Part 152

1.5K 160 4
                                    

Unicode

Chapter 152

လင်းကျဲ့က သူ၏ခေါင်းသည် ကြမ်းပြင်နှင့်ပြင်းထန်စွာရိုက်မိလိမ့်မည်ဟု ထင်ထားသော်လည်း သူလဲကျသွားသောအချိန်၌ ရှန်းချင်းဟန်သည် သူ၏လက်အား ခေါင်းနောက်တွင်ထားလိုက်သောကြောင့် ပြင်းထန်စွာ မနာ ကျင်ခဲ့ပေ။

“တောင်းပန်ပါတယ်၊ မင်းနာသွားသေးလား”

လင်းကျဲ့က စိတ်ရှုပ်ထွေးသွားသည်။ ထိုခဏတွင် ရှန်းချင်းဟန်၏အသံသည် အနည်းငယ်အက်ကွဲနေသည်။ လင်းကျဲ့ ကြည့်လိုက်သည်နှင့် သူ့အပေါ်၌ရှိနေသောရှန်းချင်းဟန်အား မြင်လိုက်ရသည်။ ထိုအချိန်၌ ရှန်းချင်းဟန် ၏လက်သည် လင်းကျဲ့ခေါင်းအနောက်တွင် ရှိနေဆဲဖြစ်သည်။

“ကျွန်တော်အဆင်ပြေပါတယ်၊ ဒါပေမယ့် ခင်ဗျားအဆင်ပြေရဲ့လား”

လင်းကျဲ့သည် ချွေးများဖြင့်စိုရွှဲနေသောရှန်းချင်းဟန်အားကြည့်လိုက်သည်။ သူသည် ရှန်းချင်းဟန်၏မျက်နှာပေါ်မှ ချွေးများကို သုတ်ပေးလိုက်သည်။
အေးစက်သောလက်ချောင်းများသည် အရေပြားကို ပွတ်သပ်သွားပြီး ရှန်းချင်းဟန်၏လည်ချောင်းသည် တင်းကျပ်လာပြီးနောက် လင်းကျဲ့အား ကြည့်ပြီး ခန္ဓာကိုယ်ထဲရှိတစ်စုံတစ်ရာသည် ပေါက်ကွဲလုနီးပါးဖြစ်နေသည်။

“အင်း ငါအဆင်ပြေပါတယ်”

ရှန်းချင်းဟန်က အံကိုကြိတ်ပြီးတစ်ခွန်းချင်းပြောသည်။
သူ၏တစ်ကိုယ်လုံးသည် လောင်ကျွမ်းနေသကဲ့သို့ပူလောင်နေပြီး အဘယ့်ကြောင့်လည်ပင်းသည်လည်း ထိုမျှ ပူပြင်းနေသည်ကို သူမသိပေ။
လင်းကျဲ့က ရှန်းချင်းဟန်အားကြည့်ပြီး တံတွေးမြိုချမိလိုက်သည်။ သူတို့နှစ်ဦးသည် ထိုမျှလောက်နီးကပ်နေသည် မှာ ရှားပါးလှသည်။ သူသည် မည်ကဲ့သို့စိတ်လှုပ်ရှားနေသည်ကို လင်းကျဲ့မသိပေ။ သူ၏နှလုံးခုန်နှုန်းသည် မြန်နေသည်။ ရှန်းချင်းဟန်က နေမကောင်းနေဆဲဖြစ်သော်လည်း ထိုအကြံများ ရှိနေသည့်သူ့အတွက် အကျင့်မကောင်း သလိုခံစားလိုက်ရသည်။
သို့သော် အခွင့်အရေးသည် ရတောင့်ရခဲ့ဖြစ်သည်။

“ရှန်းချင်းဟန်…”

လင်းကျဲ့သည် အနည်းငယ်စွဲလမ်းနေသည်။ ရှန်းချင်းဟန်၏ချွေးများကို သုတ်ပေးထားသော သူ၏လက်သည် ရှန်းချင်းဟန်၏မျက်နှာအား ထပ်မံထိတွေ့လိုက်သည်။
ရှန်းချင်းဟန်၏မျက်လုံးများသည် အနည်းငယ်လှုပ်ရှားသွားသည်။ လင်းကျဲ့က ခေါင်းမော့လိုက်ပြီး သူ့အား နမ်းရန်ကြိုးစားလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now