unicode
Chapter 44“ကျွန်တော် ဘာလို့ ဒါကို အိမ်ရှေ့မင်းသမီးကို အရင် ရှင်းမပြတာပါလိမ့်”
လျူဇီချင်းသည် စားပွဲခုံပေါ်မှ စာစီစာကုံး တစ်ပုဒ်ကို ယူလိုက်သည်။
“ကျွန်တော်က သုံးနှစ်သားကလေး မဟုတ်ဘူး၊ ကျွန်တော် ဘယ်လိုစကားမျိုး ပြောရမလဲ”
လင်းကျဲ့က နှုတ်ခမ်းကို တွန့်လိုက်သည်။
“ဒါဆို အိမ်ရှေ့စံမိဖုရားက ဘာကို သင်ကြားချင်ပါသလဲ”
လျူဇီချင်းသည် အားတင်း၍ ပြုံးလိုက်သည်။
“ဘာဖြစ်ဖြစ်”
လင်းကျဲ့က လက်ကို ယမ်းလိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်သည်။ ဪ စာသင်ရတာ အရမ်းပင်ပန်းလိုက်တာ။
“…”
နောက်ဆုံးတွင် တစ်ရက်ပြီးသွားပြီ။ လင်းကျဲ့သည် ခန္ဓာကိုယ်အား ဆန့်လိုက်ပြီး စားပွဲခုံမှ ထလိုက်သည်။ မူလက မရှိသော အင်အားများသည် ပြည့်လာပြီး စန်းရှီအား အော်ပြောလိုက်သည်။
“သွားစို့”
“ဘယ်ကိုလဲ”
စန်းရှီသည် လန့်သွားသည်။
“စားဖို့လေ၊ တခြား ဘာလုပ်နိုင်ဦးမှာလဲ။ ပင်ပန်းလွန်းလို့ သေတော့မှာပဲ”
“ဒါပေမယ့် သခင်လေးက တစ်နေကုန် အိပ်နေတာလေ၊ မဟုတ်ဘူးလား”
စန်းရှီသည် မမေးဘဲ မနေနိုင်ပေ။
“စန်းရှီ၊ မင်း နားမလည်ပါဘူး”
လင်းကျဲ့က လေးနက်စွာ ပြောသည်။
“သခင်လေး…”
ဒါက ဘယ်လို အရည်အချင်း မျိုးပါလိမ့်။
“ဒါဆို လျူသခင်လေး၊ ကျွန်တော် အရင်သွားနှင့်ပါမယ်”
လင်းကျဲ့သည် ပြုံးပြ လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ သူသည် ကျောက်ရုပ်ဖြစ်နေသော လျူဇီချင်းအား ကြည့်၍ လင်းကျဲ့နောက်သို့ လျင်မြန်စွာ လိုက်သွားသည်။
လျူဇီချင်းသည် စိတ်ရှုပ်နေသည်။
ဒီလိုပါပဲ၊ ဒါက တကယ့် အိမ်ရှေ့စံမိဖုရားပါပဲ။
![](https://img.wattpad.com/cover/302550265-288-k511691.jpg)
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။