part 19

4.3K 483 1
                                    

unicode

Chapter 19

သို့သော်လည်း လင်းကျဲ့သည် လေဖြတ်နေသကဲ့သို့ မဲ့ရွဲ့နေသော ရှန်းချင်းဟန်၏ မျက်နှာအား မြင်သောအခါ သူ၏နှလုံးသားထဲရှိ လှပသော မျှော်လင့်ချက်များသည် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ အောက်ပြုတ်ကျသွားသည်။

ထိုသွေးအေးလူသားအား တွေးမိလိုက်သောအခါ သူသည် အမှန်တကယ်ပင် လက်လျှော့လိုခြင်း မရှိပေ။

ရှန်းချင်းဟန်သည် မည်မျှကြောက်စရာ ကောင်းသည်ကို သူသည် ရှင်းရှင်းလင်းလင်း သိထားသည်။

လင်းကျဲ့သည် အဝေးမှ ရှန်းချင်းဟန်အား ကြည့်ပြီး နောက်သို့ လှည့်လိုက်သည်။

ရှန်းချင်းဟန်သည် သူ့ကို တွေ့သည်နှင့် အဝေးသို့ ထွက်သွားသော အပြာရောင် ပုံရိပ်အားကြည့်ကာ မျက်လုံးများ မှုန်မှိုင်းသွားသည်။

လင်းကျဲ့သည် သူ့ဘာသာ မရပ်မနား ရေရွတ်နေသည်။

“လွတ်မြောက်မှုအတွက် လွတ်မြောက်မှုအတွက် လွတ်မြောက်မှုအတွက်”

“ငါသေသွားရင်တောင်မှ၊ ငါသေသွားရင်တောင်မှ”

နောက်ဆုံးတွင် သူ့ကိုယ်သူ ယုံကြည်လာသောအခါ ရှန်းချင်းဟန် ထွက်သွားကြောင်း သေချာစေရန် လှည့်ကြည့် လိုက်သည်။

လင်ကျဲ့၏ နှုတ်ခမ်းစွန်းမှာ တွန့်ကွေးသွားသည်။

မကြာသေးမီကမှ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ဘဲ ခါတိုင်းထက်ပို၍ တိတ်ဆိတ် နေခဲ့သော်လည်း လင်းကျဲ့သည်လည်း ပေါ်လာခဲသည်။ ရှန်းချင်းဟန်သည် သူကစားနေသော လှည့်ကွက်များ အကြာင်းကို တွေးနေချိန်မှာပဲ ခေါင်းကို မော့ကြည့် လိုက်သည့်အခါ လင်းကျဲ့သည် ခြံဝင်းထဲမှာ ထိုင်နေပြီး အမွေးရှည်ခွေးနှင့် တစ်ခုခု ပြောနေသည်ကို တွေ့လိုက်ရပါတယ်။

ခွေးကြောက်လို့ သေတော့မလိုသူက ဘယ်လိုဖြစ်တာပါလိမ့်။

ရှန်းချင်းဟန်သည် နားမလည်တော့ပေ။

ကျန်းရန်သည် ရှန်းချင်းဟန် စိုက်ကြည့်နေသည့် နေရာသို့ လိုက်၍ ကြည့်လိုက်သောအခါ လင်းကျဲ့အား တွေ့လိုက်ရပြီး အမွေးရှည်ခွေးကြီးသည်လည်း မလှမ်းမကမ်းတွင် ရှိနေလေသည်။ ထို့ကြောင့်သူသည် ထိန်းမထားနိုင်ဘဲ ရယ်မောလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားDonde viven las historias. Descúbrelo ahora