Part 138

1K 151 3
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 138

သူအိမ်သို့ပြန်ရောက်သောအခါ ညစာအဆင်သင့်ဖြစ်နေလေပြီ။ လင်းကျဲ့က နှစ်လုတ်မျှစားသောက်ပြီးနောက် သူသည် မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး ဖြည်းဖြည်းချင်းစားသောက်နေသော ရှန်းချင်းဟန်အား စိုက်ကြည့်လိုက် သည်။

“ဘာဖြစ်လို့လဲ၊ အစားအသောက်တွေကို အကြိုက်မတွေ့ဘူးလား”

ရှန်းချင်းဟန်သည် လင်းကျဲ့အားခေါင်းမော့ကြည့်ပြီးနောက် မေးလိုက်သည်။

“ကျွန်တော် ဗိုက်ပြည့်ပြီ”

လင်းကျဲ့က ပြုံးပြသည်။

“ဒါပေမယ့် မင်းနည်းနည်းပဲစားရသေးတယ်လေ”

ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်သည်။

“ခင်ဗျားက မျက်စိပသာဒဖြစ်စရာလေ၊ အဲ့ဒီတော့ကျွန်တော်ခင်ဗျားကို ကြည့်ရုံနဲ့တင် ဝသွားပြီ”

လင်းကျဲ့က ရယ်မောလိုက်သည်။

“………”

ရှန်းချင်းဟန်သည် ပြောစရာစကားမရှိတော့ပေ။ ယခု သူသည် အနည်းငယ်နောင်တရနေသည်။ ဘာကြောင့် သူသည် လင်းကျဲ့ကို ရှာခဲ့မိပါသလဲ။ ဒုက္ခကို တောင်းဆိုမိသကဲ့သို့ဖြစ်နေသည်။

“အိုး၊ ကျွန်တော်မေ့တော့မလို့”

လင်းကျဲ့က တစ်စုံတစ်ခုကိုတွေးမိပုံပေါ်သည်။ သူ၏မျက်လုံးများသည် တောက်ပသွားသည်။ ရှန်းချင်းဟန်က အံ့အားသင့်နေပြီး လင်းကျဲ့က ရယ်မောလိုက်ပြန်သည်။

“ရှန်းချင်းဟန်၊ ခင်ဗျား ဒီနေ့ ကျွန်တော့်ကိုသဘောကျလား”

ထိုစကားကို ကြားလိုက်ရပြီး ရှန်းချင်းဟန်သည် လင်းကျဲ့၏ တလက်လက်တောက်ပနေသောမျက်လုံးများကို ကြည့်လိုက်သည်။ ရုတ်တရက် တူကိုကိုင်ထားသောသူ၏လက်သည် တောင့်တင်းသွားသည်။

လင်းကျဲ့သည် သူ့အသံကို နှိမ့်ပြီးမပြောသောကြောင့် သူပြောလိုက်သည်နှင့် အနားတွင်ရှိသောအစေခံများပါ ကြားလိုက်ရသည်။ သူတို့၏မျက်လုံးများသည် အချင်းချင်းကြည့်နေကြပြီးနောက် သူတို့နှစ်ယောက်အား အံ့အား သင့်စွာဖြင့် ကြည့်လာကြသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now