part 92

1.5K 183 4
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၂

ညအခါတွင် လင်းကျဲ့သည် အိပ်လိုက်ရသောကြောင့် အနည်းငယ် ပိုကောင်းလာသည်။  သို့သော်သူသည် နေ့လည်က အကြောင်းကို ပြန်၍တွေးမိသောအခါ သူသည် စိတ်မသက်မသာဖြစ်သွားသည်။
သူ၏လည်ချောင်းသည် ခြောက်ကပ်နေသောကြောင့် လင်းကျဲသည် ထထိုင်လိုက်ပြီး မည်သည့်အရာမှမရှိသော အခန်းထဲကို ကြည့်လိုက်သည်။  ထိုအချိန်၌ သူ၏ခေါင်းသည် ဗလာဖြစ်နေသည်။  ထို့နောက် လင်းကျဲ့၏ စိတ်သည် ရုတ်တရက် မြင့်တက်လာသည်။  နေ့ဘက်တုန်းက ရှန်းချင်းဟန်သည် သူ့အား ကိုယ်တိုင်ပွေ့ခေါ်လာခဲ့သည်။  သူ၏မျက်နှာသည် နီရဲလာပြီးနောက် နှလုံးခုန်သံသည် မြန်ဆန်လာသည်။
“ငါကွာ…”
လင်းကျဲ့သည် သူ့ကိုယ်သူ စောင်ထဲတွင် ပုန်းနေလိုက်ချင်သည်။
“သခင်လေး နိုးနေပါပြီလား”
ထိုအချိန်တွင် အခန်းတံခါးခေါက်သံကို ကြားလိုက်ရပြီး လင်းကျဲ့သည် လန့်ဖျပ်သွားသည်။  အခန်းတံခါးအပြင် ဘက်မှ ကျန်းရန်၏အသံသည် ထွက်ပေါ်လာသည်။
“အင်း၊ ဘာကိစ္စလဲ”
လင်းကျဲ့သည် ခေါင်းကို စောင်ဖြင့်လွှမ်းခြုံထားရာမှ အသံတိုးတိုးဖြင့်ဖြေလိုက်သည်။
“ညစားစားဖို့အတွက် သခင်လေး သက်သာရဲ့လားလို့ လာကြည့်တာပါ၊ ကျွန်တော်မျိုး အစားအသောက်တွေကို အခန်းထဲ လာပို့ပေးရမလား”
“အင်း၊ အဲ့တာက ပိုပြီး သက်သောင့်သက်သာ ဖြစ်မယ်ထင်တယ်”
လင်းကျဲ့သည် ရှန်းချင်းဟန်ကို တွေးမိသောအခါ မျက်နှာသည် နီရဲလာသည်။  သူသည် ခေါင်းကိုငုံထားသည်။  ကျန်းရန်အား အစားအသောက်များကို အခန်းထဲသို့လာပို့ရန် ခိုင်းစေလိုက်သည်။
“မင်းအားရင် အောက်ဆင်းပြီး လာစားလိုက်”
“ကောင်းပါပြီ၊ အခုလာခဲ့မယ်”
ထိုအသံအား ကြားသည်နှင့် လင်းကျဲ့သည် အိပ်ရာပေါ်မှ ခုန်ထလိုက်သည်။  သူ၏ တုန့်ပြန်မှုအာရုံကြောများသည် မည်သည့်နေရာကလာသည်ကို သူမသိပေ။  သူသည် ထိုအသံအား ကြားလိုက်သည်နှင့် တပြိုက်နက် နာခံရုံသာဖြစ် သည်။  ထို့နောက်လင်းကျဲ့သည် ဖိနပ်စီး၍ တံခါးဖွင့်ရန် အမြန်ထွက်လာခဲ့သည်။
သူသည် တံခါးရှေ့တွင် ရပ်နေသော ရှန်းချင်းဟန်နှင့်ကျန်းရန်အား မြင်သောအခါ လင်းကျဲ့သည် ခဏမျှ ငြိမ်သက် သွားသည်။  မည့်သည့်ကြောင့် သူသည် ရုတ်တရက် ထိုမျှလောက် နာခံနေပါသနည်း။
“အဆင်ပြေရဲ့လား”
ရှန်းချင်းဟန်သည် ဆံပင်များရှုပ်ပွနေပြီး အဝတ်အစားများ မသပ်မရပ် ဖြစ်နေသော လင်းကျဲ့အား ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်ကဲ့”
လင်းကျဲ့က ခေါင်းညိတ်လိုက်သည်။
“ခုမှ နိုးတာလား”
ရှန်းချင်းဟန်က တဖန်မေးလိုက်သည်။
လင်းကျဲ့က ခေါင်းညိတ်ပြသည်။
“အံ့သြစရာမရှိပါဘူး”
ရှန်းချင်းဟန်က ခေါင်းညိတ်လိုက်သည်။
လင်းကျဲ့သည် စိတ်ရှုတ်သွားသည်။ 
“ဘာကို အံ့သြစရာမရှိတာလဲ။ “
“မင်း ညစာစားဖို့ အောက်ကို မဆင်းချင်ဘူးလား၊ မဆင်းချင်သေးတာလား”
ထိုအကြောင်းကို တွေးမိပြီးနောက် လင်းကျဲ့သည် အောက်ထပ်သို့ ဆင်းချင်သွားသည်။
“မင်းအဝတ်အစားပြင်ဝတ်လိုက်ဦး”
ရှန်းချင်းစန်သည် လင်းကျဲ့အား ဆွဲ၍ ကြည့်လိုက်သည်။
“လေရှည်လိုက်တာ၊ ခင်ဗျား…..”
လင်းကျဲ့သည် သူ့ကိုယ်သူ ငုံကြည့်လိုက်ပြီး သူ၏အဝတ်အစားများသည် ရှုပ်ပွတွန့်ကြေနေသည်မှလွဲ၍ မတွေ့ရ ပေ။  သို့သော် ရှန်းချင်းဟန်သည် ရိုးသားမှုရှိသူများထဲမှ တစ်ဦးဖြစ်ပြီး ထိုအရာက သူ့ကို ရှက်ရွံ့သကဲ့သို့ ခံစား လိုက်ရသည်။
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှမပြောဘဲ သူ၏လက်နှစ်ဘက်ဖြင့် အဝတ်အစားများကို သန့်စင်နေသည့် လင်းကျဲ့အား ကြည့်နေသည်။
လင်းကျဲ့သည် ခေါင်းမော့ပြီး နှုတ်ခမ်းကို မဲ့၍ ပြောလိုက်သည်။
“ခင်ဗျားက ဘာကြည့်နေတာလဲ”
ကျန်းရန်သည် ထိုနှစ်ဦးအား ကြည့်၍ ကြောက်လန့်ရုံမှ လွဲ၍ မတတ်နိုင်ပေ။  သူသည် အချစ်၏ခံစားချက်များကို ကြည့်နေရသည်ဟု အမြဲခံစားနေရသည်။
သူ၏အဝတ်အစားများနှင့် ဆံပင်ကို ပြုပြင်ပြီးနောက် ရှန်းချင်းဟန်သည် လင်းကျဲ့အား အောက်ထပ်သို့ ဆင်းခွင့်ပြုလိုက်သည်။
ညစာစားပြီးနောက် လင်းကျဲ့က ဤတည်းခိုခန်းသည် အလွန်ပူအိုက်သည်ဟု ခံစားနေရသောကြောင့် လေညှင်း ခံရန် အပြင်သို့ ထွက်လာခဲ့သည်။
ညကောင်းကင်ယံမှ ကြယ်များကို ကြည့်လျက် လင်းကျဲ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။
“ကြယ်တွေက အရမ်းတောက်ပနေတာပဲ”
တည်းခိုခန်းပြင်ဘက်ရှိ သစ်ပင်အောက်တွင် ထိုင်လျက် လင်းကျဲ့သည် ရယ်နေသည်။
ထိုအရာအား ကြည့်နေရာမှ လင်းကျဲ့သည် အနည်းငယ် အိပ်ချင်လာသကဲ့သို့ ခံစားရနေရပြီး သူသည် ဖြည်းညှင်း စွာဖြင့် မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ခေါင်းသည် ဘလာဖြစ်လာသည်။  များစွာသောအရာများသည် သူ၏ စိတ်ထဲတွင် တွေးမိနေပြီး နောက်ဆုံးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မျက်နှာသေနှင့် လူသားတွင် အဆုံးသတ်သွားသည်။
လင်းကျဲ့၏ခန္ဓကိုယ်သည် ရုတ်တရက် တုန်ယင်သွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် သူ၏နောက်မှ အေးစက်သောအသံတစ်ခုထွက်လာသည်။
“မင်းက ဒီမှာဘာလုပ်နေတာလဲ”
ထိုအသံအား ကြားလိုက်သည်နှင့် လင်းကျဲ့သည် ချက်ချင်းမတ်တတ်ရပ်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမှောင်ထဲတွင်ရပ်နေသော ရှန်းချင်းဟန်ကို ကြည့်လိုက်သည်။
“တောထဲမှာ တစ်ယောက်တည်း လျှောက်သွားနေရင် အန္တရာယ်များတယ်ဆိုတာ မင်းမသိဘူးလား”
လင်းကျဲ့၏ စကားများကို ပြန်ဖြေရမည့်အစား ရှန်းချင်းဟန်သည် တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။
“လမ်းလျှောက် ထွက်လာတာပါ၊ ဘာအန္တရာယ်လဲ၊ ဒီနေရာက တည်းခိုခန်း အပြင်ဘက်လေးတင်ပါ၊ လေကောင်း လေသန့်ရှူချင်းလို့ ထွက်လာတာပါ”
လင်းကျဲ့သည် နှုတ်ခမ်းများကို တင်းတင်းစိထားသည်။
“ပေါက်ကရ”
ရှန်းချင်းဟန်၏ အေးစက်နေသော မျက်နှာသည် အလွန်စိတ်ဆိုးနေဟန်ပေါ်သည်။
လင်းကျဲ့သည် ရှန်းချင်းဟန်ကြောင့်   ထိတ်လန့်သွားပြီး လည်ပင်းကိုငုံ့ကာ ချက်ချင်း ပြောလိုက်သည်။
“ကျွန်တော်မရည်ရွယ်ပါဘူး၊ ကျွန်တော်က အပြင်ထွက်ပြီး လမ်းလျှောက်ရုံလေးပါ”
“ပြန်တော့”
ရှန်းချင်းဟန်သည် သက်ပြင်းချလိုက်သည်။
“အိုး..”
လင်းကျဲ့က ခေါင်းညိတ်လိုက်သည်။
ရိုးသွားစွာပြောရပါလျှင် သူသည်ရှန်းချင်းဟန်ကို ကြောက်ရွံ့နေဆဲဖြစ်သည်။  ရှန်းချင်းဟန် ဒေါသထွက်နေသော အခါတွင် သူသည် မခုခံနိုင်ပေ။
ရှန်းချင်းဟန်သည် လှည့်ထွက်သွားပြီး လင်းကျဲ့က သူ၏နောက်မှ နာခံစွာဖြင့် လိုက်သွားသည်။
လမ်းတလျှောက်တွင် ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှမပြောပေ။
“မင်းက အခု အရင်အဆင့်အတန်းမျိုး မဟုတ်တော့ဘူး။  ဒီမှာ မင်းကို ဝေဖန်မယ့်သူတွေ မရေတွက်နိုင်အောင်ရှိ တယ်၊ နောက်တစ်ကြိမ် မင်းတစ်ခုခုလုပ်ချင်တယ်ဆိုရင် ကျန်းရန်ကိုခေါ်သွားဖို့ သတိရပါ၊ အဲဒါက မင်းဘာသာ ကာကွယ်တာထက် ပိုကောင်းတယ်”
တည်းခိုခန်းအတွင်းသို့ ဝင်လာသည့်အချိန်တွင် ရှန်းချင်းဟန်သည် အသံကိုနှိမ့်၍ လင်းကျဲ့အနားသို့ကပ်၍ ပြောလိုက်သည်။
လင်းကျဲ့သည် ထိတ်လန့်သွားသည်။
ရှန်းချင်းဟန်သည် အပေါ်ထပ်သို့ တက်သွားသည်။
“သခင်လေး ဘယ်တွေသွားနေတာလဲ၊ အပြင်မှာ အရမ်းအန္တရာယ်များတယ်၊ ဘာလို့လျှောက်သွားရတာပါလဲ”
လင်းကျဲ့အား မြင်လိုက်သည်နှင့် ကျန်းရန်သည် ချက်ချင်းရောက်လာပြီး မေးလိုက်သည်။
“အပြင်ကို လမ်းလျှောက်ထွက်ရုံလေးပါ”
လင်းကျဲ့သည် ပြုံးလိုက်ပြီးနောက် သူ၏မျက်လုံးများသည် အဝေးသို့ရောက်သွားသည့် ရှန်းချင်းဟန်၏ ကျောပြင် အား ကြည့်ရန် မမေ့ပေ။  ထို့နောက် သူ၏အပြုံးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“နောက်တခါ သခင်လေးအပြင်သွားချင်ရင် ကျွန်တော်မျိုးကို သခင်လေးနဲ့အတူ ခေါ်သွားပါ၊ ဒီမှာက မင်းသား နန်းတော်နဲ့ မတူပါဘူး၊ အလွန်အန္တရာယ်များပါတယ်”
ကျန်းရန်က သက်ပြင်းတစ်ချက်ချ၍ ပြောသည်။
“အင်း၊ ငါသိပြီ”
လင်းကျဲ့က ခေါင်းညိတ်ပြသည်။
လင်းကျဲ့သည် အပေါ်ထပ်သို့တက်သွားသည်။  သူသည် ရှန်းချင်းဟန်၏ အခန်းတံခါးတွင် ခေတ္တမျှရပ်လိုက်ပြီး ပိတ်ထားသော တံခါးကို ကြည့်လိုက်သည်ပြီး သက်ပြင်းချ၍ သူ၏အခန်းဆီသို့ ထွက်သွားသည်။
အမှန်ကိုပြောရပါလျှင် သူသည် သာမန်ပြည်သူအဖြစ် နှစ်၂၀မျှ နေထိုင်ခဲ့သည်။  သူသည် မည်သည့်အတွက်ကြောင့် အပြင်သို့ တစ်ယောက်တည်းသွားခြင်းသည် အန္တရာယ်များမှန်းမသိပေ။  ထို့အပြင် သူသည် ရှန်းချင်းဟန်က ဝေခွဲမရဖြစ်စေရန် လုပ်နေသည်ကိုလည်း နားမလည်ချေ။  ရှန်းချင်းဟန်၏ စကားများသည် လင်းကျဲ့အား လက်ရှိ အဆင့်အတန်းဖြစ်သည့် အိမ်ရှေ့မိဖုရားအဖြစ်ကို သတိပြုမိစေသည်။
ထိုအကြောင်းအား တွေးမိလိုက်သည်နှင့် လင်းကျဲ့၏စိတ်သည် ပို၍စိတ်ဓါတ်ကျလာသည်။
“ငါ့နှယ် ဘယ်သူက ဒီခွေးသားဖြစ်ချင်ခဲ့လို့လဲ”
လင်းကျဲ့သည် စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး ရေရွတ်လိုက်သည်။
“ငါက ယောက်ျားတစ်ယောက်ပဲ”
သူ၏အသံသည် တဖြည်းဖြည်းတိုးလာပြီး ပို၍ပင် ယုံကြည်ချက်မရှိ ဖြစ်လာသည်။
“ယောက်ျားတစ်ယောက်က မိဖုရားဖြစ်လာတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး”
“ရှန်းချင်းဟန်က စိတ်ပိုင်းဆိုင်ရာချို့တဲ့နေလို့လား၊ သူက ဒီလက်ထပ်ပွဲကို သဘောတူပြီး သူ့ကိုယ်တိုင်ရော သူများကိုပါ ထိခိုက်နာကျင်စေတာပဲ”
ရလဒ်အနေဖြင့် လင်းကျဲ့သည် တစ်ညလုံးအိပ်မပျော်ပေ။  နောက်နေ့မနက်၌ သူသည်မျက်လုံးများ အောက်တွင် အနက်ရောင်စက်ဝိုင်းများဖြင့် နိုးထလာသည်။
ကျန်းရန်သည် လင်းကျဲ့အား မြင်သောအခါ လန့်ဖျပ်သွားသည်။  မမျှော်လင့်စွာပင် သူသည် တစ်ညမျှ အိပ်ရေးပျက်ရုံဖြင့် အလွန်ဖျော့တော့နေလေသည်။  ဤအရာသည် အံဖွယ်ပင်ဖြစ်တော့သည်။
“မင်းဘာကိစ္စရှိလို့လဲ၊ မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား”
“ရှန်းချင်းဟန်သည် လင်းကျဲ့အားကြည့်၍ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ခင်ဗျားနဲ့မဆိုင်ပါဘူး”
လင်းကျဲ့သည် ရှန်းချင်းဟန်အား ပြင်းထန်စွာစိုက်ကြည့်ပြီးနောက် လှည်းယာဉ်ပေါ်သို့ အားမရှိစွာဖြင့် တက်သွား သည်။
“!?”
ရှန်းချင်းဟန်သည် နားမလည်ပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now