part3

10.9K 1.1K 9
                                    

unicode
Chapter 3

ထိုအခိုက်အတန့်တွင် သူတို့သည် မျက်လုံးချင်း ဆုံသွားပြီး သူတို့၏ ကိုယ်အနေအထားမှာ အဆင်မပြေလှပေ။

လင်းကျဲ့သည် နဂိုက အနည်းငယ် သိမ်မွေ့ပြီး လှပသော ကောင်လေး တစ်ယောက် ဖြစ်သည့်အပြင် အစေခံများ၏ မျက်နှာချေ လိမ်းခြယ်မှု စွမ်းရည်ဖြင့် သာမန်ထက် လွန်ကဲစွာ နံ့သာမှုန့်များဖြင့် လိမ်းခြယ်ထားပြီး ဆံနွယ်များအားလည်း စည်းနှောင်ထားသောကြောင့် လင်းကျဲ့သည် အမျိုးသမီးနှင့် ခပ်ဆင်ဆင် တူနေသည်။

အနည်းဆုံး အရပ်ရှည်ပြီး ထွားကျိုင်းသော သူတစ်ဦး မဟုတ်သောကြောင့် ရှန်းချင်းဟန် စိတ်ကူးထားသည်ထက် အများကြီး ပိုကောင်းသွားသည်။

တစ်ဖက်တွင်လည်း လင်းကျဲ့သည် ရှန်းချင်းဟန်၏ မျက်နှာအား မြင်တွေ့ဖူးသွားသည်။

သူ၏အသွင်အပြင်မှာ ဖြောင့်မတ် ခန့်ညားပြီး လေးနက် တည်ငြိမ်သော မျက်ဝန်းတစ်စုံ၊ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော အသားအရေ ရှိသည်။ မည်မျှပင်ကြည့်ပါစေ၊ သူသည် တစ်ရာတွင် တစ်ယောက်သာရှိသည့် ကြော့ရှင်းသော သခင်လေး တစ်ဦးဖြစ်ပြီး ရှန်းချင်းဟန်ဟု ခေါ်သည့် အမျိုးသားသည် မိန်းမပျိုလေးများထက် ချောမောလှပသည်ဟု လင်းကျဲ့ ခံစားလိုက်မိသည်။

ဘာကြောင့်များ ချောမောလှပသည့် အမျိုးသားသည် သူကဲ့သို့သော ဈေးသည် တစ်ဦးအား လက်ထပ်လိုပါသနည်း။

လင်းကျဲ့သည် ပဟေဠိဖြစ်နေသည်။

လူတိုင်းသည် ထိုမြင်ကွင်းအား စိုက်ကြည့်နေကြပြီး အံ့အားသင့် နေကြသည်။

ရှန်းချင်းဟန်သည် အကြည့်အား လျင်မြန်စွာ သိမ်းလိုက်ပြီး လင်းကျဲ့ မတ်မတ်ရပ် နိုင်စေရန် ကူညီပေးလိုက်သည်။ အစေခံသည် လင်းကျဲ့၏ ဦးခေါင်းအား အနီရောင်ပဝါဖြင့် ဖုံးအုပ်လိုက်ပြီးနောက် ခန်းမကြီးဆီသို့ ခေါ်ဆောင်သွားသည်။

လင်းကျဲ့သည် အနီရောင်ဝတ်ရုံအား တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တံတွေးမျိုချလိုက်သည်။

“ဧကရာဇ်မင်းမြတ် ရောက်ရှိလာပါပြီ”

ရုတ်တရက် ကြားလိုက်ရသည့် မာန်ပါသော အသံတစ်ခုကြောင့် လင်းကျဲ့သည် ခြေထောက်များ ယိုင်သွားသည် အထိ လန့်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now