုတော်အကြောင်းကို ကျန်းရန်ပြောလို့ ကျွန်တော်ကြားခဲ့ရတယ်”
ရှန်းချင်းဟန်၏လှုပ်ရှားမှုများနှင့် အောက်သို့ငုံ့နေသော မျက်စိများသည် အကြိမ်ကြိမ်ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွား၍ ခေတ္တမျှငြိမ်သက်နေပြီးနောက် စကားလုံးများကို ထုတ်လွှတ်လိုက်သည်။
“အခြေအနေက ကြုံလာလို့ပါ”
ထို့သို့ကြားသောအခါ ရှန်းကူရန်သည် ရယ်မောလိုက်သည်။
“ဒီမှာ ငွေ ၃၀၀လျန်းမရှိဘူးဆိုတဲ့ ရှင်းပြချက်ကို သုံးပေးလို့ရမလား”
ရှန်းချင်းဟန်သည် ရှန်းကူရန်အား အချိန်အကြာကြီးစိုက်ကြည့်နေသည်။
“ကောင်းပြီ၊ ဒါဆို ကျွန်တော် အစ်ကိုတော်ကို မနှောင့်ယှက်တော့ပါဘူး၊ ကူရန်ပြန်လိုက်ပါဦးမယ်”
ရှန်းကူရန်သည် ပြုံးလိုက်ပြီး စားပွဲမှ ထရပ်လိုက်ပြီး တံခါးဆီသို့ ဦးတည်သွားလိုက်သည်။
“အထီးကျန်ငန်း”
ရုတ်တရက် ရှန်းချင်းဟန်သည် ရှန်းကူရန်အား ဟန့်တားလိုက်သည်။
သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
“မင်းမေ့ပစ်လိုက်တာ ပိုကောင်းမယ်”
ရှန်းချင်းဟန်က ပြောသည်။
“အစ်ကိုတော်က အရမ်းစကားများတာပဲ”
ရှန်းကူရန်၏မျက်လုံးများသည် သိသာစွာမှုန်မှိုင်းသွားပြီးနောက် ခါးသီးစွာပြုံး၍ ထွက်သွားသည်။
ရှန်းချင်းဟန်သည် ရှန်းကူရန်၏နောက်ကျောအား ကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
လင်းကျဲ့သည် သူနှင့် စန်းရှီ သုံးရက်ကြာကူးရေးခဲ့သော ထုံးတမ်းစာအုပ်များကို ရှန်ချင်းဟန်လက်ထဲသို့ ပေးလိုက် သည်။
“တကယ်ပဲ ဒါတွေကို မင်းကိုယ်တိုင် ကူးရေးလာတာလား”
ရှန်းချင်းဟန်သည် တစ်အုပ်ပြီးတစ်အုပ် စစ်ဆေးလျက်ပြောသည်။
“ဟုတ်တယ်”
လင်းကျဲ့သည် မျက်နှာအား ကုတ်ခြစ်လျက် ရယ်သည်။
“ရိုးရိုးသားသားဖြေ”
ရှန်းချင်းဟန်သည် စာအုပ်များကို အောက်ချ၍ လင်းကျဲ့အား ကြည့်သည်။
“တစ်ဝက်က ကျွန်တော်ကိုယ်တိုင် ကူးရေးတာ”
လင်းကျဲ့သည် အပြုံးနှင့် လျင်မြန်စွာဖြေသည်။
“တစ်ဝက်ကရော”
လက်ပိုက်လျက် ရှိနေသော ရှန်းချင်းဟန်၏ မျက်လုံး မျက်ခုံးများ ကျုံ့လျှက် ပျင်းရိပုံပေါ်နေသည်။
“စန်းရှီ…”
လင်းကျဲ့သည် ချောင်းဟန့်လိုက်သည်။
“ဒီလိုဖြစ်လိမ့်မယ်လို့ ငါထင်သားပဲ”
ရှန်းချင်းဟန်သည် သက်ပြင်းချ၍ နဖူးကို ရိုက်လိုက်သည်။
“ကောင်းပြီ၊ ကျွန်တော်ဝန်ခံပြီးပြီလေ၊ ကျွန်တော့်ကို သက်ညှာပေးနိုင်မလား”
လင်းကျဲ့က အပြုံးဖြင့်မေးလိုက်သည်။
“မင်း ဘာပြောခဲ့သလဲ”
ရှန်းချင်းဟန်တွင် မည်သည့်အမူအရာမှမရှိပေ။
“တကယ်တော့ ကျွန်တော် အကုန်လုံးကို ကူးရေးမလို့ပါပဲ၊ ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး”
လင်းကျဲ့က လေးနက်စွာပြောသည်။
“အို့၊ ပြဿနာက ဘာလဲ”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်၍ ပြုံးလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now