part 95

1.3K 169 3
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၅

အချိန်အတော်ကြာသည်အထိ လင်းကျဲ့သည် အဝတ်အစားများနှင့် ကောက်ကြောင်းများ ပြည့်စုံနေသည့် ရှန်းချင်းဟန်နှင့် သူ့လက်မောင်းများကြားထဲမှ မိန်းကလေးကို ကြည့်နေသည်။
“ရှန်းချင်းဟန် ခင်ဗျားထွက်သွားပြီးတော့ တစ်ညလုံးပြန်မလာတာက မသပ်မရပ် အဝတ်အစားတွေနဲ့ သတိမေ့ နေတဲ့ မိန်းကလေးတစ်ယောက်ကို ဝယ်ဖို့လား၊ ခင်ဗျားက အဲ့လိုလူမျိုးဆိုတာ ကျွန်တော်ထင်မထားဘူး၊ အိုး၊ ကမ္ဘာကြီးက မကောင်းတော့ဘူးပဲ၊ လူတွေရဲ့နှလုံးသားက မအိုသွားဘူး၊ ယောက်က်ျားကတော့ ယောက်ျားပါပဲ၊”
လင်းကျဲ့သည် တည်ငြိမ်သောမျက်နှာဖြင့် ရောက်လာပြီး နှုတ်ခမ်းထောင့်မှ လေမှုတ်ထုတ်လိုက်သည်။
“မင်း ဘာတွေပြောနေတာလဲ၊ ဒီကိုလာကူစမ်း”
ရှန်းချင်းဟန်၏မျက်နှာသည် တည်သွားပြီး အေးစက်စွာပြောသည်။
“ကျွန်တော် မကောင်းမှုတစ်ခုကို မကူညီချင်ဘူး”
လင်းကျဲ့သည် အော်ပြောလိုက်သည်။
“အင်း၊ မင်းက ငါ့ခံစားချက်ကိုပိုကောင်းအောင် လုပ်နေတာပဲ”
ရှန်းချင်းဟန်၏မျက်ခုံးများသည် ပင့်တက်သွားသည်။  နောက်ဆုံးတွင် လင်းကျဲ့အား မကြည့်တော့ဘဲ သူသည် မိန်းကလေးကို ချီ၍ သူ့အခန်းတွင်းသို့ဝင်သွားပြီး တံခါးကို အသံမြည်အောင်ပိတ်လိုက်သည်။
လင်းကျဲ့သည် မည်သည့်နေရာက ရောက်လာမှန်းမသိသည့် ဒေါသများနှင့် အလွန်စိတ်ဆိုးနေသည်။  သူ၏နဖူးပေါ်မှ သွေးကြောများသည်လည်း ဖောင်းလာသည်။  သူသည် ပိတ်ထားသောတံခါးကို စိုက်ကြည့်ပြီးနောက် သူ၏မျက်နှာ သည်လည်း ကြည့်ရဆိုးလာပြီး ရေရွတ်နေသည်။
“အရိုင်းအစိုင်း ရှန်းချင်းဟန်၊ ခင်ဗျား မိန်းကလေးကိုမြင်ရင် လမ်းတောင်မလျှောက်နိုင်တော့ဘူးမလား”
လင်းကျဲ့က ရှန်းချင်းဟန်သည် သူ့လက်ထဲတွင် မိန်းကလေးတစ်ယောက်အား ပွေ့ထားသည်ကို တွေးမိလိုက် သည်နှင့် ဒေါသများသည် သူ၏ရင်ဘက်ထဲမှ လိမ့်တက်လာသည်။  သူသည် ထိုအကြောင်းအား ပို၍ တွေးမိလေ လေ စိတ်ဆိုးလေလေဖြစ်သည်။  သူသည် တံခါးအားရိုက်၍ သူ့အခန်းဆီသို့ ထွက်လာခဲ့သည်။
“မေ့လိုက်တော့၊ ငါကတော့ သူ့ကို တညလုံးစောင့်နေခဲ့ရတာ၊ ဒီမျက်နှာသေကတော့”
လင်းကျဲ့သည် အိပ်ရာပေါ်တွင်ပစ်လှဲလိုက်ပြီး ခေါင်းအုံးကို ဖက်ထားလိုက်သည်။
“အများအားဖြင့် သူ့ရဲ့ဘိုးဘွားအုတ်ဂူကို တူးလိုက်သလိုမျိုး ငါက အဲ့ဒါကိုထိလိုက်တာပဲ၊ အခု မိန်းကလေး တစ်ယောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ထားတယ်၊ သေချာပါတယ်၊ မင်းမိန်းကလေးတွေကိုပဲ ကြိုက်တုန်း မလား”
ထိုစကားကို အဆုံးသတ်ပြီးနောက် လင်းကျဲ့သည် အနည်းငယ်စိတ်ပျက်သွားပြီး မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း သူသည် နှလုံးသားထဲတွင် ဘာမှမရှိသလို ခံစားနေရသည်။
“တကယ် နေလို့မကောင်းဘူး”
လင်းကျဲ့က ရွေရွတ်လိုက်သည်။
လင်းကျဲ့က သူသည် ပို၍ ထူးဆန်းလာသည်ကို ခံစားခဲ့ရသည်။  သူက ထိုထူးဆန်းသောအရာသည် မည်သည့် နေရာက လာသည်ကို အဖြေမထုတ်နိုင်ပေ။  သူသည် ခေါင်းကို ရမ်းလိုက်ပြီး ထိုအကြောင်းအားမတွေးမိစေရန် ကြိုးစားလိုက်သည်။
သူသည် တည်ငြိမ်လာသောအခါတွင် လင်းကျဲ့သည် သူ့ခြေထောက်မှာ နာကျင်မှုကို ခံစားလိုက်ရသည်။  သူသည် အသက်တစ်ချက်ရှူကာ ဘောင်းဘီကို လိပ်တင်လိုက်သည်။  သူသည် ခြေထောက်ပေါ်မှ  ကြီးမားသောဒဏ်ရာကို တွေ့လိုက်ရသည်။
“အိုး၊ မင်းက အခု ခွေးခြေခုံကို မတော်တဆတိုက်မိခဲ့တာလား”
လင်းကျဲ့သည် ခြေထောက်ပေါ်မှ ဒဏ်ရာကို ကြည့်လျက် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် အလျင်လိုနေသောခြေသံများကို ကြားလိုက်ရပြီးနောက် တံခါးဖွင့်သံနှင့် ပြန်ပိတ်သံကိုပါ ကြားလိုက်ရသည်။
“တစ်ယောက်တည်းရဲ့ခြေသံမကဘူး”
လင်းကျဲ့သည် ညည်းတွားလိုက်ပြီး ရှန်းချင်းဟန်၏အခန်းတွင်းမှ အဖြစ်အပျက်များကို စပ်စုချင်စိတ်သည် သူ၏ နှလုံးသားထဲမှ ထိုးထွက်လာသည်။
“မင်းဘာတွေလုပ်နေတာလဲ”
လင်းကျဲ့သည် တံခါးဆီသို့ ထော့နဲ့ထော့နဲ့ဖြင့်သွားလိုက်ပြီး တံခါးကိုဖွင့်၍ ပိတ်ထားသောတံခါးကို လှမ်းကြည့် လိုက်သည်။
“ခိုးနားထောင်နေတာတာလေ၊ အဆင်ပြေတယ်မလား”
လင်းကျဲ့သည် နှုတ်ခမ်းကို မဲ့၍ အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။  ထို့နောက် သူသည် ရှန်းချင်းဟန်၏ အခန်း တံခါးဆီသို့လာကာ တံခါးအနီးသို့ကပ်၍ အထဲမှ အသံများကို နားထောင်နေခဲ့သည်။
“သခင်လေးနှစ်ယောက် အပြင်ထွက်ပေးပါ”
ထိုအသံသည် မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်။
ထိုအသံအားကြားသည်နှင့် လင်းကျဲ့သည် ထိတ်လန့်သွားပြီးနောက် မလှုပ်ရှားနိုင်ခင်မှာပင် အခန်းတံခါးသည် ပွင့်သွားသည်။  အစွန်းအထင်းကင်းစင်သော ဝတ်ရုံ၏သည် လင်းကျဲ့၏ မြင်ကွင်းထဲတွင်ဝင်လာပြီး သူသည် တောင့်တင်းသွားသည်။
“မင်း ဘာလုပ်နေတာလဲ”
အေးစက်သောအသံသည် သူ၏ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။  လင်းကျဲ့သည် ထိုအခြေအနေအရ ခေါင်းမော့ ပြီး ရှန်းချင်းဟန်၏ အေးစက်သောမျက်နှာကို ကြည့်လိုက်သည်။
“ဘာမှမလုပ်ပါဘူး”
လင်းကျဲ့သည် မတ်တ်ရပ်ပြီး ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အခန်းတွင်းမှအခြေအနေကို ကြည့်လိုက် သည်။  သူသည် ရှန်းချင်းဟန်ခေါ်လာသောမိန်းကလေးကို အမျိုးသမီးသမားတော်မှ သွေးခုန်နှုန်းစမ်းနေသည်ကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ရှန်းချင်းဟန်၏ နောက်တွင် ရပ်နေသော ကျန်းရန်သည် ချွေးပြန်နေသည်မှာ မတိတ်နိုင်တော့ပေ။  သူသည် မည်ကဲ့သို့များ ငြင်းနိုင်ပါလိမ့်။ 
“ရှန်းချင်းဟန် ကျွန်တော်ခင်ဗျားကိုပြောနိုင်တယ်၊ အိမ်ရှေ့စံမင်းသားကလည်း သာမန်ပြည်သူတွေကဲ့သို့ ဥပဒေကို ချိုးဖောက်ပြီး တူညီတဲ့အပြစ်တွေကို ကျူးလွန်နိုင်တယ်”
ရှန်းချင်းဟန် စိတ်မဆိုးနိုင်ခင်မှာပင်  လင်းကျဲ့က စကားစပြောလာသည်။
ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်၏မျက်နှာသည် ပို၍ကြည့်ရဆိုးလာပြီး အသံတိုးတိုးဖြင့်ပြောသည်။
“မင်း ဒါကဘာအဓိပ္ပါယ်လဲ”
“ကျွန်တော်ဆိုလိုတာက တချို့ တိရိစ္ဆာန်လိုလူတွေ”
လင်းကျဲ့သည် ထိုမိန်းကလေးကို ပွေ့ချီထားသော ရှန်းချင်းဟန်ကို တွေးလိုက်မိသောအခါ သူသည် အလွန် စိတ်ဆိုး၍ ဒေါသထွက်လာသည်။  သူသည် ယုတ်မာသော နောက်ဆုံးစကားနှစ်ခွန်းကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ သည်။
“…….”
ရှန်းချင်းဟန်၏မျက်နှာသည် အေးစက်နေပြီး သူ၏မျက်လုံးများသည် ပါးလွှာသော ရေခဲအလွှာတစ်ခုကဲ့သို့ ဖြစ်နေ သည်။  ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်သောလေထုက လွှမ်းခြုံနေသကဲ့သို့ ဖြစ်နေသည်။
ကျန်းရန်သည် ဆံပင်များထောင်ထလာပြီး အမြန်ပြောလိုက်သည်။
“သခင်လေး နားလည်မှုလွဲနေတာများ ရှိပါသလား”
“ငါက နားလည်မှု မလွဲပါဘူး”
လင်းကျဲ့သည် ပြောပြီး လှည့်ထွက်သွားသည်။
ရှန်းချင်းဟန်သည် အပြင်သို့ထွက်လိုက်ပြီးနောက် ကျန်းရန်က တံခါးပိတ်လိုက်သည်။
“မင်းသား ဘာလို့မရှင်းပြလိုက်တာလဲ၊ မဟုတ်ရင် သခင်လေးက စိတ်ဆိုးနေလိမ့်မယ်”
ကျန်းရန်သည် ကူကယ်ရာမဲ့နေသည်။
ရှန်းချင်းဟန်၏ မျက်နှာမှာ အမူအရာကင်းမဲ့နေပြီး သူ၏မျက်လုံးများသည်လည်း အေးစက်နေပြီး ထူးခြားမှုမရှိပေ။
“မဟုတ်ဘူး၊ ငါက စိတ်ဆိုးနေပြီးသား”
လင်းကျဲ့သည် လက်ကိုဆန့်ထုတ်ပြီး ရှန်းချင်းဟန်အား မကျေနပ်စွာဖြင့်ကြည့်လိုက်သည်။
“ရှန်းချင်းဟန်က ဒီလို လူတစ်ယောက်ဆိုတာ ငါထင်မလားဘူး၊ ငါက မျက်စိကန်းနေခဲ့တာပဲ၊ ကျွန်တော်က ခင်ဗျားကို လူကြီးလူကောင်းတစ်ယောက်လို့ ထင်ထားခဲ့တာ၊ ကျွန်တော်ခင်ဗျားကို စကားမပြောတော့ဘူး”
နားထောင်နေသော ကျန်းရန်သည် လေကိုမှုတ်လိုက်မိသည်။  မင်းသား၏ပါးစပ်သည် ဘာကြောင့် ဆွံ့အနေပါသနည်း။
ရှန်းချင်းဟန်၏မျက်နှာသည် တင်းမာလာပြီးနောက် ထွက်သွားလေတော့သည်။
ရှန်းချင်းဟန် ထွက်သွားပြီးနောက်တွင် လင်းကျဲ့သည် ပို၍ ဒေါသထွက်လာသည်။
“သခင်လေး နားလည်မှုလွဲနေပါတယ်”
ထိုအချိန်တွင် ကျန်းရန်သည် ရှင်းပြရန်ကြိုးစားရုံမှအပ မတတ်နိုင်ပေ။
“ငါက ဘာမှားလို့လဲ”
လင်းကျဲ့က ကျန်းရန်ကို စိုက်ကြည့်လိုက်သည်။
“တကယ်တော့ မင်းသားက သခင်လေး ပြောသလိုမဟုတ်ပါဘူး”
ကျန်းရန်သည် တိရိစ္ဆာန်ကဲ့သို့ဆိုသောစကားများကို မြိုချလိုက်ပြီး ဆက်ပြောသည်။
“ဒီမိန်းကလေးက မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်၊ မင်းသားက စေတနာနဲ့ကယ်ခဲ့တာပါ၊ ဒီကိစ္စက မင်းသားနဲ့ဘာမှမဆိုင်ပါဘူး”
ထိုစကားကို ကြားသောအခါ လင်းကျဲ့သည် ရှုပ်ထွေးသွားသည်။  ကျန်းရန်၏စကားများကို နားလည်သွားပြီး နောက် လင်းကျဲ့၏မျက်လုံးများသည် ပြူးကျယ်သွားပြီး ပါးစပ်ကိုပိတ်လိုက်သည်။
“မင်းပြောတာက ဒီမိန်းကလေးက ရေထဲကိုခုန်တာကို ရှန်းချင်းဟန် ကယ်ခဲ့တယ်လို့ပြောတာလား”
ကျန်းရန်က ခေါင်းညိတ်ပြသည်။
လင်းကျဲ့က သူသည် ရှန်းချင်းဟန်အား ပြောခဲ့မိသမျှကို မှတ်မိသွားပြီး တစ်ကိုယ်လုံးနေ၍ မကောင်းတော့ပေ။  သူသည် နှုတ်ခမ်းထောင့်မှ လေကိုမှုတ်ထုတ်လိုက်ပြီးနောက်ပြောသည်။
“ငါတော့ အခုသေပြီ”
“သခင်လေး မင်းသားက တကယ်စိတ်ဆိုးသွားတာ၊ သခင်လေးကံကောင်းပါစေလို့ကျွန်တော်ဆုတောင်းပါတယ်”
ကျန်းရန်သည် ဆုတောင်းပေးရုံမှလွဲ၍ မတတ်နိုင်ချေ။
“မင်းက ဒီအကြောင်းကို စောစောမပြောဘူး”
လင်းကျဲ့သည် မျက်ရည်မကျဘဲ ငိုချင်နေသည်။  သူသည် မျက်လုံးများကို လက်များဖြင့်ဖုံးအုပ်လိုက်သည်။
“အား“
“သခင်လေး လိုက်သွားပြီး မတောင်းပန်ချင်ဘူးလား၊ ခေါင်းငုံ ဒါမှမဟုတ်တခုခုပေါ့၊ မင်းသားက ကျေနပ်ရင် သခင်လေးကို ခွင့်လွှတ်ပေးပါလိမ့်မယ်”
ကျန်းရန်က ရှန်းချင်းဟန်ထွက်သွားရာသို့ ညွှန်ပြလိုက်သည်။
စကားမဆုံးခင်မှာပင် လင်းကျဲ့က ပြေးသွားသည်။
“မိဖုရား ဦးညွှတ်ပြီး တောင်းပန်သင့်ပါတယ်”
ကျန်းရန်သည် သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်ပေ။
လင်းကျဲ့သည် ယခုသူ၏နှလုံးသားသည် ကြေမွနေလေသည်။
ပြင်ပရုပ်သွင်နှင့် အတွင်းစိတ်၏ ကွဲပြားချက်၊ အဝတ်နဲ့ တိရစ္ဆာန်တွေကြားက ကွာခြားချက်က ဘာလဲ၊ သူက ယဉ်ကျေးမှုမရှိတဲ့ လူကြီးမို့ ဒီစကားလုံးတွေကနေ ရုန်းထွက်နိုင်ရတာလဲ။
ယခု လင်းကျဲ့သည် နောင်တရနေသည်။
ယခုအချန်တွင် ရှန်းချင်းဟန်က သူ့အား သတ်လိုသည်ကို သေချာနေသည်။
လင်းကျဲ့သည် စင်္ကြန်လမ်းတွင်ရပ်နေသော ဝတ်စုံအဖြူနှင့် ရှန်းချင်းဟန်ကို မြင်သောအခါ ရပ်လိုက်သည်။  ခြေလှမ်းအနည်းငယ်ပင် လိုတော့သည် ဖြစ်သော်လည်း သူသည် ဆက်၍ မလျှောက်နိုင်တော့ပေ။  သူ၏ခြေထောက်များသည် အားနည်းနေသည်။
အခု ရှန်းချင်းဟန်၏ လက်များဖြင့်သူ့အား ဆွဲဖြဲပစ်လိမ့်မလား မသိနိုင်တော့ပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားМесто, где живут истории. Откройте их для себя