unicode
Chapter 43ထိုအချိန်တွင် လင်းကျဲ့၏အသံကို အခန်းထဲမှ ကျယ်လောင်စွာနှင့် ရှင်းလင်းစွာ ကြားနေရသည်။
ခြေသံမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။
ရှန်းချင်းဟန်သည် စားပွဲရှေ့တွင်ထိုင်၍ စုတ်တံအား ချလိုက်သည်။ သူ၏အကြည့်မှာ ဘေးတွင် ထားထားသော စာအုပ်အပေါ်သို့ သက်ရောက်သွားသည်။ သူသည် သက်ပြင်းချ၍ စာအုပ်အား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကောက်ကွေ့စွာ ရေးသားထားသော စာလုံးများကို ကြည့် ရှန်းချင်းဟန်သည် မပြုံးဘဲ မနေနိုင်ချေ၊ ထို့နောက်….
“ဘယ်လောက် ကြည့်ရဆိုးတဲ့စာလုံးတွေလဲ”“မင်းငါ့ကို ပေးပြီးသွားရင် အဲ့ဒါငါ့ဟာပဲ”
လင်းကျဲ့သည် အရှိန်မြှင့်ကာ သူ၏ အရှေ့ခြံသို့ ပြန်လာခဲ့သည်။ မသိလိုက်စွာပင် ရှန်းချင်းဟန်၏ စကားလုံးများမှာ နားထဲတွင် အဆက်မပြတ် ကြားယောင်နေပြီး သူ၏ မျက်နှာမှာ နီမြန်းလာကာ နှလုံးခုန်သံ မြန်လာသည်။
အား၊ ငါက ဒီအဆုံးမရှိတဲ့ စကားကြောင့် ဒီလို အရူးဖြစ်ခဲ့ရတာပဲ။
လင်းကျဲ့သည် တည်ငြိမ်သွားစေရန် ကြိုးစားသည့်အနေဖြင့် နှစ်ကြိမ်တိုင်တိုင် ရက်စက်စွာ သူ့ပါးသူ ရိုက်လိုက်သည်။
ဘယ်သူသိမှာလဲ၊ လင်းကျဲ့၏ အမူအရာသည် ဖြတ်သန်းလာသော အစေခံများအား ကြောက်ရွံ့စေခဲ့သည်။ သူတို့သည် ထိုမြင်ကွင်းအား မြင်သောအခါ သူတို့သည် တစ်စုံတစ်ခုအား မှားယွင်း လုပ်ဆောင်မိသည်ဟု တွေးမိလိုက်ပြီး ဒူးထောက်လိုက်ကြသည်။
“မင်းတို့က ဘာလုပ်ကြတာလဲ”
လင်းကျဲ့သည် အစေခံနှစ်ဦးအား စိုက်ကြည့်လိုက်သည်။
“ကျွန်တော်မျိုးတို့ သေသင့်ပါတယ်”
အစေခံသည် ပြန်မဖြေရဲပေ။ သူသည် သူ၏ကရုဏာဖြင့် သက်ညှာပေးရန်သာ တောင်းဆိုနေကြသည်။
“ထူးဆန်းလိုက်တာ”
လင်းကျဲ့မှာ သူ၏ စကားများကြောင့် စိတ်ရှုပ်သွားပြီး နှုတ်ခမ်းကို ကိုက်ကာ အဝေးသို့ ထွက်သွားသည်။
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။