part 58

2.3K 289 4
                                    

Unicode

Chapter 58

ရှန်းကူရန်သည် ထွက်သွားသော ရှန်းချင်းဟန်ကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အား လှမ်းခေါ် လိုက်သည်။

“အစ်ကိုတော်”

လင်းကျဲ့သည် လန့်ဖျပ်ပြီး မျက်နှာသေြဖင့် ရှန်းချင်းဟန်အား ကြည့်၍ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ”

မမျှော်လင့်စွာပင် ရှန်းချင်းဟန်သည် သူ့အား လုံးဝ ဂရုမစိုက်ဘဲ လင်းကျဲ့အား ကွေ့ရှောင်၍ ထွက်သွားသည်။

လင်းကျဲ့သည် လုံးဝ လျစ်လျှူရှု ခံလိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ တင်းမာသွားသည်။

“အစ်ကိုတော် ဘယ်သွားမလို့လဲ”

ရှန်းကူရန်က လျင်မြန်စွာ မေးလိုက်သည်။

“နန်းတွင်းဝင်မလို့”

ရှန်းချင်းဟန်သည် ထိုစကားများအား ပြောပြီးသည်နှင့် ထွက်သွားသည်။

“geek”

လင်းကျဲ့သည် ထိန်းမထားနိုင်ဘဲ တိုးတိုးကြိမ်းမောင်းမိသည်။ ထို့နောက် မတ်တပ်ရပ်ကာ

“ငါ စာသင်ဖို့ သွားတော့မယ်၊ ရှန်းကူရန် မင်းမြန်မြန်ပြန်တော့”

ရှန်းကူရန်သည် အံ့သြသွားပြီး “မင်း စာသင်ရတာကို ဘယ်အချိန် ကတည်းက နှစ်သက်သွားတာလဲ”

“မင်းမထိန်းနိုင်ဘူးလား၊ လျူသခင်လေး သွားကြစို့”

လင်းကျဲ့သည် လျူဇီချင်းအား တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်း ထွက်သွားသည်။

လျူဇီချင်းသည် သက်ပြင်းချ၍ မတ်တပ်ရပ်ကာ ရှန်းကူရန်အား အရိုအသေ ပေးလိုက်သည်။

“ဒါဆို ဇီချင်း အရင်သွားနှင့် လိုက်ပါ့မယ်”

ရှန်းကူရန်သည် အနည်းငယ် စိတ်ရှုပ်ထွေး သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“အိုက်ယား၊ နှုတ်ဆက်နေတာလား၊ မြန်မြန်လာ၊ ခင်ဗျားကို ပြောစရာရှိတယ်”

လျူဇီချင်းသည် တစ်ခုခု ပြောလိုသေးသော်လည်း လင်းကျဲ့၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now