Part 123

1.2K 181 8
                                    

Unicode
ထွက်ပြေး‌ချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 123

Nanxian ခရိုင်မှ ပြန်လာပြီးကတည်းကပင် သူသည် အလွန်ထူးဆန်းလာသည်ဟု လင်းကျဲ့ ခံစားမိသည်။

သူသည် ရှန်းချင်းဟန်နှင့် နှစ်ယောက်တည်းရှိနေလျှင် သူ၏နှလုံးသားသည် တဒိန်းဒိန်းခုန်လာပြီး မျက်နှာသည်လည်း အလွန်အမင်းပူလာတော့သည်။ သူသည် သူနှင့်လုံးဝမတူတော့ဘဲ နှလုံးသည်လည်း လည်ပင်းထဲမှခုန်ထွက်လာတော့မည်ကဲ့သို့ထင်ရသည်။

လင်းကျဲ့သည် ထိုကဲ့သို့မူမမှန်ခြင်းကို ထိတ်လန့်နေမိသည်။

သူသည် နေ့လည်ခင်းတစ်ပိုင်းလုံးပင် သူ့တွင်ဖြစ်ပျက်နေသည့်လက္ခဏာများကို ဆေးစာအုပ်များတွင် ရှာဖွေနေခဲ့သည်။ သို့သော် စာကြည့်ဆောင်ရှိ ဆေးစာအုပ်များအားလုံးတွင် ရှာဖွေခဲ့သော်လည်း မည်သည့် ရှင်းပြချက်ကိုမှ မတွေ့ခဲ့ပေ။

လင်းကျဲ့သည် စာအုပ်စင်ကိုမှီလျက်ကြမ်းပြင်ပေါ်တွင်ထိုင်နေသည်။ သူ၏သွယ်လျသောလက်ချောင်းများသည် ဒူးကို ခေါက်နေပြီး ထိုအကြောင်းအား တွေးတောနေသည်။

“မင်းဘာလုပ်နေတာလဲ”

ရှန်းချင်းဟန်ပြန်လာသည်နှင့် ကြမ်းပြင်ပေါ်တွင်ထိုင်နေသောလင်းကျဲ့နှင့် နေရာအနှံ့ပြန့်ကျဲနေသောစာအုပ်များကို မြင်လိုက်ရသည်။

“စာဖတ်နေတာ”

လင်းကျဲ့က ပြန်ဖြေသည်။

“မင်း ဘယ်အချိန်က စာလေ့လာဖို့ အဲ့လောက် လွယ်ကူသွားတာလဲ”

ရှန်းချင်းဟန်က အနည်းငယ်မျက်မှောင်ကြုတ်သွားပြီးနောက် လင်းကျဲ့အား မေးလိုက်သည်။

လင်းကျဲ့၏နှလုံးသားသည် ပြင်းထန်စွာတုန်လှုပ်သွားသည်။ သူက လက်ကို ဆန့်တန်းလိုက်ပြီးနောက် ရှန်းချင်းဟန်အား ကျယ်လောင်သောအသံဖြင့်တား၏။

“ဒီကိုမလာနဲ့”

ရှန်းချင်းဟန်သည် ခြေတစ်လှမ်းမျှသာလှမ်းလိုက်ရပြီး နေရာတွင်ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် အေးစက်နေသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now