part 11

4.9K 573 0
                                    

unicode
Chapter 11

အစေခံများက သူ့ကို အခေါ်အဝေါ် ပြောင်းလဲ ခေါ်ပြီးကတည်းကပင်၊ လင်းကျဲ့သည် ယခင်ကလောက် အရှက်မရတော့ပေ။ သခင်လေးဟု ခေါ်သည်ကို နေ့တိုင်း ကြားနေရခြင်းသည် သူ့အား သခင်လေးလို့ ခေါ်တာ ပိုကောင်းကြောင်းကို ခံစားနေရသည်။

ရှန်းချင်းဟန်သည် လင်းကျဲ့အား ဂရုမစိုက်နိုင်သော်လည်း ရံဖန်ရံခါ အကြံဉာဏ် တချို့ပေးရုံမှလွဲ၍ သူ ဘာတွေကို လုပ်နေသည်ဖြစ်စေ ကိစ္စမရှိပေ။

သူ၏နေ့ရက်များကို အိမ်ရှေ့မင်းသား၏ နန်းတော်တွင် အိပ်လိုက်၊ စားလိုက်ဖြင့် သက်သောင့်သက်သာ နေထိုင်နေသော်လည်း လင်းကျဲ့သည် အမြဲတွေးတော စဉ်းစားနေသည်။

သူ၏ဘဝသည် ဤနေရာတွင် မည်မျှပင် အဆင်ပြေနေပါစေ သူသည် အိမ်ရှေ့မင်းသား၏ နန်းတော်တွင် အိမ်ရှေ့စံ မိဖုရား နာမည်ဖြင့် ကြွားလုံးထုတ် နေထိုင်ရခြင်းပင်ဖြစ်သည်။ ဒါကို သူသည် စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ရာ အရပါ လက်မခံနိုင်ပေ။

လင်းကျဲ့သည် မင်္ဂလာဦးညတွင် နံရံအား ကျော်တက်ကာ ထွက်ပေးမည့် အဖြစ်ကြောင့် သူသည် အိမ်ရှေ့စံ မင်းသား၏ နန်းတော်မှ အပြင်သို့ ထွက်ခွင့်မရပေ။ သူသည် ရူးချင်ယောင်ဆောင်ကာ နန်းတော်တံခါးမှ ထွက်သွားသောအခါ အစောင့်အကြပ်များမှ ရိုသေလေးစားစွာ နန်းတော် အတွင်းသို့ ပြန်လည် ပို့ဆောင်ပေးကြသည်။

လင်းကျဲ့၏ နှလုံးသားမှာ ကမောက်ကမ (အားမလိုအားမရ) ဖြစ်နေသည်။

ထို့ကြောင့် သူသည် အပြင်ထွက်မည့် ကိစ္စအား ခေတ္တ ဘေးဖယ်ထားလိုက်သည်။

နောက်ထပ် တိတ်ဆိတ်သော နေ့တစ်နေ့တွင် လင်းကျဲ့နှင့် စန်းရှီတို့သည် ဥယျာဉ်ထဲရှိ အဆောင်ငယ်ထဲတွင် နေရောင်ခံနေကြသည်။

နွေးထွေးသော နေရောင်သည် လင်းကျဲ့အား အနည်းငယ် ငိုက်မျည်းစေသည်။ သူသည် လက်ရန်းပေါ်တွင် ပျင်းရိစွာ မှီပြီး သမ်းလိုက်သည်။ ထို့နောက် ဝေဝါးနေသော မျက်စိများအား မှိတ်လိုက်ပြီးနောက် အိပ်မောကျသွားသည်။ စန်းရှီမြင်သောအခါ လင်းကျဲ့အား ညင်သာစွာ ယပ်ခပ်ပေးနေသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWaar verhalen tot leven komen. Ontdek het nu