part 60

2.5K 309 6
                                    

Unicode

Chapter 60

ထိုစကားကို ကြားလျှင် လင်းကျဲ့၏မျက်နှာမှာ ချက်ချင်း ညှိုးငယ်သွားသည်။

“ဘာလို့လဲ၊ စာမှာ ကျွန်တော့် နာမည်ပါတယ်လေ၊ ဘာလို့မသွားခိုင်းတာလဲ”

“မင်းကို သွားခွင့်ပြုလိုက်ရင် မင်းက ပြဿနာရှာမှာလေ၊ ဟုတ်တယ်မလား”

ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော် ပြဿနာ မဖြစ်စေရပါဘူး”

လင်းကျဲ့သည် နှုတ်ခမ်းကိုက်၍ ထိုင်ချလိုက်ပြီး မေးစေ့ကို ကိုင်ကာ ရေရွတ်လိုက်သည်။

“ဒါက ထိန်းလို့ ရပါတယ်၊ ခင်ဗျားပဲ ပြောခိုင်တာလေ၊ ဒီလူက ဘယ်လိုများ ဒီလောက် ယုတ်မာနိုင် ရတာလဲ၊ ခင်ဗျား ကျွန်တော့်ကို သွားခွင့် မပေးသေးဘူးလား”

လင်းကျဲ့သည် ဆက်၍ ညည်းတွားနေပြီးနောက် သက်ပြင်းချ၍ ခေါင်းကိုငုံ့ကာ မျက်ခုံးများ၏ အလယ်နေရာကို ပွတ်လျက် ကူကယ်ရာမဲ့စွာ ပြောသည်။

“မင်းတကယ် ပြဿနာမရှာဘူးနော်”

ထိုစကားအား ကြားသောအခါ လင်းကျဲ့သည် ချက်ချင်းစိတ်အား ထက်သန်လာသည်။ ထို့နောက် ခေါင်းကို ပြင်းစွာညိတ်၍ ရှန်းချင်ဟန်အား ကြည့်လိုက်သည်။

“ကျွန်တော် ကျိန်ပါတယ်”

“ထားလိုက်တော့”

ရှန်းချင်းဟန်သည် ကုလားထိုင်ပေါ်မှ ထလိုက်ပြီး ပြောသည်။

“တကယ်လို့ မင်း ငါ့ကို လာရှုပ်ရင် ငါမင်းကို ချက်ချင်း ပြန်ပို့မှာနော်”

ထိုသို့ပြော၍ ရှန်းချင်းဟန်သည် လှည့်ထွက်သွားသည်။

“မစိုးရိမ်ပါနဲ့၊ ငါ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေဘူးလို့ ကတိပေးပါတယ်”

ပျော်ရွှင်စရာ တစ်ခုခု လုပ်ရင်းဖြင့် လင်းကျဲ့သည် စိတ်ဝင်စားလာပြီး ဖြောင့်မတ်စွာပြောသည်။

လင်းကျဲ့၏ စကားများကို ကြားသောအခါ တံခါးအပြင်သို့ ထွက်လာသော ရှန်းချင်းဟန်သည် ခဏမျှ ရပ်တန့်ပြီးနောက် ထွက်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားOpowieści tętniące życiem. Odkryj je teraz