part 26

3.8K 389 1
                                    

unicode

Chapter 26

“ဒါပေမယ့် လင်းကျဲ့က တစ်ခုခုများ အမှားလုပ်ထားသေးလား၊ ဘာလို့ မပျော်ရွှင်တဲ့ပုံ ပေါက်နေတာလဲ၊ အစ်ကိုတော်”

ရှန်းကူရန်သည် တော်တော်စပ်စု (စူးစမ်း)လိုစိတ်ရှိပြီး အစ်ကိုတော်သည် အမြဲပင် ကြောက်စရာ ကောင်းလောက်အောင် တည်ငြိမ်မှန်းလည်း သိသည်။ ဒေါသကြီးသည်အား မေ့ထားလိုက်ပါက သူသည် သာမာန်အားဖြင့် လူများကို နှောင့်ယှက်တာတောင်မှ မလုပ်တတ်သူဖြစ်ပြီး ရှန်းချင်းဟန်မှ တစ်ယောက်ယောက်အား သတ်ပစ်ချင် သည်အထိ ဒေါသထွက်အောင် လုပ်နိုင်သူမှာ တစ်ယောက်သာရှိသည်။ ထိုသူမှာ လင်းကျဲ့သာဖြစ်သည်။

ရှန်းချင်းဟန်သည် လင်းကျဲ့ဟူသော စကားနှစ်လုံးအား ကြားလိုက်သောအခါ သူ၏နဂို အေးစက်နေသော မျက်နှာသည် ပို၍ အေးစက်လာပြီး လက်ထဲရှိ စုတ်တံပင် နှစ်ပိုင်း ကျိုးသွားလေသည်။

ရှန်းကူရန်သည် တံတွေးမျိုချလိုက်သည်။

ကြည့်ရသည်မှာ အစ်ကိုတော်သည် အရမ်းနာကြည်းနေပုံ ပေါ်သည်။

“အစ်ကိုတော်၊ ကျေးဇူးပြုပြီး ဒေါသကိုထိန်းပါဦး”

ရှန်းကူရန်သည် ချက်ချင်းပင် ကြိုးစား၍ ပြုံးလိုက်ပြီး ရှန်းချင်းဟန်၏ လက်ထဲမှ စုတ်တန်အား ဆွဲယူလိုက်သည်။

ရှန်းချင်းဟန်၏ မျက်နှာမှာ အေးစက်နေဆဲဖြစ်ပြီး လေထုသည်ပင် ရေခဲအဖြစ်သို့ ပြောင်းလဲနေသည်ဟု ထင်မှတ် မှားလောက်အောင် အေးစက်သော ခံစားချက်မှာလည်း လွမ်းခြုံနေသည်။

“အစ်ကိုတော် ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ ဝန်ကြီးဌာနမှာ ရှိတဲ့ အရာရှိတွေကိုတော့ ဖျက်ဆီးလို့ မရဘူးလေ၊ သူတို့ကိုတော့ ဖယ်ထားလိုက်ပါ”

ရှန်းကူရန်သည် အကူအညီမဲ့စွာ ပြောလိုက်သည်။

“ငါမလုပ်နိုင်ဘူး”

ရှန်းချင်းဟန်သည် အေးစက်စွာ ပြောလိုက်သည်။

ရှန်းကူရန်သည် ငိုရမည်လား၊ ရယ်ရမည်လား မသိတော့ပေ။

“အစ်ကိုတော်မှာ အသိတရား လုံးဝ မရှိတော့ဘူး။ ဘာမှမလုပ်ဘဲ အစ်ကိုတော်လို နှစ်တစ်သောင်း ရေခဲလူသားကြီး ဒီမှာ ထိုင်နေရင်တောင် ဒီဌာနဟာ ရက်အနည်းငယ် အတွင်း ပျက်ဆီးသွားလိမ့်မယ်”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now