part 82

1.6K 215 4
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၂

လမုန့်စားပွဲတော်သည် ရောက်ရှိလာပြီဖြစ်သည်။
လမုန့်စားပွဲတော်နေ့တွင် လမင်းကို ပူဇော်ပသသောပွဲတော်ကို နန်းတော်ထဲတွင် ကျင်းပသည်။  အရပ်ဘက် ဆိုင်ရာ နှင့်စစ်ဘက်ဆိုင်ရာအရာရှိများနှင့် မင်းသားများအားလုံး တက်ရောက်ကြသည်။  ပုံမှန်အားဖြင့်ဆိုပါက လင်းကျဲ့သည်လည်း တက်ရောက်ရမည်ဖြစ်သည်။
“ဘာလို့လဲ၊ ကျွန်တော်လုံးဝမသွားချင်ဘူး”
လင်းကျဲ့က ငြင်းဆိုလိုက်သည်။
“မင်းက ပျော်စရာဆိုရင် အမြဲတမ်း ဆင်နွှဲချင်နေတာ မဟုတ်ဘူးလား၊ ဒီတစ်ခေါက်ကျမှ ဘာလို့မသွားချင်တာလဲ”
ရှန်းချင်းဟန်သည် စာအုပ်ကို ငုံ့၍ဖတ်နေပြီး သူ၏မျက်နှာမှာ တည်ငြိမ်နေပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“ပွဲတော်မှာ ကျွန်တော်သဘောကျနိုင်တဲ့အရာက ဘာလဲ”
လင်းကျဲ့သည် ပါးစပ်ထောင့်မှ လေမှုတ်ထုတ်လိုက်သည်။
“ပြီးတော့ လမုန့်စားပွဲတော်ဆိုတာ အရေးကြီးတဲ့ပွဲတော်လေ၊ မီးပုံးတွေကို ကိုယ့်မိသားစုနဲ့ကို ထွန်းညှိသင့်တာပေါ့၊ နန်းတော်ထဲမှာ ကျွန်တော် မသိတဲ့လူအများကြီးနဲ့ မဖြတ်သန်းချင်ပါဘူး၊ အဲ့ဒါကို တွေးတောဖို့အတွက် ဆိတ်ညံနေမှာ”
ရှန်းချင်းဟန်သည် စာအုပ်ကို ချ၍ လင်းကျဲ့အား ကြည့်လိုက်သည်။
“မင်း နန်းတော်ကပွဲတော်ကို သွားရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး”
ရှန်းချင်းဟန်သည် လင်းကျဲ့၏မေးစေ့အား အဘယ့်ကြောင့်ကြည့်နေပါသနည်း။
“ဘာ့ကြောင့်လဲဆိုတော့ မင်းက အိမ်ရှေ့စံမိဖုရားဖြစ်နေလို့”
ရှန်းချင်းဟန်က မည်သည့်အမူအရာမှမဖော်ပြဘဲ ပြောသည်။
“……”
“…..”
လင်းကျဲ့၏မျက်ခုံးများသည် မြင့်တက်သွားသည်။  သူမှာရှိသော သေချင်စေလောက်သည့် စကားပြောစွမ်းရည် သည် သာမန်မဟုတ်ပေ။
“အိုး၊ စိတ်ဓါတ်ကျစရာပဲ”
လင်းကျဲ့သည် သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်ပေ။
“မင်းက လမုန့်စားပွဲတော်မှာ ဘာလုပ်ချင်လို့လဲ”
ရှန်းချင်းဟန်က ရုတ်တရက်မေးလိုက်သည်။
“ဘုရားကျောင်ကပွဲတော်နဲ့ မီးပုံးပျံတွေပေါ့၊ ပြီးတော့ လမုန့်စားပွဲတော်မှာ မြို့တော်က ဘယ်လောက် စည်ကားလဲဆိုတာ ကျွန်တော်မသိဘူး”
လင်းကျဲ့က ပြောလိုက်သည်။
“ဒါပေမယ့် ကြည့်ရတာ ဒီနှစ်လည်း အလုပ်ဖြစ်မယ့်ပုံမပေါ်ပါဘူး”
“ဒါဆို သွားကြမယ်လေ”
ရှန်းချင်းဟန်က ပြောသည်။
လင်းကျဲ့သည် အံ့အားသင့်သွားသည်။
ရှန်းချင်းဟန်၏မျက်ခုံးများနှင့် မျက်လုံးများသည် အနည်းငယ် အောက်ကျသွားပြီးပြောသည်။ 
“နန်းတော်ကပြန်လာလို့ အချိန်ရှိသေးတယ်ဆိုရင်ပေါ့”
ထိုစကားကို ကြားသောအခါ လင်းကျဲ့သည် တက်ကြွသွားသည်။
“တကယ်ပြောတာလား”
“အင်း”
ရှန်းချင်းဟန်က အနည်းငယ်ခေါင်းညိတ်ပြသည်။
လင်းကျဲ့သည် စိတ်လှုပ်ရှားလွန်း၍ ခေါင်းထဲတွင် မည်သည့်အရာမှမရှိတော့ပေ။  သူသည် ရှန်းချင်းဟန်ကို ဖက်လိုက်ပြီး ပြောသည်။
“အာ ရှန်းချင်းဟန် ကျွန်တော် ခင်ဗျားကို အရမ်းချစ်တာပဲ”
ရှန်းချင်းဟန်၏မျက်ခုံးများသည် မြင့်တက်သွားသည်။  သူသည် မျက်နှာအမူအရာကို ပြောင်းလဲခြင်းမရှိဘဲ လက်ကို ရှောင်လိုက်သည်။  သူသည် စာအုပ်ကို ငုံ့၍ဖတ်နေရာမှ နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ငါနဲ့ ဝေးဝေးမှာနေစမ်း”
“ဝိုး၊ ဒါတော့လွန်သွားပြီ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏လက်ကို ဆွဲလိုက်သည်။
“ငြိမ်ငြိမ်နေစမ်း”
ရှန်းချင်းဟန်သည် မနှစ်သက်သည့်အကြောင်းကို ပြောလိုက်သည်။
“မနေဘူး”
လင်းကျဲ့သည် ရှန်းချင်းဟန်သတိမထားမိသည်ကို အခွင့်ကောင်းကူ၍ သူ၏လက်များကို ရှန်းချင်းဟန်၏ လည်ပင်းနားတွင် တင်ထားလိုက်ပြီး ရှန်းချင်းဟန်၏ခန္ဓာကိုယ်ပေါ်တွင် တစ်ကိုယ်လုံး တွဲခိုလိုက်သည်။  လင်းကျဲ့ လက်များ၏တိုက်ခိုက်မှုကြောင့် ရှန်းချင်းဟန်သည် လန့်ဖျပ်သွားပြီး မျက်လုံးများမှာလည်း မှုန်မှိုင်းသွားသည်။
“ဒါပေမယ့် ထားလိုက်ပါ။  မင်းက စကားကောင်းကောင်းပြောတာကြောင့် သဘောထားကြီးကြီးထားပြီး ခွင့်လွှတ်လိုက်မယ်”
လင်းကျဲ့သည် ပြုံး၍ မျက်လုံးများမှာလည်း ကောင်းကင်မှကြယ်များကဲ့သို့ တောက်ပနေသည်။ရှန်းချင်းဟန်၏မျက်လုံးများမှာ ဝေဝါးသွားပြီး သူ၏ဒူးပေါ်မှ လက်များသည် ဖြည်းညင်းစွာ ဆုပ်လိုက်သည်။
“ဆင်းစမ်း”
အချိန်အတော်ကြာပြီးနောက် ရှန်းချင်းဟန်၏အသံထွက်ပေါ်လာသည်။  သူ့၏အသံသည် အက်နေသည်။ “ကောင်းပြီ၊ ဆင်းပါ့မယ်၊ ခင်ဗျားကို ထိတာမကြိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်”
ဤတစ်ကြီမ်တွင် လင်းကျဲ့သည် အလွန်နာခံစွာဖြင့် ရှန်းချင်းဟန်၏အပေါ်မှ ဆင်းလိုက်သည်။
“ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်၊ ဆရာလျူက စာသင်ဆောင်မှာ ကျွန်တော့်ကို စောင့်နေတယ်”
သူ၏ဒူးပေါ်မှ လက်သီးဆုပ်များသည် တဖြည်းဖြည်း ပြေလျော့လာပြီး ရှန်းချင်းဟန်သည် သီချင်းညည်းရင်း ထွက် သွားသောလင်းကျဲ့အား ကြည့်နေသည်။
လင်းကျဲ့သည် သီချင်းညည်းလျက် စာသင်ဆောင်သို့သွားနေသည်။  ထိုအချိန်တွင် လျူဇီချင်းသည် စာဖတ်နေရင်း ထိုင်နေသည်။
“ဒီနေ့ မိဖုရား ဘာလို့အရမ်းပျော်နေပါလိမ့်”
လျူဇီချင်းသည် လင်းကျဲ့အား ကြည့်လိုက်သည်။
“ဘာကြောင့်လဲဆိုတော့ ရှန်းချင်းဟန်က ဘုရားကျောင်းက ပွဲတော်ကို ငါနဲ့အတူသွားဖို့ သဘောတူခဲ့တယ်”
လင်းကျဲ့၏မျက်လုံးများမှာ တောက်ပနေပြီး အပြုံးနှင့် ပြောသည်။
"လျူဇီချင်းသည် ခဏမျှ ရှုပ်ထွေးသားပြီးနောက်ရယ်မောလိုက်သည်။
“ပွဲတော်ကို သွားဖို့လား”
“ဟုတ်တယ်၊ တွေးကြည့်တာတောင်ပျော်ဖို့ကောင်းနေပြီ”
လင်းကျဲ့သည် ပြုံးရွှင်နေသည်။
“မင်းသားနဲ့ မိဖုရားတို့ရဲ့ဆက်ဆံရေးက ဘုရားပွဲတော်ကို အတူသွားရလောက်အောင် ကောင်းလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မထားမိဘူး၊ ပျော်စရာပဲ”
လျူဇီချင်းသည် ညည်းညူလိုက်သည်။  သူသည် လင်းကျဲ့၏ လက်ချောင်းများကို ရိုက်နေသံအား မကြားသော်လည်း ဆက်၍ ရေရွတ်နေသည်။
“အဲဒီအချိန်မှ အရသာရှိတဲ့အစားအသောက်တွေ သကြားလုံးတွေ၊ လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ အသားတွေ၊ ထောပတ်မုန့်တွေ အများကြီးရှိနေမှာ၊ငါ မင်းကို လွန်းလိုက်တာ”
လမုန့်စားပွဲတော်နေ့တွင် လင်းကျဲ့သည် အိပ်ရာစောစောထသည်။  အချိန်ကျရောက်သောအခါ လင်းကျဲ့နှင့် ရှန်းချင်းဟန်သည် နန်းတွင်းသို့ ဝင်လာခဲ့ကြသည်။
“ရှန်းချင်းဟန်၊ ပွဲတော်ကို လူအများကြီး တက်ရောက်မှာလား”
လှည်းယာဉ်ပေါ်တွင် ထိုင်နေပြီး လင်းကျဲ့သည် ငြီးငွေ့မှုအမျိုးမျိုးဖြင့် မေးနေသည်။
“အင်း၊ အရာရှိတွေ အကုန်လုံးတက်ရောက်လိမ့်မယ်”
ရှန်းချင်းဟန်က ဖြေသည်။
“ကျန်းဝန်ကြီးချုပ်ရဲ့ မွေးနေ့ဧည့်ခံပွဲထက် ပိုများမှာလား”
လင်းကျဲ့က မျက်တောင်ခတ်လိုက်သည်။
“ဘာလို့လဲ၊ မင်းက ဒါတွေကို ဘယ်အချိန်က ဂရုစိုက်သွားတာလဲ”
ရှန်းချင်းဟန်သည် မျက်လုံးများကို ပင့်၍ လင်းကျဲ့အား ကြည့်လိုက်သည်။
“မဟုတ်ဘူး၊ ကျွန်တော်တွေးနေတာက ခင်ဗျားက အိမ်ရှေ့စံမင်းသားလေ၊ အဲ့ဒီတော့ ကျွန်တော်က ခင်ဗျားကို ဒီအရာရှိတွေရဲ့ရှေ့မှာ မျက်နှာရစေချင်လို့ပါ” လင်းကျဲ့က မေးစေ့ကို ထိ၍ ရေရွတ်လိုက်သည်။
“ဥပမာ”
ရှန်းချင်းဟန်က မေးလိုက်သည်။
“ဥပမာ အချို့ပုံရိပ်တွေကို အလေးပေးတာမျိုးလား”
လင်းကျဲ့က ပြောသည်။ 
“ကျွန်တော် ရင့်ကျက်တည်ငြိမ်တဲ့ပုံစံမျိုး ဟန်ဆောင်နိုင်ပါတယ်”
ထို့နောက် လင်းကျဲ့သည် လည်ချောင်းရှင်းလိုက်ပြီးနောက် သူ၏အဝတ်အစားများကို သပ်ရပ်စေရန်ပြုပြင်လိုက် သည်။  သူ၏မျက်ခုံးများကို အနည်းငယ်တွန့်ချိုးလိုက်ပြီး မျက်နှာအား အနည်းငယ်တင်းမာလိုက်သည်။  ထို့နောက် သူသည် ရှန်းချင်းဟန်အား ကြည့်လိုက်ပြီးနောက် အသံကို နှိမ့်၍ လေးလေးနက်နက် ပြောလိုက်သည်။
“ဒီပုံစံမျိုးဆို ခင်ဗျားဘယ်လိုထင်လဲ”
“မင်း အဲ့လိုမျိုးနေစရာမလိုပါဘူး။  မင်းပုံစံအတိုင်းပဲနေပါ။ “
ရှန်းချင်းဟန်သည် လင်းကျဲ့အား အချိန်အကြာကြီး စိုက်ကြည့်နေသည်။  နောက်ဆုံးတွင် သူက နူးညံ့စွာ ပြောသည်။
“မြင်ရဖို့ ခက်ခဲလိုက်တာ”
လှည်းယာဉ်သည် ဖြည်းညှင်းစွာ ရပ်သွားသည်။
“ရောက်ပြီ၊ သွားကြစို့”
ရှန်းချင်းဟန်သည် လှည်းယာဉ်ပေါ်မှ ဆင်းလိုက်သည်။
လင်းကျဲ့သည် ခတ္တမျှ တွေဝေနေပြီး လှုပ်ရှားလိုက်သည်။  သူသည် လှည်းယာဉ်အပြင်သို့ ထွက်၍ ရှန်းချင်းဟန်၏ နောက်ကျောအား ကြည့်ပြီး သူ၏နောက်မှ လျင်မြန်စွာလိုက်သွားသည်။  သူက မေးလိုက်သည်။
“ခင်ဗျားဆိုလိုတာက ကျွန်တော်လုပ်ချင်တာလုပ်နိုင်တယ်လို့ ပြောတာလား”
“ပြဿနာတော့မရှာနဲ့”
ရှန်းချင်းဟန်က ရှုံ့မဲ့၍ သတိပေးသည်။
“ကျွန်တော်က ပြဿနာရှာဖို့မွေးလာတာမဟုတ်ပါဘူး၊ အမြဲတမ်းပြဿနာရှာနေပါ့မလား”
လင်းကျဲ့သည် လေကို မှုတ်ထုတ်လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား ပြန်၍ဖြေဆိုရန်စိတ်မပါသောကြောင့် နန်းတော်ဆီသို့ လျှောက်သွားသည်။
လင်းကျဲ့သည် စိတ်မဆိုးပေ။  သူသည် ဆက်၍ ပြောနေသည်။
“ကျွန်တော်ပြဿနာမဖြစ်စေရပါဘူး၊ ခင်ဗျားစိတ်ချလက်ချနေပါ”
ရှန်းချင်းဟန်၏စိတ်ဖိဆီးမှုသည် နှစ်ဆတိုးသွားလေသည်။
ထိုစကားအား ပြောလို့မှမဆုံးသေးခင်မှာပင် လင်းကျဲ့သည် လွန်စွာအဖိုးတန်သော ပန်းအိုးကို မတော်တဆ ခွဲမိလေသည်။ ကျကွဲသံနှင့်အတူ လင်းကျဲ့၏ပါးစပ်မှာ ပိတ်သွားသည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား လှည့်ကြည့်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။  ထို့နောက် ပြောလိုက်သည်။
“ဒီဟာက မင်းပြဿနာမရှာပါဘူးဆိုတဲ့ အာမခံချက်လား”
လင်းကျဲ့သည် ရုတ်တရက် ရှက်ရွံ့သွားသည်။
"အင်း?”
ရှန်းချင်းဟန်သည် မျက်ခုံးများကို မြှင့်၍ လင်းကျဲ့အား ကြည့်လေသည်။
“မှားသွားတာပါ၊ မတော်တဆ”
လင်းကျဲ့သည် ပြုံးပြပြီး ပန်းအိုးအပိုင်းအစများကို ကောက်ရန်အတွက် ထိုင်ချလိုက်သည်။
ရှန်းချင်းဟန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ 
“ဘယ်သူမှ မမြင်လောက်ပါဘူးနော်”
လင်းကျဲ့သည် ဘေးပတ်ဝန်းကျင်ကို အချိန်အတော်ကြာလှည့်ပတ်ကြည့်နေသည်။  ထို့နောက် သူသည် ထိုအပိုင်း အစများကို ကောက်ယူလိုက်သည်။
သူ၏လက်များသည် အပျက်အစီးများနှင့် ထိလုနီးပါးအချိန်တွင် ရှန်းချင်းဟန်သည် ငုံ၍ လင်းကျဲ့၏ခါးကို ဆုပ်ကိုင်လိုက်သည်။  လင်းကျဲ့သည် လန့်ဖျပ်သွားပြီး ရှန်းချင်းဟန်အား ကြည့်လိုက်သည်။
“အစေခံတွေ သိမ်းလိမ့်မယ်၊ နောက်ကျနေပြီ၊ သွားကြစို့”
ရှန်းချင်းဟန်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
"အိုး”
လင်းကျဲ့သည် ခေါင်းညိတ်၍ မတ်တတ်ရပ်လိုက်သည်။  ရှန်းချင်းဟန်သည် ရှေ့သို့လျှောက်သွားပြီး လင်းကျဲ့က နောက်မှလိုက်သွားသည်။  ရှန်းချင်းဟန်ဆုပ်ကိုင်လိုက်သောခါးမှာ အပူလောင်သကဲ့သို့ ပူနွေးနေသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now