part 64

2.2K 275 3
                                    

Unicode

အခန်း - ၆၄

တစ်ချိန်တည်းမှာပင် ရှန်းကူရန်သည် အလျင်အမြန် ရောက်လာသည်။   ရှန်းချင်းဟန်၏ အမူအရာအား ကြည့်လျက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။   ထို့နောက် ကိုယ်ကို ကိုင်းညွှတ်၍ အစေခံအား မတ်တတ်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။ 
“ထပါ၊ အဆင်ပြေပါတယ်”
“ဒီအစေခံက အိမ်ရှေ့စံမိဖုရားကို ထိခိုက်စေဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ကျွန်တော်မျိုးမ မရည်ရွယ်ပါဘူး”
အစေခံသည် ငိုနေပြီဖြစ်သည်။ 
“မင်း မရည်ရွယ်ဘူးဆိုတာ ငါသိပါတယ်”
ရှန်းကူရန်သည် ညင်သာစွာ ပြုံးလိုက်သည်။   အစေခံသည် အံအားသင့်သွားပြီး စီးကျနေသော မျက်ရည်များသည် ရုတ်တရက် ရပ်တန့်သွားသည်။ 
ထိုသတင်းအား ကြားသောအခါ ကျန်းကျီလင်သည် ချက်ချင်း ရောက်ရှိလာသည်။   သူ၏ရှေ့မှ မြင်ကွင်းအား မြင်လိုက်ရပြီး ကျန်းကျီလင်သည် ရှေ့သို့တိုးလာခဲ့သည်။  
“ဒီကိစ္စက ဒီလူအိုကြီးရဲ့ အိမ်တော်က အစေခံကြောင့် ဖြစ်ရတာပါ၊ အိမ်ရှေ့စံမိဖုရားကို ထိခိုက်သွားစေတယ်ဆိုရင် ကျွန်တော်မျိုးကပဲ မင်းသားနဲ့ မိဖုရားကို တောင်းပန်ပါတယ်၊ ဒီအစေခံနဲ့ ထိုက်တန်တဲ့အပြစ်ကို သေချာပေးလိုက်ပါ့မယ်”
“မလိုပါဘူး”
ရှန်းချင်းဟန်က ပြောသည်။ 
“ဒီကိစ္စအတွက် နောက်ထပ် အပြစ်ပေးဖို့မလိုပါဘူး၊ ဝန်ကြီးချုပ်ကို အနှောင့်အယှက်ပေးမိပါတယ်၊ ကျွန်တော်တို့ အရင်ပြန်လိုက်ပါဦးမယ်”
“မင်းသားနဲ့ မိဖုရားဂရုစိုက်တော်မူပါ”
ကျန်းကျီလင်သည် ဤကိစ္စအား ဆက်ပြီးပြောဆိုရန် မသင့်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ 
“သွားကြစို့”
ရှန်းချင်းဟန်သည် လင်းကျဲ့ဘက်သို့လှည့်၍ ပြောလိုက်သည်။ 
“ဒါပေမယ့် ခင်ဗျားရဲ့လက်…”
လင်းကျဲ့သည် ခါးဆီသို့ တွဲလောင်းကျနေပြီး အင်္ကျီလက်အောက်တွင် ဖုံးကွယ်နေသော ရှန်းချင်းဟန်၏လက်အား စိုက်ကြည့်နေသည်။ 
“သွားကြစို့”
ရှန်းချင်းဟန်သည် လင်းကျဲ့၏လက်အား ဆုပ်ကိုင်၍ ထွက်လာခဲ့သည်။   သူသည် လင်းကျဲ့အား စကားပြောရန် အခွင့်အရေးပင်မပေးပေ။ 
ရှန်းချင်းဟန်သည် ဝန်ကြီးချုပ်၏အိမ်တော်မှ ထွက်ခွာလာပြီးနောက် ရှေ့သို့ဆက်လျှောက်နေစဉ် လင်းကျဲ့သည် လက်ဖက်ရည်ပူတို့အား တားဆီးခဲ့သည့် လက်ကို ဆုပ်ကိုင်လိုက်သည်။ 
“မင်းဘာလုပ်နေတာလဲ”
ရှန်းချင်းဟန်သည် ခြေလှမ်းများအား ရပ်တန့်ပြီး ဝေခွဲမရသောအမူအရာဖြင့် လင်းကျဲ့အား လှည့်ကြည့်လာသည်။ 
လင်းကျဲ့သည် စကားတစ်ခွန်းမှမပြောဘဲ ထိုအစား ရှန်းချင်းဟန်၏လက်ကို အင်္ကျီလက်အောက်မှ ဆွဲထုတ်လိုက် သည်။ 
“လင်းကျဲ့”
ရှန်းချင်းဟန်၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး လင်းကျဲ့အား ဟန့်တားရန်ပြင်စဉ် လင်းကျဲ့သည် အင်္ကျီလက်အား လက်ပေါ်ရှိ နီရဲနေသော အရာကြီးပေါ်လာစေရန် ဆွဲတင်ပြီးဖြစ်၏။  
“ကျွန်တော် အဲ့လောက်ကြီးပူနေလိမ့်မယ်လို့ ထင်မထားဘူး”
လင်းကျဲ့သည် နီရဲနေသောအရေပြားအား ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ 
ထိုအပူလောင်ဒဏ်ရာသည် အလွန်မပြင်းထန်သော်လည်း ကြီးမားသော အနီရောင်အရာ ပေါ်လာသည်အထိ နာကျင်မည့်ပုံပေါ်နေသည်။ 
ထို့အပြင် ရှန်းချင်းဟန်သည် သူ့အား ကာကွယ်ရန်အတွက် ထိခိုက်ခြင်းဖြစ်သောကြောင့် လင်းကျဲ့သည် အပြစ်ရှိ သလိုခံစားနေရလေသည်။ 
“နည်းနည်းနီသွားရုံပါ၊ အဲ့လောက်မလိုပါဘူး”
ရှန်းချင်းဟန်က ပြောသည်။ 
“ဘယ်က နည်းနည်းလေးနီရမှာလဲ၊ ခင်ဗျား မနာဘူးလား”
လင်းကျဲ့သည် ဒေါသကို ထိန်းမထားနိုင်ဘဲ ရှန်းချင်းဟန်အား စိုက်ကြည့်လိုက်လေသည်။ 
“ဒါက မင်းဂရုစိုက်ရမယ့်အရာ မဟုတ်ပါဘူး”
ရှန်းချင်းဟန်သည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီး မကြာမီ သူသည် လက်အား ဆွဲယူ၍ အေးစက်စွာ ပြောသည်။ 
“ဘာလို့ဂရုမစိုက်သင့်တာလဲ၊ ကျွန်တော့်ကို ကယ်ဖို့ ခင်ဗျားထိခိုက်သွားတာလေ၊ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို အဲ့ဒီအရာနဲ့ မဆိုင်သလိုလုပ်ခိုင်းနေတယ်၊ ဒေါသထွက်စရာမကောင်းဘူးလား”
လင်းကျဲ့၏ဗီဇသည် အမြဲပူလောင်နေပြီး ယခု ပြောလိုက်ရုံဖြင့် မီးထတောက်သွားသည်။ 
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်၍ ငြိမ်ကျသွားသည်။ 
ကျန်းရန်သည် နံဘေးတွင်ရပ်နေပြီး တစ်ခွန်းမှ ဝင်မပြောပေ။ 
“ဘာဖြစ်နေတာလဲ”
ရှန်းကူရန်သည် နောက်ကျမှ ရောက်လာပြီး ငြိမ်သက်နေသောလူနှစ်ဦးအား မြင်သောအခါ တစ်စုံတစ်ရာမှားယွင်း နေကြောင်း ခံစားလိုက်ရသည်။   သူသည် နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သောအခါ ရှန်ချင်းဟန်၏ လက်သည် နီရဲနေသည်ကို တွေ့လိုက်ရပြီး ထိတ်လန့်သွားသည်။ 
“အစ်ကိုတော် ထိခိုက်သွားတာလား”
ရှန်းချင်းဟန်သည် ပြန်မဖြေပေ။ 
“ဒီကျန်းဝေ့ရန်ကတော့ သူများကို ထိခိုက်စေတာပဲ”
ရှန်းကူရန်သည် သက်ပြင်းချလိုက်သည်။ 
“မင်းဘာပြောတာလဲ၊ ဒီကိစ္စက ကျန်းဝေ့ယန်နဲ့ ပတ်သက်နေတာလား”
လင်းကျဲ့ အံ့အားသင့်သွားသည်။ 
“အစ်ကိုတော် ကျွန်တော် ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်၊ အစေခံတစ်ယောက်က ဘယ်လိုများ မတော်တဆ လဲကျနိုင်မှာလဲ၊ ကျန်းဝေ့ယန်က သူ့ကို ခြေထိုးခံပြီး မင်းမျက်နှာကို ခိုက်မိအောင်လုပ်လိုက်တာ၊ ဒါပေမယ့် အစ်ကိုတော် က မင်းအတွက် ကိုယ်စားဝင်ခံပေးမယ်လို့ မထင်လိုက်မိဘူး၊ ရုတ်တရက်ဖြစ်သွားတာဆိုတော့လေ”
ရှန်းကူရန်က ရယ်လျက်ပြောသည်။ 
ထိုစကားကို ကြားသောအခါ လင်းကျဲ့သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
“ဒါပေမယ့် ကျန်းဝေ့ယန်က ငါ့ကို ဘာလို့ ပစ်မှတ်ထားတာလဲ”
ရှန်းကူရန်သည် ချွေးပြန်သွားသည်။ 
“မင်းက တကယ်ပဲတုံးအတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား၊ ကျန်းသခင်မလေးက မင်းကို လုပ်ကြံချင်တယ်ဆိုတာ ဘယ်သူမှ သံသယမရှိဘူး”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now