part 97

1.4K 193 4
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၇

“ရှန်းချင်းဟန် ကျွန်တော့်ဘာသာ လုပ်နိုင်ပါတယ်”
လင်းကျဲ့သည် ကြမ်းပေါ်တွင် ထောက်ထားသော ဒူးတစ်ဖက်ကို ကြည့်ပြီး ရေနွေးစိမ်ထားသောတဘက်ကို အသုံး ပြု၍ သူ့ခြေထောက်ပေါ်ရှိ ဒဏ်ရာပေါ်တွင် ဖုံးအုပ်ပေးနေသော ရှန်းချင်းဟန်ကို ကြည့်လျက် မပြောဘဲမနေနိုင်ချေ။
“မလှုပ်နဲ့၊ မကြာခင် ပြီးသွားမှာ”
ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ်ပြီး လင်းကျဲ့၏ ဒဏ်ရာအား ဂရုတစိုက် ဆေးကြောနေရာမှ ပြောသည်။  သူ၏ မျက်ခုံးများနှင့် ဘေးတစောင်း မျက်နှာသည် အလွန်လှပသည်။  ထိုအရာအားလုံးသည် လင်းကျဲ့၏မြင်ကွင်းထဲသို့ ဝင်လာကြသည်။
“…….”
ရေနွေးကြောင့်ဖြစ်မည်ထင်ပါသည်။  လင်းကျဲ့သည် သူ၏ပါးပြင်များပူလာပြီး နှလုံးခုန်သံကိုလည်း ခံစားနေရ သည်။
လင်းကျဲ့သည် အရိုင်းဆန်စွာ ခုန်လှုပ်နေသော သူ၏နှလုံးကို လက်ဖြင့်ဖိလိုက်သည်။
“ဘာဖြစ်တာလဲ”
လင်းကျဲ့၏လှုပ်ရှားမှုများကို ခံစားလိုက်ရသောကြောင့် ရှန်းချင်းဟန်ကမေးလိုက်သည်။
“အဆင်ပြေပါတယ်”
လင်းကျဲ့က ခေါင်းကို ရမ်းပြသည်။
“အင်း”
ရှန်းချင်းဟန်သည် သတိလွတ်သွားပြီး သူ၏လက်မှပြင်းအားကို ရုတ်တရက် မေ့သွားသည်။  သူသည် အသက်ပြင်းပြင်းရှူ လိုက်မိသည်။
“ရှန်းချင်းဟန် ခင်ဗျား လူသတ်နေတာ….”
လင်းကျဲ့သည် ငိုချင်သွားသည်။  သူက ရှန်းချင်းဟန်သည် သူ့အား လက်စားချေလိုသည်ဟု တခါတလေ သံသယ ဝင်မိသည်။
နာကျင်မှု၊ တကယ်နာကျင်မှု လင်းကျဲ့၏နာကျင်မှုသည် ဘဝ၏သံသယပင်ဖြစ်သည်။
“အဲ့လောက်နာလို့လား”
ရှန်းချင်းဟန်သည် သူ့အားကို လျင်မြန်စွာပင် လျှော့လိုက်သည်။
“ပိုကောင်းသွားပါပြီ”
မည်သည့်အတွက်ကြောင့်မှန်းမသိ ရှန်းချင်းဟန်၏စကားများကို ကြားသည်နှင့် လင်းကျဲ့၏ဒေါသများသည် လျော့ကျသွားပြီး နှုတ်ခမ်းကိုမဲ့၍ ပြောသည်။
“တကယ်လို့နာတယ်ဆိုရင်ပြော”
ရှန်းချင်းဟန်က ပြောသည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏ ရှည်လျားဖြူဖွေးသော လက်များကို စိုက်ကြည့်နေသည်။
“ရှန်းချင်းဟန် ကျွန်တော်ခင်ဗျားကို မေးစရာတစ်ခုရှိတယ်”
လင်းကျဲ့သည် မျက်လုံးများကို ပင်၍ ရှန်းချင်းဟန်အား ကြည့်သည်။
“ဘာလဲ”
ရှန်းချင်းဟန်သည် လှုပ်ရှားမှုများကို ရပ်၍ လင်းကျဲ့အား ကြည့်ခဲ့သည်။
“ခင်ဗျား…”
ခင်ဗျား ဘာကြောင့် ကျွန်တော့်အပေါ် ဒီလောက် ချစ်စရာကောင်းနေတာလဲ။ (ဒီလောက်ကောင်းပေးတာလဲ)
ရှန်းချင်းဟန်၏မျက်လုံးများကို ကြည့်လျက် လင်းကျဲ့သည် ရုတ်တရက် ထိတ်လန့်သွားပြီးနောက် စကားတစ်ခွန်း မှမပြောနိုင်တော့ပေ။
“အင်း?”
ရှန်းချင်းဟန်၏ မျက်လုံးများသည် အေးစက်နက်ရှိုင်းပြီး လင်းကျဲ့၏နှလုံးသားသည် တုန်ခါလာသည်။
လင်းကျဲ့သည် နှုတ်ခမ်းများကို သပ်လိုက်ပြီး မေးလိုက်မည်ပြုစဉ် တံခါးခေါက်သံထွက်လာသည်။
“ဘယ်သူလဲ”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာပြောသည်။
“သခင်လေး မိန်းကလေး သတိလာပါပြီ”
တံခါးအပြင်ဘက်မှာ ကျန်းရန်၏ အသံထွက်ပေါ်လာသည်။
“ကောင်းပြီ၊ ငါလာခဲ့မယ်”
ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်သည် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
“ငါ သွားလိုက်ဦးမယ်”
ရှန်းချင်းဟန်က နောက်လှည့်၍ လင်းကျဲ့ကိုပြောလိုက်သည်။
လင်းကျဲ့၏ မျက်လုံးများသည် အနည်းငယ် လှုပ်ခတ်သွားသည်။  သူသည် ရှန်းချင်းဟန်၏ ကျောပြင်ကို ကြည့်ပြီး
မသိစိတ်မှ သူ၏လက်ကိုထုတ်၍ ရှန်းချင်းဟန်၏အင်္ကျီကို ဆွဲကိုင်ထားသည်။
“ဘာလို့လဲ’
ရှန်းချင်းဟန်သည် ခြေလှမ်းများကိုရပ်၍ နောက်သို့လှည့်ကာ လင်းကျဲ့အား ကြည့်လိုက်သည်။
လင်းကျဲ့သည် အသိဝင်သွားပြီးချက်ချင်းပင် လွှတ်ပေးလိုက်ပြီး အပြစ်ကင်းမဲ့စွာ ပြုံးပြသည်။
“ကျွန်တော် အဲ့ဒီမိန်ကလေးကို ကြည့်လို့ရမလား”
“မရဘူး”
ရှန်းချင်းဟန်က ပြောသည်။
လင်းကျဲ့၏ မျက်နှာပေါ်မှ အပြုံးသည် ရုတ်ချည်း ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် ရှန်းချင်းဟန်သည် သက်ပြင်းချ၍ ပြောလိုက်သည်။
“မင်းခြေထောက်က ခိုက်မိထားတာ၊ လျှောက်သွားမနေနဲ့၊ အနားယူလိုက်ဦး”
“အိုး…”
လင်းကျဲ့က ခေါင်းညိတ်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား တချက်ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
တံခါးပိတ်သံကို ကြားလိုက်ရပြီးနောက် လင်းကျဲ့သည် ခေါင်းမော့၍ မည်သူမှမရှိတော့သော အခန်းကို ကြည့်လိုက်သည်။  သူသည် မေးစေ့ကိုကိုင်ပြီး ပျင်းရိနေသည်။  နောက်ဆုံးတွင် သူက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။  သူသည် အိပ်ရာပေါ်တွင် ပြန်လှဲလိုက်ပြီး ခေါင်မိုးကို ကြည့်နေသည်။  လင်းကျဲ့သည် အနည်းငယ်စိတ်ရှုပ်နေသည်။
ခေတ္တမျှကြာပြီးနောက်
“ကောင်းကောင်းအနားယူတဲ့၊ ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
အခန်းသည် ကြမ်းပြင်ပေါ်သို့ အပ်ပြုတ်ကျသည့်အသံကို ကြားရလောက်အောင်ပင် ငြိမ်သက်နေသည်။  လင်းကျဲ့ သည် ရုတ်တရက် အိပ်ရာပေါ်မှခုန်ထလိုက်သည်။  ထို့နောက် သူသည် လိပ်တင်ထားသော ဘောင်းဘီကိုချလိုက်ပြီး ဖိနပ်စီးလိုက်သည်။  သူသည် မတ်တတ်ရပ်နိုင်ရန် ကုတင်၏အကူအညီကို ယူပြီး ခြေထောက်မှ နာကျင်မှုကို သည်းခံကာ ထွက်လာခဲ့သည်။
ရှန်းချင်းဟန်သည် ကုတင်၏ ခေါင်းရင်းတွင်ထိုင်နေပြီး နီရဲသောမျက်လုံးများ၊ ဖျော့တော့သောမျက်နှာနှင့် မိန်းကလေးကိုကြည့်နေသည်။
“ဘာလို့ကျွန်မကိုကယ်တာလဲ၊ ကျွန်မဆက်ပြီး အသက်မရှင်ချင်တော့ဘူး၊ ဘာလို့ရှင်က ကျွန်မကို ကယ်ချင်ရတာလဲ”
ထိုမိန်းကလေးသည် ပုလဲကဲ့သို့ မျက်ရည်စက်များနှင့် ငိုကြွေးနေသည်မှာ ကြေကွဲစရာဖြစ်နေသည်။
ရှန်းချင်းဟန်သည် ငိုနေသော မိန်းကလေးကို တစ်ချိန်လုံး မည်သည့် စကားမှမပြောဘဲ ကြည့်နေသည်။
ကျန်းရန်သည် ရှန်းချင်းဟန်၏ စကားကိုနားထောင်သောအခါ နာကျင်ခံစားရသည်။  သူသည် အမြဲတမ်း ခံစားချက် များကို ထုတ်ဖော်မပြတတ်သလို ကျောက်တုံးကဲ့သို့နှလုံးသားရှိသော ရေခဲတုံးဖြစ်ထိုက်ပေသည်။
“အကယ်၍မင်းသေသွားရင် ဘယ်သူက မင်းအဖေအတွက် သက်သေခံပြီး ဒီအမှုကို ဆက်ပြီးစုံစမ်းမှာလဲ”
မိန်းကလေး၏ မျက်လုံးများ ရောင်ရမ်းလာသောအခါတွင် ရှန်းချင်းဟန်သည် စကားပြောလာခဲ့သည်။
ထိုစကားကို ကြားသောအခါ မိန်းကလေးသည် ငိုကြွေးခြင်းကိုရပ်တန့်လိုက်ပြီး ရှန်းချင်းဟန်အား ကြည့်လိုက် သည်။ 
“သခင်လေးပြောတာက ကျွန်မအဖေရဲ့အမှုကို ပြန်ပြီးစစ်ဆေးလို့ရသလား”
“အကယ်၍ မင်းအသက်ရှင်နေရင်ပေါ့”
ရှန်းချင်းဟန်က ပြောသည်။
“သခင်လေးက ကျွန်မကို ကူညီပေးမှာလား”
ကြီးမားသော မျက်လုံးများရှိသည့် မိန်းကလေး၏ မျက်နှာသည် အလွန်ဝမ်းနည်းနေပုံပေါ်သည်။
ရှန်းချင်းဟန်သည် မပြောင်းလဲဘဲရှိနေပြီး စကားပြောမည်ပြုသောအခါ ကျန်းရန်က ဝင်ပြောလိုက်သည်။
“မိန်းကလေး၊ ကျွန်တော့်ရဲ့သခင်လေးက မင်းကိုကယ်ထားတာက မင်းအဖေရဲ့အမှုကို ပြန်စစ်ဆေးဖို့ပဲ”
ထိုမိန်းကလေးသည် ရုတ်တရက် ရှန်းချင်းဟန်ကိုမှီလိုက်ပြီး ဖက်လိုက်သည်။  ကျေးဇူးတင်သည့် မျက်ရည်များသည်လည်း စီးကျနေသည်။
ကျန်းရန်၏ အမူအရာများသည်လည်း အေးခဲသွားသည်။
ရှန်းချင်းဟန်၏ ခန္ဓာကိုယ်သည် တောင့်တင်းလာပြီး သူ၏မျက်နှာမှာလည် အနည်းငယ်လှုပ်ခတ်နေသည်။  သူသည် မိန်းကလေးအား ဘေးသို့တွန်းဟန်ပြင်လိုက်စဉ် အေးစက်သောရယ်မောသံသည် ရုတ်တရက် တံခါးဆီမှ ထွက်ပေါ်လာသည်။
“အင်း၊ ငါက ဒီလိုထိမိတဲ့မြင်ကွင်းကို မြင်ရဖို့ရောက်လာတာပဲ”
အသံကို ကြားသောအခါ မိန်းကလေးသည် ခေါင်းမော့၍ တံခါးဆီသို့ကြည့်လိုက်သည်။  အပြာရောင်ဝတ်စုံနှင့်လူ သည် တံခါးကို ပျင်းရိစွာမှီထားသည်။  သူ၏ရှည်လျားသောဆံပင်များကို စည်းနှောင်ထားပြီး ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားသည်။  သူ၏မျက်လုံးထောင့်စွန်းမှာ အပေါ်သို့အနည်းငယ် တက်နေပြီး မျက်လုံးများ က အနည်းငယ်လေးနေကာ မျက်ခုံးများက အနည်းငယ်မပျော်မရွှင်ဖြစ်နေသည်။  သူသည် အလွန်လှပသည်။
“သခင်လေး”
ကျန်းရန်က ပါးစပ်မှ လေကိုမှုတ်ထုတ်လိုက်သည်။ 
“မင်းက ဘာလို့ဒီမှာရှိနေတာလဲ၊ အနားမယူဘူးလား”
ရှန်းချင်းဟန်က လင်းကျဲ့ကို မြင်သောအခါ မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ အေးစက်စွာအော်လိုက်သည်။
“မနားသေးဘူး”
လင်းကျဲ့သည် ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်လိုက်ပြီး တည့်တည့်လျှောက်လာသည်။  သူသည် ကုလားထိုင် တစ်ခုကို အိပ်ရာခြေရင်းဆီသို့ဆွဲယူသွားသည်။  သူသည်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လက်နှစ်ဘက်နှင့် မေးစေ့ ကို ကုလားထိုင်နောက်မှီပေါ်တွင်တင်ထားလိုက်သည်။  သူ၏မျက်လုံးများသည် မရင်းနှီးသည့်ပုံပေါ်နေပြီး မိန်းကလေးအား စိုက်ကြည့်နေသည်။  ထို့နောက်သူက အသံတိုးတိုးနှင့်ပြောသည်။ 
“ငါပြောခဲ့တယ်၊ မင်းလုံလောက်ပြီလား”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWaar verhalen tot leven komen. Ontdek het nu