part 52

3.1K 318 11
                                    

unicode

Chapter 52

ရှန်းချင်းဟန်သည် ထိတ်လန့်သွားသည်။ လင်းကျဲ့ဆိုလိုတာကို သူနားမလည်ဘူး ဆိုသည်မှာ ထင်ရှားသည်။

တကယ့်ကို သစ်သားခေါင်းပဲ။

လင်းကျဲ့သည် မတွေးဘဲ မနေနိုင်ဖြစ်နေပြီးနောက် သူသည် ခေါင်းကိုငုံ့၍ တမင်တကာပင် စဉ်းစားနေသည်။ ထို့နောက်  ရုတ်တရက် ခေါင်းကို မော့လိုက်ကာ သဘောပေါက် နားလည်သွားသော မျက်နှာဖြင့် ပြောသည်။

“ခင်ဗျားက ကျွန်တော့်ကို လက်ထပ်ထားပြီးပြီ ဆိုပေမယ့် ခင်ဗျားကို ထိန်းမထားနိုင်ပါဘူး၊ ဒီနေ့ဆိုရင်ရော ဘယ်လိုလဲ၊ ခင်ဗျားနဲ့နေဖို့ ကျွန်တော်ဒီကို ပြောင်းလာလိုက်တော့မယ်၊ အဆင်ပြေလား”

ထိုအရာက ရှန်းချင်းဟန်ကို အလွန်အမင်း တုန်လှုပ်သွားစေသည်။ သူ၏မျက်နှာမှာ အစိမ်းရောင်သို့ ပြောင်းသွား ပြီး စကားတစ်ခွန်းကို အေးစက်စွာပြောသည်။

“မရဘူး”

“ဘာလို့လဲ”

လင်းကျဲ့သည် ခေါင်းကိုစောင်း၍ သိချင်စိတ်ဖြင့် မေးသည်။

“လင်းကျဲ့ လှည့်စားနေတာကို ရပ်လိုက်တော့”

ရှန်းချင်းဟန်သည် အလွန်ဒေါသ ထွက်လာပြီး သူ၏လက်များကို ကျောနောက်တွင် ထားလိုက်ပြီး နောက်သို့ လှည့်သွားသည်။

“ကျွန်တော် လှည့်စားနေတယ်လို့ ဘယ်သူပြောလဲ၊ ရိုးရိုးသားသားပြောရင် ခင်ဗျား အဲဒီလောက် ဒေါသထွက်ဖို့ လိုလို့လား”

လင်းကျဲ့သည် အိပ်ရာပေါ်မှ ဆင်းလာပြီး သူ၏အဝတ်အစားများအား သပ်ရပ်စေရန် ပြုပြင်လိုက်ကာ ပြောသည်။

“ဒါ့အပြင် မနေ့ညက ခင်ဗျား ကျွန်တော့်ကို စိတ်ရှုပ်အောင် လုပ်ခဲ့တယ်၊ ဒါ့ကြောင့် ကျွန်တော် ခင်ဗျားရဲ့ အိပ်ရာပေါ်မှာ တစ်ညလုံး အိပ်ခဲ့ရင်ရော ဘာဖြစ်လဲ”

“မင်း ဘာတွေပြောနေတာလဲ”

ရှန်းချင်းဟန်၏ မျက်နှာမှာ မည်းမှောင်လာပြီး လင်းကျဲ့အား အေးစက်စွာ ကြည့်နေသည်။

“ဆိုလိုတာက မနေ့ညက”

လင်းကျဲ့သည် ရှန်းချင်းဟန်၏ရှေ့တွင် ခြေဖျားထောက်၍ ပြုံးပြရင်းပြောသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now