part 54

2.6K 309 2
                                    

unicode

Chapter 54

“အဲ့ဒီကိစ္စမှာ စိတ်မကောင်းမဖြစ်ဘူးလား”

လင်းကျဲ့သည် မထိန်းနိုင်ဘဲ မေးလိုက်သည်။

“လူတွေ၊ သူတို့က မပြောင်းလဲကြဘူးလား”

အတော်ကြာပြီးနောက် လျူဇီချင်းသည် လက်သီးကို တင်းကျပ်စွာ ဆုပ်လျက် ပြောသည်။

“ကောင်းပြီ”

လင်းကျဲက ရုတ်တရက် ပြုံးလိုက်ပြီး သူ၏လက်ချောင်းများကို လှမ်းဆွဲကာ
“ဒါဆို ကျွန်တော် ခင်ဗျားကို ကူညီပါ့မယ်”

“ကျွန်တော့်ကို ကူညီမယ်”

လျူဇီချင်းသည် အံ့အားသင့်သွားသည်။

“ဘယ်လိုကူညီပေးမှာလဲ”

“လွယ်ပါတယ်၊ အချိန်ရောက်လာတဲ့အခါ ခင်ဗျားက ရှန်းကူရန်ကို ခင်ဗျားရဲ့ ခံစားချက်တွေကို မပြဘဲ နေနိုင်လား”

အမှုမဲ့ အမှတ်မဲ့ မေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှန်းကူရန်သည် ပြီးခဲ့တဲ့ တစ်ခေါက် လာခဲ့စဉ် လျူဇီချင်းအား စိတ်ဝင်စားပုံပေါ်သည်။

“မပြဘူး၊ လုံးဝမပြဘူး”

လျူဇီချင်း၏ တုံ့ပြန်မှုမှာ အလွန် ကြီးမားလှသည်။

“လျူသခင်လေး၊ ခင်ဗျားကြောက်လား”

သူသည် လျူဇီချင်းအား ငုံ့ကြည့်လိုက်သောအခါ လင်းကျဲ့၏ စိတ်ဝင်စားမှုသည် တုန်လှုပ်သွားသည်။

“…”

လျူဇီချင်းသည် ပြန်မဖြေပါ။

“လျူသခင်လေး ဘယ်လိုလဲ, ကျွန်တော်က ခင်ဗျားလောက် မတော်ပါဘူး၊ ဒါပေမယ့် အချစ်အကြောင်းကို ခင်ဗျားထက် ပိုသိပြီး ပိုလည်း ချစ်တတ်တယ်”

သူသည် ယခင်က ပြဇာတ်ဝတ္ထု စာအုပ်များစွာကို ဖတ်ထားသည်။

လျူဇီချင်းသည် ခဏကြာမျှ တွေးလိုက်ပြီးနောက် ခေါင်းမော့၍ မေးသည်။

“ခင်ဗျား သဘောတူ မတူတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ခင်ဗျား မကြိုးစားဘူးဆိုရင် ခင်ဗျားဘဝမှာ အခွင့်အရေးဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now