Part 146

1.1K 171 3
                                    

Unicode

Chapter 146

ညနေခင်းတွင် လင်းကျဲ့နှင့် ရှန်းချင်းဟန်တို့သည် နန်းတော်သို့သွားကြသည်။

အမှန်တွင် လင်းကျဲ့၏သီးခြားအခြေအနေသည် မရှင်းလင်းပေ။ ကျန်းရန်ပြောသည်ကို နားထောင်ခြင်းအားဖြင့် နယ်စပ်တွင် တပ်စွဲထားသောတပ်များသည် အောင်မြင်စွာပြန်ရောက်လာသောကြောင့် ယနေ့ နန်းတော်ထဲတွင် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် လင်းကျဲ့နှင့် ရှန်းချင်းဟန်တို့ တက်ရောက်ရမည်ဖြစ်သည်။

လင်းကျဲ့သည် သွားရန်ဆန္ဒမရှိသော်လည်း သူသည် ရှန်းချင်းဟန်၏စကားကို လိုက်နာရန်မှအပ ရွေးချယ်စရာမရှိပေ။ ရှန်းချင်းဟန်သည် နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟလိုက်သည်နှင့် သူသည် ငြင်းဆန်ရန်သတ္တိမရှိသောကြောင့် သဘောတူရလေသည်။

သူသည် ပွဲတော်သို့ ရောက်သောအခါ လင်းကျဲ့သည် ထိခိုက်ဒဏ်ရာရရှိထားသည့် ရှန်းကူရန် ရောက်ရှိနေသည်ကို မျှော်လင့်မထားစွာ တွေ့လိုက်ရသည်။

ရှန်းကူရန်၏အနီရောင်ဝတ်စုံသည်လွန်စွာထင်ရှားနေသောကြောင့် သူတို့သည် ရှန်းကူရန်အား အဝေးမှပင် မြင်နေရသည်။ ထိုအချိန်တွင် ရှန်းကူရန်သည် ထိုင်ခုံ၌ထိုင်နေပြီး ထူးဆန်းစွာပင် သူ့အနီးတွင် မည်သူမျှမရှိပေ။

ရှန်းချင်းဟန်နှင့် လင်းကျဲ့တို့သည် ရှန်းကူရန်၏ဘေးတွင်ထိုင်လိုက်ကြသည်။

“အစ်ကိုတော်ရောက်လာပြီလား”

ရှန်းကူရန်က သူ့တို့အား ပြုံးပြနေသည်။

“မင်းမနာတော့ဘူးလား၊ ဘယ်လိုနေသေးလဲ”

လင်းကျဲ့က နားမလည်နိုင်ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ရှန်းကူရန်သည် ပြင်းထန်စွာထိခိုက်ထားပြီး ယနေ့ လာရောက်ခြင်းကြောင့် ပြန်လည်ထိခိုက်သွားမည်ကို စိုးရိမ်မိသည်။

ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းကိုယ်မင်းဂရုစိုက်ပြီး အိမ်တော်မှာပဲ မနေနိုင်ဘူးလား”

“ကျွန်တော်မသေနိုင်ပါဘူး၊ အိမ်တော်မှာနေရတာပျင်းစရာကောင်းတယ်လေ”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now