part 116

1.3K 192 4
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း ၁၁၆

မနက်မိုးသောက်လာပြီဖြစ်သည်။
မိုးသည် ရပ်တန့်သွားသည်။
နွေးထွေးသော အခန်းထဲတွင် တစ်ကိုယ်လုံးစိုရွှဲနေသော လင်းကျဲ့သည် ကုတင်ရှေ့တွင်ထိုင်နေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှန်းချင်းဟန်အားကြည့်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ကြင်နာတတ်သော အဖိုးတို့ဇနီးမောင်နှံနှင့်တွေ့ခဲ့ရသည်။  သူတို့က ဆေးပေးရုံမျှမက ရှန်းချင်းဟန်အား အိပ်သို့ခေါ်၍ ဂရုစိုက်ပေးကြသည်။  သို့မဟုတ်ပါက ရှန်းချင်းဟန်သည် အေးစက်စို ထိုင်းနေသော ဘုရားကျောင်းထဲတွင် သက်သာလာမည် မဟုတ်ပေ။
ထိုအချိန်တွင် တံခါးသည် ပွင့်လာပြီး အိမ်ရှင်အဖွားသည် မျက်နှာသုတ်ပုဝါနှင့် အဝတ်အစားများကို ယူ၍ဝင်လာ ခဲ့သည်။
ထိုသည်ကိုမြင်သည်နှင့် လင်းကျဲ့က ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
“သခင်လေး တစ်ကိုယ်လုံး စိုရွှဲနေတာပဲ၊ ရေနွေးနဲ့ရေချိုးလိုက်တာ ကောင်းမယ်၊ ရေနွေးလည်း အဆင်သင့်ဖြစ်နေပြီ၊ အအေးမမိစေနဲ့”
အဖွားအိုသည် လင်းကျဲ့အား ကြင်နာစွာကြည့်လိုက်ပြီးနောက် ပုဝါနှင့်အဝတ်အစားများကို လက်ထဲထည့်ပေး သည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို လင်းကျဲ့လို့ ခေါ်လို့ရပါတယ်”
လင်းကျဲ့က ပြုံးပြလိုက်ပြီးနောက် အိပ်ရာပေါ်မှ ရှန်းချင်းဟန်ကို တစ်ချက်ကြည့်ပြီးပြောသည်။
“ကျွန်တော် ရေသွားချိုးတဲ့အချိန် အဖွားကို အကူအညီတောင်းပါရစေ”
“ကိစ္စမရှိပါဘူး၊ အကူအညီ သေးသေးလေးပါ၊ ရေမြန်မြန်သွားချိုးလိုက်ပါ၊ ဒီသခင်လေးက အဆင်ပြေပါတယ်၊ အနားယူပြီးသွားရင် ကောင်းသွားမှာပါ၊ မစိုးရိမ်ပါနဲ့”
အဖွားအိုက ရယ်မောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လင်းကျဲ့က ခေါင်းညိတ်ပြီး အမြန်ထွက်သွားသည်။
သူသည်စိတ်လျှော့လိုက်သည်နှင့် တစ်ကိုယ်လုံး စိုရွှဲနေပြီး အဆင်မပြေမှုကို ခံစားလိုက်ရသည်။  ထို့အပြင် သူ၏မျက်လုံးများထဲတွင်လည်း ရွှံ့များရှိနေပုံရပြီး အလွန်ကျိန်းစပ်နေသည်။
လင်းကျဲ့က အဝတ်များကို ချွတ်လိုက်ပြီး ရေနွေးထဲသို့ ဝင်စိမ်လိုက်သည်။  မထင်မှတ်စွာပင် သူ့အား အပ်နှင့် ထိုး လိုက်သကဲ့သို့ ခံစားလိုက်ရသည်။  သူငုံကြည့်လိုက်သောအခါတွင် သူ၏တစ်ကိုယ်လုံးတွင် အညိုအမည်းစွဲ နေ သည်ကို တွေ့လိုက်ရသည်။
“ကြောက်စရာ ကောင်းလောက်အောင် ပြုတ်ကျတာပဲ”
လင်းကျဲ့က သက်ပြင်းချလိုက်သည်။  သူသည် နာကျင်မှုကို သည်းခံပြီး ခန္ဓကိုယ်ပေါ်မှရွှံ့များကို ဆေးကြောခဲ့ သည်။
ရေချိုးပြီး၍ အဝတ်အစားများကို လဲလှယ်ပြီးနောက် လင်းကျဲ့က အခန်းဆီသို့အမြန်ပြန်လာခဲ့သည်။  လုံခြုံပြီး တည်ငြိမ်နေသော ရှန်းချင်းဟန်ကို မြင်သောအခါ သူ၏နှလုံးသားသည် ငြိမ်သက်သွားသည်။
“မကြာသေးခင်က ကျွန်တော် အမြဲတမ်းစိတ်ပူနေရတယ်”
လင်းကျဲ့သည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး မေးစေ့ကို ကိုင်၍ရှန်းချင်းဟန်အား ကြည့်လိုက်သည်။ 
“နောက်ထပ်အကြိမ် နည်းနည်းလောက်ထပ်ဖြစ်ရင် ကျွန်တော်သေသွားမှာတောင် ကြောက်ရတယ်”
“ရှန်းချင်းဟန် ရှန်းချင်းဟန် ထပ်ပြီးဒဏ်ရာမရပါစေနဲ့”
လင်းကျဲ့၏ မျက်ခွံများသည် လေးလံလာသည်။  သူ၏မျက်လုံးများသည် မှိတ်သွားပြီး ရှန်းချင်းဟန်ပေါ်တွင် အိပ်ပျော်သွားတော့သည်။
ယနေ့ နေသာသည်။
စိမ်းသက်သော ပတ်ဝန်းကျင်သည် မြင်ကွင်းထဲသို့ ဝင်လာသည်။  ရှန်းချင်းဟန်သည် မည်သည့်အတွက်ကြောင့် ဤနေရာတွင် ရောက်နေရသည်ကိုမသိပေ။  သူ၏ခန္ဓကိုယ်ပေါ်မှ လေးလံသောခံစားချက်ကြောင့် ငုံ့ကြည့်လိုက်မိသည်။
လင်းကျဲ့သည် သူ၏ကိုယ်ပေါ်တွင် ခေါင်းတင်၍ လှဲနေသည်။  သူသည်နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး လက်များတွင် အညိုအမည်းများစွဲနေသည်။  ရှန်းချင်းဟန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဂရုတစိုက်ဖြင့် ထထိုင်လိုက်သည်။  သူ၏လှုပ်ရှားမှုသည် ညင်သာလွန်းသောကြောင့်လား၊ သို့မဟုတ် လင်းကျဲ့သည် အိပ်မောကျ နေသောကြောင့်လား မသိသော်လည်း လင်းကျဲ့နိုးလာသည့် အရိပ်အယောင်မတွေ့ရပေ။
ရှန်းချင်းဟန်သည် ခုတင်ခေါင်းရင်းကိုမှီလိုက်ပြီး လင်းကျဲ့အား ကြည့်နေသည်။
သူ၏မျက်နှာသည် သွေးရောင်ကင်းမဲ့ပြီး ဖြူဖျော့နေဆဲဖြစ်သည်။
“သခင်လေး နိုးလာပြီလား”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။  သူသည် လင်းကျဲ့အား မနိုးစေချင်သောကြောင့် ဖြစ်နိုင်သည်။  သူ၏အသံအား တမင်နှိမ့်ထားသည်။
ရှန်းချင်းဟန် ကြည့်လိုက်သောအခါ ကြင်နာတတ်ပုံပေါ်သည့် အဖိုးအဖွားစုံတွဲကို တွေ့လိုက်ရသည်။  သူသည် ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် ​သိမ်မွေ့စွာပြောသည်။ 
“အဖိုးတို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ရှန်းချင်းဟန် အိပ်ရာပေါ်ကထပြီး ကိုယ်တိုင် ကျေးဇူးမတင်နိုင်တဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ”
“ရပါတယ် သခင်လေး ကျေးဇူးတင်ချင်တယ်ဆိုရင် ဒီကလေးကိုသာ ကျေးဇူးတင်လိုက်ပါ”
အဖိုးအိုစုံတွဲသည် အချင်းချင်းပြုံး၍ ကြည့်လိုက်ပြီးနောက် အဖွားအိုသည် ရှန်းချင်းဟန်ပေါ်တွင် အိပ်ပျော်နေသော လင်းကျဲ့အး ကြည့်လိုက်သည်။
ရှန်းချင်းဟန်က လင်းကျဲ့အား ငုံ့ကြည့်လိုက်သည်။
“မိုးသည်းသည်းမည်းမည်း ရွာနေတုန်းမှာ ဒီလူငယ်လေး မြင်းစီးပြီးရောက်လာခဲ့တာ၊ သခင်လေးကို ကယ်ဖို့အတွက် သမားတော်လိုက်ရှာတာတဲ့၊ ဘယ်နှကြိမ်တောင် လဲခဲ့လဲမသိပါဘူး၊ နေရာအနှံ့မှာ ခြစ်ရာတွေ ရှိနေတယ်။  သခင်လေးက ဖျားနေပြီးတော့ သူက သခင်လေးရဲ့ အဝတ်အစားတွေကို လဲပေးခဲ့တယ်၊ ပြီးတော့ သခင်လေးနဲ့အတူ တစ်ချိန်လုံးရှိနေခဲ့တာပဲ၊ သူလဲကျသွားမှာကိုတောင် အဖွားစိုးရိမ်နေခဲ့တာ၊ သခင်လေးအတွက် စိတ်ပူပေးတဲ့ ဒီလိုလူမျိုးရှိပေးနေတာ သခင်လေး အရမ်းကံကောင်းတာပဲ”
အဖွားအိုက တိုးတိုးပြောပြသည်။
နေရောင်သည် ပြတင်းပေါက်အားဖြတ်၍ လင်းကျဲ့၏မျက်နှာပေါ်သို့ ကျရောက်ပြီး နူးညံ့သောမျက်နှာလေးသည် တောက်ပနေသည်။
“အမှန်ပါပဲခင်ဗျာ၊ ကျွန်တော့်ဘဝမှာ သူနဲ့တွေ့ခွင့်ရတာ ကံကောင်းပါတယ်”
ရှန်းချင်းဟန်၏ မျက်လုံးများသည် လင်းကျဲ့၏လက်ပေါ်မှာ ဒဏ်ရာများကို ကြည့်၍ တဖြည်းဖြည်းနူးညံ့ ပျော့ ပြောင်းလာသည်။  သူ၏နှလုံးသားသည်လည်း တုန်ယင်နေသည်။
ဘုရားသခင်သည် ဘာ့ကြောင့်သူ့အား လင်းကျဲ့နှင့် ဆုံတွေ့ခွင့်ပြုခဲ့သည်ကို သူနားမလည်နိုင်ခဲ့ပေ။
လင်းကျဲ့သည် ခွင့်ပြုချက်မရှိဘဲ သူ၏မြင်ကွင်းထဲသို့ အမြဲဝင်ရောက်နှောင့်ယှက်နေပြီး သူ၏ငြိမ်းချမ်းသော နှလုံးသားကို အကြိမ်ကြိမ် တုန်လှုပ်စေသည်။
ထိုအကြောင်းအား တွေးမိလိုက်ပြီး ရှန်းချင်းဟန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“သခင်လေး အဆင်ပြေတယ်ဆိုရင် အနားယူလိုက်ပါဦး၊ ကျွန်မတို့သွားလိုက်ပါဦးမယ်”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ရှန်းချင်းဟန်က သိမ်မွေ့စွာပြောသည်။
အဖိုးအိုတို့ နှစ်ယောက်သည် အပြုံးနှင့်ထွက်သွားသည်။
“အရူး”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်၍တီးတိုးပြောလိုက်သည်။
“အင်း ဘုရားသခင်ရဲ့ အနမ်းပါ”
ရုတ်တရက် လင်းကျဲ့သည် တစ်စုံတစ်ရာအား ပြောလိုက်သည်။  သူသည်အကြိမ် အနည်းငယ်မျှ ရေရွတ်နေသည်။  ရှန်းချင်းဟန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အနည်းငယ် ကုန်းလိုက်သည်။  သူသည် လင်းကျဲ့၏ အိပ်မက်ယောင်နေခြင်းအား ကြားနိုင်ရန် ကြိုးစားလိုက်သည်။
“ရှန်းချင်းဟန် ခင်ဗျားနောက်ထပ် ဒဏ်ရာမရစေနဲ့”
နောက်ဆုံးတွင် လင်းကျဲ့၏ယောင်ယမ်းသံကို ရှင်းလင်းစွာကြားလိုက်ရပြီး ရှန်းချင်းဟန်၏ တွန့်ချိုးနေသော မျက်ခုံးများသည် ပြေလျော့သွားသည်။  ထို့နောက်သူသည် နွေဦးလေပြည်တိုက်ခတ်မှုကြောင့် ရေခဲနှင့်နှင်းများ အရည်ပျော်ကသကဲ့သို့ ပြုံးလိုက်သည်။
“အင်း ငါမင်းကို ကတိပေးတယ်”
ရှန်းချင်းဟန်သည် လက်ကို ဆန့်တန်း၍ လင်းကျဲ့၏ဆံပင်များကို သပ်ပေးလိုက်သည်။  သူ၏မျက်ခုံးများနှင့် မျက်လုံးမျာသည် ရေကဲ့သို့နူးညံ့နေပြီး သူ၏ညင်သာသောအသံသည်လည်း ကျောက်စိမ်းသံနှင့်တူနေသည်။
နေရောင်ခြည်သည် အခန်းငယ်လေးထဲသို့ ဖြန်းပက်လာပြီး ရှန်းချင်းဟန်၏မျက်လုံးများပေါ်သို့ ကျရောက်လာ သည်။
သူ၏မျက်လုံးများသည် ပင်လယ်ထဲမှကြယ်များကဲ့သို့တောက်ပနေသည်။
ညရောက်သောအခါ ဖယောင်းတိုင်မီးရောင်သည် ယိမ်းနွဲ့နေသည်။
“ရှန်းချင်းဟန်”
အိပ်ရာပေါ်တွင် အိပ်ပျော်နေသောလင်းကျဲ့သည် ချွေးများပြန်နေပြီး ရုတ်တရက် လန့်နိုးလာသည်။  သူသည် တည်ငြိမ်သွားသောအခါတွင် မီးအိမ်မှ အလင်းရောင်ဖြင့် စာဖတ်နေသော ရှန်းချင်းဟန်ကို မြင်လိုက်ရပြီး အံသြ သွားသည်။  လင်းကျဲ့က မျက်လုံးများကို ပြင်းပြင်းပွတ်လိုက်ပြီးနောက်စိတ်သက်သာရာရသွားသည်။
“ရှန်းချင်းဟန် ခင်ဗျားမသေဘူးလား”
ထိုစကားကို ကြားသည်နှင့် ရှန်းချင်းဟန်၏မျက်ခုံးများသည် မြင့်တက်သွားသည်။
“အိုး ခင်ဗျားမသိဘူး၊ ကျွန်တော်အခု အိပ်မက်မက်ခဲ့တာ၊ ကြောက်လွန်းလို့သေတော့မလိုပဲ”
လင်းကျဲ့သည် အိပ်ရာပေါ်တွင် အကြောဆန့်နေပြီး ချွေးသုတ်လိုက်သည်။
“ဘယ်လိုသေတာလဲ”
ရှန်းချင်းဟန်က အကြည့်လွှဲပြီး လက်ထဲရှိစာအုပ်ကို ဆက်ဖတ်နေသည်။
“မသေသေးဘူး”
လင်းကျဲ့သည် စကားပြောလိုသဖြင့် ရှန်းချင်းဟန်အား ကြည့်လိုက်ပြီးနောက် ခဏမျှငြိမ်သက်သွားသည်။ 
“ခင်ဗျားအခု နေကောင်းသွားပြီလား”
“အင်း ကောင်းသွားတာကြာပေါ့”
ရှန်းချင်းဟန်က ပြောသည်။
“ဒါနဲ့ကျွန်တော်က အိပ်ရာထဲ ဘယ်လိုရောက်နေတာလဲ”
လင်းကျဲ့က အံ့သြနေသည်။
“မင်းတစ်နေ့လုံး အိပ်ပျော်နေတာ၊ မင်းကြည့်ရတာငါ့ထက်ပိုပြီး ကောင်းကောင်းအိပ်နေလို့ အိပ်ရာပေါ်သိပ်ထား တာ”
ရှန်းချင်းဟန်က ပြောသည်။
“ဟမ်”
ထိုစကားကို ကြားသောအခါ လင်းကသည် အံအားသင့်ပြီး မှင်သက်သွားသည်။
“ငါမင်းကိုညာတာ”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်၍ရယ်လိုက်သည်။
“………”
လင်းကျဲ့သည် လေကို နှုတ်ခမ်းထောင့်မှ မှုတ်ထုတ်လိုက်ပြီး မည်ကဲ့သို့ရယ်မောရမည်ကိုသိသည်။  အဆင်ပြေသွားပုံပေါ်သည်။
လင်းကျဲ့၏နှလုံးသားထဲရှိလေးလံသောကျောက်တုံးကြီးသည် နောက်ဆုံးတွင်ပြုတ်ကျသွားပြီဖြစ်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now