Part 132

1.2K 178 6
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 132

ယနေ့ ရှန်းချင်းဟန်သည်တစ်ချိန်လုံးမျက်ခုံးလှုပ်နေသည်။

“မင်းသားဘာဖြစ်လို့ပါလဲ”

ကျန်းရန်သည် ရှန်းချင်းဟန်အဆင်မပြေဖြစ်နေသည်ကိုမြင်သောကြောင့်မေးလိုက်သည်။

“မျက်လုံးတွေကတစ်မျိုးဖြစ်နေတယ်”

ရှန်းချင်းဟန်က ခေါင်းငုံ့ပြီး မျက်လုံးများကို ပွတ်သပ်လိုက်သည်။

“ဘာလို့စောစောပြန်ပြီးအနားမယူတာလဲ မင်းသား၊ မအိပ်တဲ့ညတွေလည်းများနေပါပြီ ဒီတော့ စားချင်စိတ်လည်း မရှိဘူးမလား”

ကျန်းရန်က စိုးရိမ်စွာပြောသည်။ ထိုစကားကိုကြားသောအခါ ရှန်းချင်းဟန်က ခေါင်းညိတ်သည်။

“အင်း”

မင်းသားအိမ်တော်သို့ သူပြန်ရောက်သောအခါ ညရောက်နေပြီဖြစ်သည်။ ရှန်းချင်းဟန်က လှည်းပေါ်မှဆင်းပြီး ခြံဝန်းထဲသို့ကြည့်လိုက်သည်။

“မင်းသား ဘယ်သူ့ကိုရှာနေပါသလဲ”

“မရှာပါဘူး”

ရှန်းချင်းဟန်က ခေါင်းရမ်းပြပြီးနောက် အိမ်တော်ထဲသို့ဝင်လာသောအခါ အနီရောင်ဝတ်ဆင်ထားသော ရှန်းကူရန်အား တွေ့လိုက်ရသည်။

“မင်းဘာကြောင့်လာတာလဲ”

ရှန်းကူရန်က အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူသည် နတ်ဆိုးကဲ့သို့ပြုံးလိုက်သည်။

“အစ်ကိုတော်ကို လက်ဆောင်လာပေးတာပါ”

“ဘာတွေလုပ်ခဲ့ပြန်ပြီလဲ”

ရှန်းချင်းဟန်က သက်ပြင်းချသည်။

“အဲ့လိုဖြစ်မနေပါနဲ့၊ အဲ့ဒီလက်ဆောင်က အစ်ကိုတော်ကြိုက်မှာသေချာပါတယ်”

ရှန်းကူရန်က အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်သောအခါ ရှန်းချင်းဟန်၏မျက်ခွံများသည် ပြင်းထန်စွာလှုပ်ခတ်သွားသည်။

“အင်း၊ လက်ဆောင်ကို အစ်ကိုတော့်အခန်းထဲမှာထည့်ထားခဲ့တယ်၊ ပျော်ရွှင်ပါစေ”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now