part 99

1.4K 182 3
                                    

Unicode

အခန်း - ၉၉
ညအခါတွင် ရှန်းချင်းဟန်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်္ကြန်လမ်းတွင် ရပ်နေသည်။
ကျန်းရန်သည် အခန်းအပြင်သို့ထွက်လာပြီး ရှန်းချင်းဟန်ကို မြင်သောအခါတွင် ရိုသေစွာဖြင့်ပြောလိုက်သည်။
“မင်းသား”
“ကျန်းကျီအာ အစေခံရဲ့ အလောင်းစစ်ဆေးမှု အစီရင်ခံစာမှာ သဲလွန်စတွေရှိနိုင်တယ်၊ မရှိရင်လည်း မင်းကိုယ်တိုင် စစ်ဆေးခဲ့”
ရှန်းချင်းဟန်က ကျန်းရန်ကို ကြည့်၍ ပြောသည်။
“ကျွန်တော်မျိုး နားလည်ပါပြီ”
ကျန်းရန်က ခေါင်းညိတ်ပြသည်။
“မင်းကိုရှာမတွေ့အောင် သတိထားနော်၊ ပြီးတော့ ငါတို့စောင့်ကြည့်ခံနေရတယ်”
ရှန်းချင်းဟန်က အောက်ထပ်သို့ မသိမသာကြည့်လိုက်သည်။
“မစိုးရိမ်ပါနဲ့မင်းသား၊ အစေခံအနည်းငယ်က ကျွန်တော်မျိုးကို သေချာမကြည့်နိုင်ပါဘူး”
ကျန်းရန်က ပြောလိုက်သည်။
“သတိထားတာက ပိုကောင်းတယ်”
ရှန်းချင်းဟန်က ပြောသည်။
“ဟုတ်ကဲ့၊ ကျွန်တော်သတိထားပါ့မယ်”
ထိုအကြောင်းကို ကြားသောအခါ ကျန်းရန်က ပြန်ပြောလိုက်သည်။
ရှန်းချင်းဟန်သည် ပုံရိပ်၏အရိပ်ကို ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး အခန်းတွင်းသို့ ဝင်သွားသည်။
ရှန်းချင်းဟန်ကို ကြည့်လျက် သူတို့အားလုံးသည် အခန်းတွင်းသို့ဝင်လာခဲ့သည်။   များစွာသောလူများသည် တည်းခိုခန်းထဲသို့ဝင်လာခဲ့သည်။  သူတို့သည် အတူစု၍ တစုံတရာအား ပြောဆိုနေခဲ့သည်။  ထို့နောက် သူတို့သည် ကောင်းဖူဆီသို့ ထွက်လာခဲ့သည်။
“ဒီအရူးတစ်သိုက်ကတော့”
အမှောင်ထဲတွင် အနက်ရောင်ဝတ်စုံကို ဝတ်ထားသောကျန်းရန်သည် ပြတင်းပေါက်ပေါ်တွင် ပျင်းရိစွာထိုင်နေ သည်။  အောက်တွင်ရှိသောလူများကို ကြည့်၍ သူသည် ရယ်မောလိုက်ပြီး အဝေးသို့ လျှောက်သွားနေသော လူ တစ်ယောက်ကို မြင်လိုက်ရပြီး သူသည် ချွေးပြန်သွားကာ ဘာလုပ်ရမည်ကိုပင် မသိတော့ပေ။
ထိုလူများသည် မတွေ့သေးပေ။
ကောင်းဖူ၏ တောက်ပသောဧည်းခန်းထဲတွင် ကောင်းဖူသည် ထိုင်၍ လက်ဖက်ရည်သောက်နေသည်။
“ကောင်းသခင်ကြီး လူစိမ်းသုံးယောက်ကို စုံစမ်းဖို့လွှတ်ထားတဲ့ အစေခံပြန်လာပါပြီ”
ထိုအချိန်တွင် ဟီရှိရိသည် ဝင်လာခဲ့သည်။
“သူ့ကိုအထဲလွှတ်လိုက်”
ထိုစကားကို ကြားသည်နှင့် ကောင်းဖူသည် လက်ဖက်ရည်ခွက်ကို ချပြီးပြောသည်။
ခဏမျှကြာပြီးနောက် သတင်းပို့ရန်အတွက် အစေခံသည် ဝင်လာခဲ့ပြီး ကောင်းဖူကို အရိုအသေပေးလိုက်သည်။
“သခင်ကြီး”
“လူစိမ်းသုံးယောက်ကို စုံစမ်းတာဘယ်လိုလဲ”
ကောင်းဖူက မေးသည်။
“သခင်ကြီး လူစိမ်းသုံးယောက်လုံးက ယောက်ျားလေးတွေပါ၊ သူတို့ရဲ့အဆင့်အတန်းနဲ့ သရုပ်မှန်ကို ဂရုတစိုက်ဖုံး ကွယ်ထားပါတယ်၊ တည်းခိုခန်းက အစေခံရဲ့စကားအရ သူတို့က သခင်နှစ်ယောက်နဲ့ အစေခံတစ်ယောက်ဖြစ်ပြီး အပန်းဖြေဖို့အတွက် Nanxianခရိုင်ကို ဖြတ်လာတာလို့ ပြောပါတယ်”
အစေခံက သိခဲ့သည်များကို တည်ငြိမ်စွာပြောသည်။
“ဒါ အကုန်ပဲလား”
ကောင်းဖူက မကျေမနပ်ဖြင့်မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့က အလွန်လျှို့ဝှက်ပါတယ်၊ အဲ့ဒါကြောင့်…”
အစေခံက တံတွေးမြိုချလိုက်သည်။
“အချိန်ဖြုန်းတာပဲ”
ကောင်းဖူ၏မျက်နှာသည် ပြာနှမ်းလာသည်။
“သခင်ကြီး စိတ်မဆိုးပါနဲ့ဦး”
ဟီရှီရိက ကောင်းဖူကို အလျင်အမြန်နှစ်သိမ့်လိုက်သည်။  သူသည်အစေခံကို ကြည့်၍ ပြောသည်။
“မင်း သူတို့ကို တနေ့လုံးစောင့်ကြည့်ထားတာ ဘာမှရှာမတွေ့ခဲ့ဘူးလား”
“ဒီနေ့တစ်နေ့လုံးသူတို့က ဘာမှထူးထူးထွေထွေမလုပ်ပါဘူး၊ ပြီးတော့ကျွန်တော်တစ်နေ့လုံးမကြည့်ခဲ့ပါဘူး”
အစေခံသည် အမှန်အတိုင်းပြောရုံမှအပ ရွေးချယ်စရာမရှိပေ။
“တစ်နေ့လုံး မစောင့်ကြည့်ခဲ့ဘူး?”
ကောင်းဖူက မေးလိုက်သည်။
“အမှန်ပါပဲခင်ဗျာ”
“ဟီသခင်လေး သူတို့က တကယ်ပဲဖြတ်သွားရုံပဲလား၊ တကယ်လို့သူတို့က မြို့တော်ကသာဆိုရင် ရုံးတော်ကို အရင်လာသင့်တာပေါ့”
ကောင်းဖူက တွေးမရဖြစ်နေသည်။
တစ်ဘက်တွင်လည်း ဟီရှိရိသည် အတွေးများသွားသည်။
“သခင်ကြီး နှစ်တစ်သောင်းသက်တမ်းရှိတဲ့ သင်္ဘောကြီးကို ဂရုတစိုက်ရွက်လွှင့်သလို ဒီကိစ္စလည်း ပိုပြီး ထိန်းသိမ်းရမှာပေါ့”
ကောင်းဖူက တိတ်ဆိတ်နေသည်။
“ကောင်းပြီ၊ မင်းပြန်သွားပြီးစောင့်ကြည့်နေ၊ ပြီးတော့ သတင်းလာပို့”
ဟီရှီရိသည် ရုံးတော်အစေခံကို လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုစကားကို ကြားသည်နှင့် အစေခံသည် ချက်ချင်းထွက်ခွာသွားသည်။
“သူပြောတဲ့အတိုင်းသာ အမှန်ဆိုရင် ဘယ်လိုလုပ်မလဲ”
ကောင်းဖူက မျက်မှောင်ကြုတ်လိုက်သည်။
“သခင်ကြီး ဆိုရိုးစကား တစ်ခုရှိပါတယ်၊ ကိုက်တဲ့ခွေးက မဟောင်ဘူးတဲ့၊ ဒါ့ကြောင့် မဟောင်တဲ့ခွေးက ကြောက်စရာအကောင်းဆုံးပါပဲ”
ဟီရှီရိက အသံတိုးတိုးဖြင့်ပြောသည်။
“သခင်လေး တော်တယ်’
ကောင်းဖူက ပြုံးလိုက်သည်။
ထိုအချိန်တွင် ခေါင်မိုးပေါ်၌ ကျန်းရန်သည် အောက်မှ ပြောသောစကားများကို နားထောင်နေပြီး မပြုံးဘဲမနေနိုင် ပေ။
နောက်ရက်တွင် လင်းကျဲ့နိုးလာသောအခါ နေ့လည်ခင်းပင် ရောက်လုပင်ဖြစ်သည်။
သူသည် အညောင်းဆန့်လိုက်ပြီးနောက် အခန်းထဲမှထွက်လာသည်။  သူသည် အပြင်သို့ထွက်လိုက်သည်နှင့် ကျန်းရန်နှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။
“သခင်လေးနိုးလာပြီပဲ”
ကျန်းရန်က ပြုံးပြသည်။
လင်းကျဲ့က တစ်စုံတစ်ရာမှားယွင်နေကြောင်း ခံစားလိုက်ရသောကြောင့် ကျန်းရန်ဆီသို့သွား၍ နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်သည်။
ကျန်းရန်က လန့်ဖျပ်သွားသည်။
“မင်း မနေ့ညက ဘယ်သွားခဲ့တာလဲ၊ တစ်ကိုယ်လုံးနံစော်နေတာပဲ”
အနံတစ်ခုကို ရသောအခါ လင်းကျဲ့သည် ချက်ချင်းပင် နှာခေါင်းကို ဖုံးအုပ်လိုက်ပြီး ရွံရှာသောမျက်နှာဖြင့် အဝေး သို့ ရှောင်လိုက်သည်။
“ဟားဟား ဒါက…”
ကျန်းရန်သည် ရိကျောင်း၏ ခန္ဒာကိုယ်ကို တစ်ညလုံးခွဲစိတ်၍ စစ်ဆေးခဲ့သည်ကို မပြောဝံ့ပေ။  သို့မဟုတ်ပါက သူသည် လင်းကျဲ့အား ရွံ့ရှာစေနိုင်သည်မဟုတ်ပါလား။
“မင်းရေသွားချိုးလိုက်၊ မင်းဆီက လူသေအနံ့လိုပဲရနေတယ်”
လင်းကျဲ့သည် ထိုအရာအား တွေးမိလိုက်သောအခါ အန်ထွက်မည်ကဲ့သို့ဖြစ်သွားပြီးနောက် ကျန်းရန်ဆီမှ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။
“ကျွန်တော် အကြိမ်ကြိမ်ရေချိုးပြီးသွားပြီ၊ နံနေသေးတာလား”
ကျန်းရန်သည် သူ့အဝတ်များကို ယူ၍ အနံ့ခံကြည့်လိုက်သော်လည်း သူသည် မည်သည့်အနံ့မှမရပေ။
“နံတာပေါ့၊ မင်းကိုယ်မင်းအနံ့မရဘူးလား”
လင်းကျဲ့သည် လေကို နှုတ်ခမ်းထောင့်မှမှုတ်ထုတ်လိုက်သည်။
“ကျွန်တော်အနံ့မရဘူး၊ ရေထပ်ချိုးလိုက်ရမလား”
ထို့နှင့် ကျန်းရန်သည် အခန်းဆီသို့သွားနေသည်။
“ခဏစောင့်”
လင်းကျဲ့က ကျန်းရန်ကို ရုတ်တရက် ဟန့်တားလိုက်သည်။
ကျန်းရန်၏ခြေလှမ်းများသည် ရပ်တန့်သွားသည်။
“သခင်လေး၊ ဘာကိစ္စပါလဲ”
“ရှန်းချင်းဟန်ဘယ်မှာလဲ၊ ဘာလို့သူ့ကို မတွေ့ရတာလဲ”
လင်းကျဲ့က ဝေ့ကြည့်လိုက်သည်။
“သခင်လေး အခု…..”
ကျန်းရန်သည် ရုတ်တရက်တုန်လှုပ်သွားသည်။
“ဘယ်မှာလဲ’
လင်းကျဲ့က မျက်တောင်ခတ်လိုက်သည်။
“ဖန်းမိန်းကလေးရဲ့ အခန်းထဲမှာ..”
ကျန်းရန်သည် သက်ပြင်းချလိုက်သော်လည်း အမှန်အတိုင်းပြောလိုက်သည်။
လင်းကျဲ့သည် ပိတ်ထားသော တံခါးကိုကြည့်၍ ခုန်ပေါက်သွားသည်။
“ဘယ်အချိန်က ဝင်သွားတာလဲ’
“လွန်ခဲ့တဲ့နာရီဝက်လောက်က”
ကျန်းရန်က ဖြေလိုက်သည်။
“………..’
လင်းကျဲ့၏ဒေါသများသည် မြင့်တက်လာသည်။
“ငါအထဲကို ဝင်သွားမယ်၊ ကြည့်ထားလိုက်ဦး”
“မရဘူး၊ ဖန်းမိန်းကလေးက သခင်လေးကို ကြောက်နေပုံရတယ်၊ အဲ့ဒါကြောင့် သူမက မင်းသားကို အမှုကိစ္စပြောဖို့ တောင်းဆိုထားတာ၊ အဲ့ဒါနဲ့ပတ်သက်ပြီးသခင်လေးစိုးရိမ်ဖို့မလိုပါဘူး”
ကျန်းရန်သည် အလုပ်များသွားသည်။ 
“အမှုကိစ္စကဘာလဲ၊ သူဝင်သွားတာကြာနေပြီ၊ အခုထိထွက်မလာသေးဘူး”
လင်းကျဲ့၏မျက်ခုံးများသည် မြင့်တက်နေသည်။  ကျန်းရန်သည် အဆင်ပြေသည်ဟုပင် မပြောနိုင်တော့ဘဲ သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။
မျက်မမြင်သည်ပင် ဤအခြေအနေကို မြင်သာနိုင်သည်။  ထိုမိန်းကလေးသည် ရှန်းချင်းဟန်အပေါ်တွင် ခံစားချက် ရှိနေသလား။
“ပြောစရာတွေများနေလို့ဖြစ်ပါလိမ့်မယ်…”
ကျန်းရန်သည် အိမ်ရှေ့စံမိဖုရားက နှလုံးသားကင်းမဲ့၍ ဂရုမစိုက်ပုံပေါ်နေသော်လည်း ဤအခြေအနေမျိုးနှင့် ပတ်သက်ပြီး အလေးအနက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"သံသယကိုတောင် မရှောင်ဘူးလား။  တစ်ယောက်တည်းနေပြီး မုဆိုးမဖြစ်ရတာ အကျင့်ပျက်တာပဲ။ "
လင်းကျဲ့သည် လက်များကို ဆုပ်ကိုင်ထားပြီး ဒေါသများပြည့်နေသည်။
ပါးပြင်နှစ်ဖက်လုံးသည်လည်း ဖားများကဲ့သို့ ဖောင်းလာသည်။
“အာ ငါတကယ်စိတ်ဆိုးလာပြီ။ “
ကျန်းရန်သည် ကူကယ်ရာမဲ့နေသည်။  လင်းကျဲ့သည် စိတ်ဆိုးနေပြီး မင်းသားသည် ခုခံနိုင်ပါ့မလားဟု စိုးရိမ်မိ သည်။
“သံသယကို ရှောင်ပါ" ဟူသော စကားလုံးသည် သင့်ပါးစပ်ထဲတွင် ယုံမှားသံသယဖြစ်စရာ မရှိပါ။
ရုတ်တရက် တံခါးတွန်းဖွင့်လိုက်သော အသံသည် ထွက်လာသည်။
လင်းကျဲ့၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီးနောက် သူသည် လျင်မြန်စွာ နောက်လှည့်ကြည့်လိုက်သည်။  သူက ဂုဏ်ကျက်သရေရှိသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ရှန်းချင်းဟန်ကို မြင်သောအခါ သူ၏မျက်လုံး များသည် လေးလံသွားသည်။ ထို့နောက် သူသည် လျင်မြန်စွာပင် အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အော်လိုက်သည်။
“အိုး၊ နောက်ဆုံးတော့ ခင်ဗျားလက်လျှော့လိုက်ပြီပေါ့”
ထိုအသံသည် ဘာ့ကြောင့် ဒီလောက်ချဉ်နေပါသလဲ”
ကျန်းရန်က ထို့အချိန်တွင် သူရှိနေခြင်းသည် မသင့်တော်ကြောင်းခံစားလိုက်ရသောကြောင့် သူသည် တံခါးကို အသာပိတ်၍ တိတ်တိတ်လေး အခန်းထဲသို့ဝင်လာခဲ့သည်။
“မင်းအသံက ကျယ်လောင်လွန်းလို့ ထွက်လာဘဲမနေနိုင်ဘူး”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်၍ ပြောသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားHikayelerin yaşadığı yer. Şimdi keşfedin