part 57

2.5K 289 4
                                    

Unicode
Chapter 57

“ကျွန်တော်လား၊ တကယ်က ကျွန်တော်က အဲ့ဒါကို Yue Lao အတွက် လုပ်ပေးနေတာ”

လင်းကျဲ့သည် လက်ချောင်းနှစ်ချောင်းအား ထုတ်၍ တင်းကျပ်စွာ ပူးထားလိုက်ပြီး ထိုလက်ချောင်းများကို ကြည့်ကာ ရယ်လိုက်သည်။

ကောင်းရော၊ ထပ်ရောက်လာပြန်ပြီ။

ရှန်းချင်းဟန်သည် ချက်ချင်းထွက်သွားရန် စီစဉ်လိုက်သည်။ သူသည် ဤအရက်မူးသမား လင်းကျဲ့နှင့် ဆက်နေရန် ပျင်းလာသည်။

“မသွားနဲ့၊ ကျွန်တော် အခုထိပြောလို့ မပြီးသေးဘူး၊ အနည်းဆုံး ကျွန်တော် ပြောပြီးတဲ့အထိ စောင့်သင့်ပါတယ်”

လင်းကျဲ့က နှုတ်ခမ်း စူလိုက်သည်။

ရှန်းချင်းဟန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

“တကယ်တော့ လျူသခင်လေးက အဲ့ဒီရှန်းကူရန်ကို သဘောကျနေတာ၊ ဒါ့ကြောင့် ကျွန်တောက ....ဟီးဟီးဟီး”

လင်းကျဲ့သည် ယုတ်မာသော အပြုံးနှင့် ဆက်၍ ပြုံးနေသည်။

ရှန်းချင်းဟန်သည် ပထမဦးစွာ စကားမပြောဘဲ အဝေးသို့ကြည့်နေသည်။ ထို့နောက် သူသည် လန့်ဖျပ်သွားပြီး လင်းကျဲ့ကို ကြည့်လိုက်သည်။

“ခင်ဗျားပြောလေ၊ လျူသခင်လေးက အထီးကျန်ဆန်တဲ့ ငန်းကို ကြိုက်တာလား”

“မင်းကို ဘယ်သူ့ကိုမှ ပြန်ပြောခွင့် မပေးဘူးနော်၊ အထူးသဖြင့် ရေခဲမင်းသားကို မပြောပြနဲ့၊ အဲဒါ မကောင်းဘူး”

လင်းကျဲ့သည် သူ၏ တစ်ကိုယ်လုံးကို ရှန်းချင်းဟန်၏ ခန္ဓာကိုယ်ပေါ်တွင် မီတွယ်ထားပြီး ရှန်းချင်းဟန်၏ အဝတ်အစားများကို သူ့လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်မှာ အဝတ်အစားများပင် အနည်းငယ် တွန့်သွားသည့် အထိပင် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်၏ ဒေါသသည် ရုတ်တရက် မြင့်တက်လာသည်။ သူသည် ခေါင်းငုံ၍ လင်းကျဲ့အား ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now