part 117

1.3K 189 7
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း ၁၁၇

ညသည် အေးစက်နေသည်။
လင်းကျဲ့သည် ရှန်းချင်းဟန်အတွက် ဆန်ပြုတ်ချက်ပြုတ်ချင်သော်လည်း မီးဖိုခန်းထဲသို့ရောက်သောအခါ အဖွားအိုသည် ချက်ပြုတ်လျက် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။  လင်းကျဲ့သည် လက်ယားလာကာ ချက်ချင်းပင် အင်္ကျီလက်အား ပင့်တင်လျက် လျှောက်လာခဲ့သည်။
“ကျွန်တော်ကူညီပေးမယ် အဖွား”
လင်းကျဲ့သည် ပြုံးလျက်ပြောလိုက်သည်။
“ယောက်က်ျားလေး တစ်ယောက်ဖြစ်ပြီး ဘာလို့ချက်ပြုတ်မှာလဲ၊ ထွက်သွား အဖွားတာဝန်ထားလိုက်”
အဖွားအိုသည် ရယ်မောပြီးနောက် လင်းကျဲ့အား ထွက်သွားရန် လက်ပြလိုက်သည်။
ထိုစကားကို ကြားသည်နှင့်လင်းကျဲ့သည် သတိဝင်သွားသည်။
“အဖွားက ကျွန်တော့်ကို အထင်သေးတာလား၊ ကျွန်တော့်ကို အဲ့လိုမျိုးမကြည့်ပါနဲ့၊ ကလေးဘဝတည်းက မီးဖိုဆောင်ဝင်လာခဲ့တာပါ”
လင်းကျဲ့သည် အဖွားအို၏ဘေးတွင်ရပ်၍ တောက်ပစွာပြုံးပြလိုက်သည်။
“မယုံဘူးဆိုရင် အဖွားစောင့်ကြည့်နေပါ”
အဖွားအိုသည် လင်းကျဲ့အား ကြည့်၍ ရယ်မောလိုက်သည်။
ထို့နောက် လင်းကျဲ့သည် ခါးစည်းကို ဝတ်ဆင်လိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်ပြီး ဟင်းချက်ဖွယ်ရာများကို ကျွမ်းကျင်စွာ စတင်လှီးဖြတ်လေသည်။  အဖွားအိုသည် လင်းကျဲ့အား ချီးကျူးနေသည်။
နာရီဝက်ပင်မကြာဘဲ စားပွဲအပြည့်ဟင်းလျာများသည် အသင့်ဖြစ်နေသည်။  သာမန်ဟင်းလျာများပင် ဖြစ်သော် လည်း အရောင်အဆင်း အနံအရသာနှင့် ပြည့်စုံနေပြီး စွဲမက်ဖွယ်ရာပင်ဖြစ်သည်။
“အဖွား ကျွန်တော်မလိမ်ဘူးနော်”
လင်းကျဲ့သည် သူ့မျက်နှာပေါ်တွင်ပေကျံနေသည်များကို သတိမထားမိဘဲ ခါးစည်းကိုချွတ်၍ အပြုံးနှင့်ပြောလိုက် သည်။
အဖွားအိုစုံတွဲသည် လင်းကျဲ့အား ကြည့်၍ရယ်မောနေကြသည်။
“အဖွား ဘာရယ်နေကြတာလဲ”
လင်းကျဲ့က နားမလည်ပေ။
ထိုအချိန်တွင် ရှန်းချင်းဟန် ရောက်လာသည်။
“ရှန်းချင်းဟန် ခင်ဗျားက အချိန်မီ ရောက်လာတာပဲ၊ ကျွန်တော့်လက်ရာကို လာမြည်းကြည့်ပါဦး၊ အခုလေးတင် ချက်ပြီးတာ”
လင်းကျဲ့သည် ခြေသံကြားသောအခါ ရှန်းချင်းဟန်ကို လှည့်ကြည့်၍ပြောလိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်လိုက်သောခဏတွင် ဆွံ့အသွားပြီးနောက် သက်ပြင်းချကာ သူ့ဆီသို့ လျှောက်လာသည်။
“ဘာလဲ”
လင်းကျဲ့သည် ခေါင်းကိုစောင်း၍ သူ့ဆီသို့လာနေသော ရှန်းချင်းဟန်အား ကြည့်နေသည်။
“မင်းဟင်းချက်တဲ့ အခါတိုင်း ဘာလို့ဒီလောက်တောင် ပေပွနေတာလဲ”
ရှန်းချင်းဟန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ထိုစကားကို ကြားသည်နှင့် လင်းကျဲ့သည် သူ၏မျက်နှာအား လက်ဖြင့်သုတ်လိုက်သည်။  သူသည် အဖွားအိုစုံတွဲ အား စိတ်ဆိုးစွာဖြင့် ကြည့်လိုက်ပြီး ပြောသည်။
“အဖွား မြင်ရက်သားနဲ့ ကျွန်တော့်ကို ဘာလို့မပြောဘဲ ရယ်နေကြတာလဲ”
အဖွားအိုစုံတွဲသည် မည်သို့မှမပြောဘဲ ရယ်လိုက်ကြပြန်သည်။
လင်းကျဲ့သည် ခေါင်းငုံ့၍ မျက်နှာကို သုတ်ရန်ကြိုးစားသော်လည်း ပြောင်စင်အောင်မသုတ်နိုင်ပေ။
“ခုထိမပြောင်သေးဘူး”
ရှန်းချင်းဟန်က လင်းကျဲ့မျက်နှာမှ ပေပွနေသော နေရာအချို့အား ကြည့်၍ပြောလိုက်သည်။
လင်းကျဲ့သည် အံအားသင့်နေပြီး မတုန့်ပြန်နိုင်ပေ။  ရှန်းချင်းဟန်သည် လက်ကို မြှောက်၍ အေးစက်သော လက်ချောင်းများဖြင့် လင်းကျဲ့မျက်နှာပေါ်ရှိ ပြာမှုန်များကို ညင်သာစွာ သန့်ရှင်းပေးသည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏ လှပခန့်ညားသော မျက်ခုံးများနှင့် မျက်လုံးများကို ကြည့်နေသော်လည်း အနည်း ငယ် အသိစိတ်လွတ်နေပြီး ရှန်းချင်းဟန်၏ နက်ရှိုင်းသောအကြည့်ထဲတွင် ပျော်ဝင်နေသည်။
“ရပြီ၊ နောက်တခါဂရုစိုက်၊ ညစာစားကြစို့”
ရှန်းချင်းဟန်သည် လက်ကို ပြန်ရုတ်လိုက်ပြီးနောက် လင်းကျဲ့အား တချက်ကြည့်လိုက်သည်။  သူ၏နှုတ်ခမ်းစွန်း သည် အနည်းငယ်မြင့်တက်နေသည်။  ထို့နောက် သူက လှည့်ထွက်သွားသည်။
ရှန်းချင်းဟန် ထွက်သွားပြီးနောက် လင်းကျဲ့သည်သတိဝင်လာသည်။  သူသည်လည်ချောင်း ရှင်းလိုက်ပြီးနောက် နှုတ်ခမ်းကိုတွန့်၍ နှာခေါင်းကိုပွတ်လိုက်သည်။  သူသည်အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။
“ခင်ဗျားကဘာကြောင့်ဒီလောက်ကြည့်ကောင်းနေတာလဲ”
“ဒါနဲ့ ရှန်းချင်းဟန် ကျွန်တော်ခင်ဗျားအတွက် ဆန်ပြုတ်ကျိုထားတယ်၊ ယူလာခဲ့မယ်နော်”
လင်းကျဲ့သည် စားပွဲခုံရှေ့တွင် ထိုင်ရန်ပြင်လိုက်စဉ် ရုတ်တရက် သတိရသွားပြီးနောက် လျင်မြန်စွာမတ်တတ်ရပ် လိုက်သည်။
ရှန်းချင်းဟန်က မတုန့်ပြန်နိုင်ခင်မှာပင် လင်းကျဲ့သည် မီးဖိုဆောင်ဆီသို့ပြေးသွားသည်။
ရှန်းချင်းဟန်က လင်းကျဲ့၏ကျောပြင်အား ကြည့်နေသည်။
“လင်းသခင်လေးက ရှန်းသခင်လေးအတွက် အရမ်းစဉ်းစားပေးတာပဲ”
အဖွားသည် ထွက်သွားသောလင်းကျဲ့အား ကြည့်ပြီးနောက် ရှန်းချင်းဟန်အား ပြုံးလျက်ကြည့်လိုက်သည်။
“ဟုတ်ကဲ့”
ရှန်းချင်းဟန်သည်လည်း ပြုံးပြီးခေါင်းညိတ်သည်။  ခဏမျှကြာပြီးနောက် လင်းကျဲ့သည် အငွေ့တစ်ထောင်း ထောင်း ထနေသော ဆန်ပြုတ်တစ်ပန်းကန်ကို ယူလာပြီး ရှန်းချင်းဟန်ရှေ့သို့ချပေးလိုက်သည်။
“ခင်ဗျားရဲ့ဒဏ်ရာက သက်သာနေပြီလို့ အဖွားက ပြောတယ်၊ ပြီးတော့ ပျော့တာပဲစားသင့်တယ်တဲ့၊ အဲ့ဒီတော့ ဆန်ပြုတ်သောက်တာက အကောင်းဆုံးပဲ”
“ကျေးဇူးပဲ”
ရှန်းချင်းဟန်က ဆန်ပြုတ်ပူပူနွေးနွေးကို ကြည့်၍ ပြောသည်။
“ခင်ဗျားဆီက ကျေးဇူးတင်စကား ကြားရတာ ထူးဆန်းလိုက်တာ”
လင်းကျဲ့က မေးစေ့ကို ကိုင်ပြီး ရှန်းချင်းဟန်အား အပြုံးနှင့်ကြည့်လိုက်သည်။
ရှန်းချင်းဟန်သည် ဆန်ပြုတ်စားရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ပုခုံးတွင် ဒဏ်ရာရထားသည်ကို သတိရမိ လိုက်သောကြောင့် သူ၏လှုပ်ရှားမှုသည် အဆင်မပြေတော့ပေ။  သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။
သူက မော့ကြည့်လိုက်သောအခါ လင်းကျဲ့သည်သူ့အား မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ကျွန်တော် ခင်ဗျားကို ခွံ့ကျွေးစေချင်လား”
လင်းကျဲ့၏မျက်လုံးများသည် တောက်ပနေပြီး ထိုမျှော်လင့်ချက်သည် မည်သည့်နေရာကထွက်လာသည်ကို သူမသိပေ။
“……..”
ရှန်းချင်းဟန်သည် အမူအရာမဖော်ပြဘဲပြောသည်။
“မလိုဘူး”
“ဒါပေမယ့် ခင်ဗျားပုခုံးက နာနေတယ်မလား၊ ခင်ဗျားကဘယ်သန်လည်းမဟုတ်ဘူး၊ ဘယ်လက်နဲ့စားလို့ရမှာလား”
လင်းကျဲ့က ပြုံးလျက်မေးသည်။
“……….”
ရှန်းချင်းဟန်သည် ပြောစရာစကားကင်းမဲ့နေသည်။
“ကောင်းပြီ၊ ရှက်စရာမလိုပါဘူး၊ ခင်ဗျားအဆင်မပြေဘူးဆိုတာ ဝန်ခံလိုက်စမ်းပါ”
လင်းကျဲ့သည် ပန်းကန်လုံးကို ကောက်ယူလိုက်ပြီးနောက် ဆန်ပြုတ်အနည်းငယ်ကို ဇွန်းဖြင့်ခပ်ယူလိုက်ပြီး ရှန်းချင်းဟန်၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။
“လာပါ၊ ပါးစပ်ဟ”
ရှန်းချင်းဟန်သည် ဆန်ပြုတ်ပန်းကန်အား ငုံကြည့်နေပြီး သူ၏မျက်ခုံးများသည် မြင့်တက်ခြင်းမရှိဘဲ မနေနိုင်ပေ။
“ဘာလဲ”
လင်းကျဲ့က မသိပေ။
“မင်းက ငါ့ကို အပူလောင်စေချင်လို့လား”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်သည်။
“အို ကျွန်တော်မေ့သွားတာ၊ တောင်းပန်ပါတယ်”
လင်းကျဲ့က သတိဝင်သွားပြီးနောက် ရှက်ရွံ့စွာပြုံးလိုက်သည်။  ထို့နောက် ခေါင်းငုံပြီး ဆန်ပြုတ်ကို အေးသွားစေ ရန် ညင်သာစွာမှုတ်ပြီးနောက် ရှန်းချင်းဟန်ကို ခွံ့လိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့၏ တောက်ပသောအပြုံးကို ကြည့်၍ သက်ပြင်းချလိုက်ပြီးနောက် ပါးစပ်ကို အနည်းငယ်ဖွင့်ဟ၍ သူခွံ့ကျွေးသော ဆန်ပြုတ်အား စားလိုက်သည်။
ရှန်းချင်းဟန် စားနေသည်ကို ကြည့်၍ လင်းကျဲ့သည် မယုံကြည်နိုင်ပေ။
“ဘာလဲ”
ရှန်းချင်းဟန်က လင်းကျဲ့ကို ကြည့်လိုက်သည်။
“မဟုတ်ပါဘူး၊ ကျွန်တော် တွေးကြည့်မရလို့ပါ”
လင်းကျဲ့က ရှန်းချင်းဟန်အား စိုက်ကြည့်နေသည်။
“ဘာကို တွေးမရတာလဲ”
ရှန်းချင်းဟန်က နားမလည်ပေ။
“ကျွန်တော် ခွံ့ကျွေးတာကို ခင်ဗျားစားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
လင်းကျဲ့သည် လက်ဖြင့်ပါးကို လိမ်ဆွဲလိုက်ပြီးပြုံးနေသည်။  သူသည် အကြီးအကျယ်အံအားသင့်နေပုံပေါ်သည်။ 
“ကျွန်တော်အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်၊ ခင်ဗျားက နေ့တိုင်း ကျွန်တော့်ကို သေလောက်အောင် သဘောမကျတဲ့ ရေခဲတုံးကြီးပါပဲနော်”
“………”
ရှန်းချင်းဟန်သည် ရုတ်တရက် ဒေါသထွက်လာသည်။
“အာ ရှန်းချင်းဟန် ကျွန်တော်ရုတ်တရက် စိတ်လှုပ်ရှားသွားတယ်၊ အဲ့ဒါက အချစ်စစ်ပဲလား”
လင်းကျဲ့သည် ငိုချင်လာသည်အထိ စိတ်လှုပ်ရှားနေသည်။
“မဟုတ်ဘူး”
ရှန်းချင်းဟန်က ပြတ်သားစွာ ဖြေလိုက်သည်။
“………… ရှန်းချင်းဟန် ခင်ဗျားက တော်တော်လွန်တာပဲ….”
လင်းကျဲ့၏အပြုံးသည် ရုတ်ချည်းပင် ပျောက်ကွယ်သွားသည်။
“………”
ရှန်းချင်းဟန်သည် ဆွံ့အနေသည်။
သူ၏ နောက်ဆုံးဘဝတွင် မကောင်းမှု လုပ်ခဲ့မိသလား။
ထိုသို့မဟုတ်ပါလျှင် သူသည် မည်သည့်အတွက်ကြောင့် လင်းကျဲ့နှင့်ဆုံတွေ့ရသနည်း။
Zawgyi

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now