part 66

2K 258 3
                                    

Unicode

အခန်း - ၆၆

ရှန်းချင်းဟန်သည် အိမ်ရှေ့စံမင်းသား  နန်းတော်သို့ ပြန်ရောက်သောအခါ အစေခံသည် နေ့လည်စာ ပြင်ဆင်ပြီး ကြောင်း လာရောက် သတင်းပို့ခဲ့သည်။   ရှန်းချင်းဟန်သည် များစွာ မတွေးတောနိုင်ဘဲ ထမင်းစားဆောင်သို့ သွားရောက်သည်။ 
သူရောက်လာသောအခါ ရှန်းချင်းဟန်သည် တံခါးပေါက်မှ ဝင်ရောက်မည်ပြုစဉ် ညှော်နံ့အား အနံ့ခံလိုက်မိသည်။   ရှန်းချင်းဟန်က မျက်မှောင်ကြုတ်သွားသည်။ 
“ခင်ဗျားပြန်ရောက်ပြီလား”
ခြေသံကြားလိုက်ရပြီး အလုပ်များနေဟန်တူသော လင်းကျဲ့သည် အဝင်တံခါးပေါက်တွင် ရပ်နေသော  ရှန်းချင်းဟန်အား မော့ကြည့်လိုက်သည်။ 
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို ပွတ်သပ်ကာ စားပွဲဆီသို့ လျှောက်သွားရာ အနီရောင် တောက်နေသော ဟင်းပွဲများနှင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။   အစားအစားများသည် အလွန်အမင်းစပ်မည့် ပုံပေါ်နေပြီး ရှန်းချင်းဟန်၏ မျက်ခုံးများအား ပိုမို တွန့်ကွေးသွားစေသည်။ 
“ခင်ဗျားစားချင်စိတ် မရှိဘူးကြားလို့ ကျွန်တော် ခင်ဗျားစားဖို့ ဟင်းတွေကို စပ်စပ်လေး ချက်ထားတယ်၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ ခင်ဗျားက အစပ်မကြိုက်ဘူး ဆိုတာကို ကျွန်တော်သိပါတယ်၊ ဒါ့ကြောင့် ဒါတွေအားလုံးက စပ်တဲ့ ဟင်းတွေပါပဲ”
လင်းကျဲ့က ပြောသည်။ 
ရှန်းချင်းဟန်သည် စားပွဲအပြည့်ဖြစ်နေသည့် အစပ်လွန်ကဲသော ဟင်းပွဲများကို ကြည့်ပြီးနောက် လင်းကျဲ့အား ကြည့်လိုက်သည်။   ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ ကုလားထိုင်ကို ဆွဲ၍ ထိုင်ချလိုက်သည်။ 
“ဒီကြက်သားအစပ်လေးကို မြည်းကြည့်ပါဦး၊ ကျွန်တော်အကြာကြီး ချက်ထားတာ”
လင်းကျဲ့သည် ကြက်သားဟင်း တစ်ဖတ်အား ယူ၍ ရှန်းချင်းဟန်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။ 
ရှန်းချင်းဟန်သည် တူကို ကောက်ကိုင်လိုက်ပြီး အနီရောင် ငရုတ်သီးများဖြင့် ဖုံးလွှမ်းနေသော ကြက်သားဖတ်ကို ကောက်ယူလိုက်သည်။   ရုတ်တရက် ကျန်းရန်သည် ချက်ချင်း တုံ့ပြန်လိုက်သည်။ 
“မင်းသား တော်ဝင်သမားတော်က ညွှန်ကြားထားပါတယ်၊ မင်းသား မစားသင့်……”
“မင်းအရင်ထွက်သွားလိုက်”
ရှန်းချင်းဟန်၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားပြီး မျက်ခုံးများမှာ တွန့်ချိုးသွားကာ သူ၏အမူအရာမှာ တုန်လှုပ်သွားပြီးနောက်   သူသည် ကျန်းရန်၏စကားများအား ဟန့်တားကာ ပြောလိုက်သည်။ 
လင်းကျဲ့သည် နားမလည်ပေ။ 
“ဒါပေမယ့်…..”
ကျန်းရန်သည် ထိတ်လန့်သွားသည်။ 
“ထွက်သွား”
ရှန်းချင်းဟန်သည် လေသံအား ဖိ၍ အေးစက်စွာပြောသည်။ 
“ဟုတ်ကဲ့ပါ မင်းသား”
ကျန်းရန်သည် ထွက်ခွာသွားသည်။ 
“ဘာမှားလို့လဲ”
လင်းကျဲ့သည် နားမလည်ဘဲ ရှန်းချင်းဟန်အား သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ 
“အဆင်ပြေပါတယ်”
ရှန်းချင်းဟန်သည် လင်းကျဲ့ ထည့်ပေးသော ကြက်သားဟင်းအား ပါးစပ်ထဲသို့ ထည့်လိုက်သည်။ 
ထိုဟင်းသည် အလွန်မစပ်ပေ။   ပေါ့ပါးသောအရသာစားသော ရှန်းချင်းဟန်ပင် စားနိုင်သည်။ 
“ဘယ်လိုနေလဲ၊ စားလို့ကောင်းလား”
လင်းကျဲ့၏ မျက်ဝန်းများသည် တောက်ပလျှက် ရှိနေသည်။ 
“အရမ်းအရသာရှိတယ်၊ ဒီအရသာအတော်ပဲ”
ရှန်းချင်းဟန်သည် လက်ထဲမှ တူကို ချ၍ အနည်းငယ်ပြုံး၍ ပြောသည်။ 
လင်ကျဲ့သည် ကျေနပ်သွားပြီး ရယ်မော၍ ရှန်းချင်းဟန်၏ ပန်းကန်လုံးထဲသို့ အာလူးအချို့ကို ထည့်ပေးလိုက် သည်။ 
“ဒီအာလူးက အချဉ်နဲ့ငရုတ်သီးနဲ့ချက်ထားတာ၊ ချဉ်ချဉ်စပ်စပ်လေး၊ စားချင်စရာလေးပဲ”
“ကောင်းပြီ”
ရှန်းချင်းဟန်သည် လင်းကျဲ့ ထည့်ပေးသော ဟင်းလျာများကို မငြင်းဆန်ဘဲ မြည်းစမ်းလိုက်သည်။   ရှန်းချင်းဟန်ဆီ က တိုက်ရိုက် ချီးကျူးစကားကို မကြားရသော်လည်း ရှန်းချင်းဟန်၏ နှုတ်ခမ်းထောင့်မှ ခပ်ဖျော့ဖျော့ အပြုံးကို ကြည့်လျက် လင်းကျဲ့၏ ရင်ထဲတွင် အမှန်ပျော်ရွှင်နေခဲ့သည်။ 
“ဒါလေး စားကြည့်ပါဦး”
လင်းကျဲ့သည် ပြုံးလျက် ဟင်းလျာများကို ရှန်းချင်းဟန်၏ ပန်းကန်ကို ပြည့်သွားစေသည် အထိ ထည့်ပေးနေသည်။ 
ရှန်းချင်းဟန်သည် တစ်ခုပြီးတစ်ခု စားနေ၏။ 
“ဘယ်လိုလဲ၊ ကျွန်တော့်ရဲ့ ဟင်းချက်စွမ်းရည်က ကောင်းတယ်မလား”
ဤသည်မှာ လင်းကျဲ့အတွက် ဂုဏ်ယူရသည့် တစ်ခုတည်းသော ထူးခြားချက်ဖြစ်သည်။ 
သူသည် လမ်းဘေးဈေးသည်အဖြစ် အနှစ်နှစ်ဆယ်မက နေထိုင်လာခဲ့သည်။   သူ၏ဟင်းချက်စွမ်းရည်မှအပ အခြား ဂုဏ်ယူစရာဟူ၍ သူ့မှာမရှိပေ။   (သူ၏ဟင်းချက်ကျွမ်းကျင်မှုမှလွဲ၍ သူ့တွင် ဂုဏ်ယူစရာ ဘာတစ်ခုမှမရှိပါ။  )
“ကောင်းပါတယ်”
ရှန်းချင်းဟန်သည် လွန်ကဲစွာ ပြန်မဖြေဘဲ စကားတစ်ခွန်းတည်းဖြင့် တီးတိုးဖြေခဲ့သည်။ 
လင်းကျဲ့သည် ရှန်းချင်းဟန်၏ ငြိမ်သက်မှုနှင့် ရင်းနှီးနေပြီဖြစ်၍ သူသည် စိတ်ဆိုးခြင်းမရှိပေ။   သူသည် ပြုံး၍ ရှန်းချင်းဟန်အား ကြည့်ပြီးပြောသည်။ 
“ကျွန်တော်လေ တခါတရံမှာ ကိစ္စတစ်ခုကို အရမ်းသိချင်တယ်”
“ဘာလဲ”
ရှန်းချင်းဟန်၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားသည်။ 
“ခင်ဗျားက စကားအရမ်းမပြောဘူးနော်၊ ချုပ်ထိန်းလွန်းတယ်လို့ ခင်ဗျားမခံစားရဘူးလား”
လင်းကျဲ့သည် မျက်တောင်ခတ်၍ သိချင်စိတ်ဖြင့်  မေးလိုက်သည်။ 
“လူတိုင်းမှာ မင်းလိုမျိုး လွန်လွန်ကဲကဲ သတိလက်လွတ်ပြောတဲ့ ပါးစပ်မရှိဘူး”
ရှန်းချင်းဟန်သည် လက်ဖက်ရည်နွေးနွေးအား တစ်ငုံမျှသောက်၍ ပြောသည်။ 
"…"
“…”
“ရှန်းချင်းဟန် ခင်ဗျားက ရက်စက်ရုံမကဘူး၊ နတ်ဆိုးတစ်ကောင်ပဲဆိုတာ ကျွန်တော် သဘောပေါက်ပြီးသားပဲ”
ထိတ်လန့်၍ သေသွားသည့်တိုင်အောင် အရှုံးမပေးတတ်သောလူမျိုးဖြစ်သည် မဟုတ်ပါလား။ 
သူတို့သည် နောက်ထပ်မည်သည်မှ မပြောဘဲသော်လည်းကောင်း မည်သည့်အရာမှ မလုပ်ဘဲသော်လည်းကောင်း သေလုနီးပါး ဒေါသထွက်နေကြသည်။ 
“အံ့သြစရာပဲ”
ရှန်းချင်းဟန်သည် မည်သည့်အမူအရာမှ မပေါ်ပေ။ 
“ငါမင်းကို ဘယ်တော့မှမချီးကျူးဘူး ဟုတ်ပြီလား”
လင်းကျဲ့၏ မျက်ခုံးများမှာ မြင့်တက်သွားသည်။ 
“မင်း ဘာကိုဆိုလိုတာလဲ”
ရှန်းချင်းဟန်သည် သူ၏ အေးစက်သော မျက်ဝန်းများဖြင့်  လင်းကျဲ့အား စူးစိုက်၍ ကြည့်နေခြင်းသည် ကျောရိုး တလျှောက် အေးစက်ခြင်းကို ခံစားရစေပြီး လျင်မြန်စွာပင် အကြည့်လွဲလိုက်သည်။ 
“ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် ခင်ဗျားကို ချီးကျူးပါတယ်၊ အဆင်ပြေသွားပြီမလား”
လင်းကျဲ့သည် နှုတ်ခမ်းအား ကွေးညွှတ်၍ ခေါင်းငုံ့လိုက်သည်။ 
“နောက်ရက်ကျရင် လင်းကျဲ့ကို တော်ဝင်ဂူဗိမာန်ကို ခေါ်ခဲ့လိုက်ပါဦး၊ သားတော်ရဲ့အမေနဲ့သူ့ကို တွေ့ပေးလိုက်ပါ”
လင်းကျဲ့အား ကြည့်နေရာမှ ရုတ်တရက် ရှန်းယန်ဝမ်၏စကားများသည် သူ့နားထဲတွင်ကြားယောင်လာသည်။ 
“လင်းကျဲ့”
ရုတ်တရက် ရှန်းချင်းဟန်က ခေါ်လိုက်သည်။ 
“ဘာလဲ”
လင်းကျဲ့သည် အံကြိတ်၍ ခေါင်းမော့လိုက်သည်။ 
“ငါ အဆင်ပြေပါတယ်”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ခေါင်းငုံ့၍ အစားအစာများကို ယူကာ ပါးစပ်ထဲသို့ ထည့်နေသည်။ 
လင်းကျဲ့သည် ဇဝေဇဝါ ဖြစ်သွားသည်။ 
နေ့လည်စာ စားပြီးနောက် လင်းကျဲ့သည် သီချင်းညည်းလျက် အရှေ့ခြံသို့ ပြန်လာခဲ့သည်။ 
“ဒီနေ့ သခင်လေး စိတ်ကြည်လင် နေတယ်ထင်တယ်”
စန်းရှီသည် လင်းကျဲ့အား လက်ဖက်ရည်ဆက်သလျက် ပြုံးလိုက်သည်။ 
“ဟုတ်လား”
လင်းကျဲ့က သူ၏ မျက်စိတစ်ဖက်ကို မှိတ်ပြလျှက် မေးလိုက်သည်။ 
“ဟုတ်တယ်၊ သခင်လေး မနေ့ကတော့ သေတော့မလိုပဲ”
စန်းရှီသည် လင်းကျဲ့၏ မျက်နှာအမူအရာအား သရုပ်ဖော်ပြလျက် ပြောလိုက်သည်။ 
“ဒီလိုမျိုးဖြစ်နေတာ”
လင်းကျဲ့သည် မယုံကြည်နိုင်ဖြစ်သွားသည်။ 
“ငါ မနေ့က တကယ်ပဲ အဲ့ဒီလိုမျိုးလား”
စန်းရှီခေါင်းညိတ်ပြသည်။ 
လင်းကျဲ့သည် ချောင်းဟန့်လိုက်ပြီးနောက် ခေါင်းငုံ့ချလိုက်သည်။   ရှန်းချင်းဟန်၏  အပြုံးအား ပြန်လည်၍ တွေးမိ သောအခါ သူ၏နားရွက်များသည် ထိန်းမရဘဲ အနည်းငယ် နီရဲလာသည်။ 
ညဉ့်နက်ချိန်.....
ကျန်းရန်သည် သူ၏လက် ထိခိုက်ထားခြင်းကိုသာမက ပြန်မကောင်းသေးသည်ကိုလည်း သိရှိထားသည်။   ထိုအစား ပို၍ဆိုးရွားစေသောကြောင့် ကျန်းရန်သည် နန်းတွင်းသမားတော် ပင့်ရန်အတွက် တစ်စုံတစ်ယောက်အား စေလွှတ်လိုက်သည်။ 
နန်းတွင်းသမားတော်သည် ရှန်းချင်းဟန်၏ လက်ပေါ်ရှိ ဒဏ်ရာအား ဂရုတစိုက် ကြည့်ရှုစစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ 
“ကျွန်တော်မျိုး နဂိုက မြန်မြန်သက်သာ ပျောက်ကင်းသွားမယ်လို့ တွေးထားခဲ့တာ”
စကားဆုံးသောအခါ နန်းတွင်းသမားတော်သည် ခေါင်းကိုမော့၍ ရှန်းချင်းဟန်အား ကြည့်ပြီး မေးသည်။ 
“မင်းသား လှုံ့ဆော်တဲ့ အစားအစာတစ်ခုခု စားမိသလား၊ ဒါမှမဟုတ် အခြားလိမ်းဆေး တစ်မျိုးက အနာကိုများ ထိမိသလား”
ရှန်းချင်းဟန်သည် အနည်းငယ်လန့်ဖျပ်သွားသည်။   ဖယောင်းတိုင် အလင်းရောင်အောက်တွင် သူ၏ချောမောလှပသော ရေခဲမျက်နှာပေါ်၌ မည်သည့်အမူအရာမှ မရှိသော်လည်း သူ၏မျက်ဝန်းများမှာမူ တုံ့ဆိုင်းသော အရိပ်အယောင်နှင့်အတူ အနည်းငယ် လှုပ်ခတ်သွားသည်။ 
ထိုညက အလင်းရောင်အောက်မှ နူးညံ့သော မျက်နှာလေးသည် သူ၏ နှလုံးသားထဲသို့ ဖြည်းညှင်းစွာပင် ဝင်ရောက် လာခဲ့သည်။ 
ရှန်းချင်းဟန်သည် လက်သီးအား တင်းကျပ်စွာဆုပ်ထားရုံမှလွဲ၍ မတတ်သာပေ။ 
“မင်းသား မင်းသား”
ရှန်းချင်းဟန်သည် အချိန်အတော်ကြာသည်အထိ မဖြေသောအခါ တော်ဝင်သမားတော်သည် ဂရုစိုက်စွာ မေးမြန်း လိုက်သည်။ 
“မထိ/မစားပါဘူး”
ရှန်းချင်းဟန်သည် တင်းကျပ်စွာ ဆုပ်ထားသော လက်သီးအား ဖြည်းညှင်းစွာ ဖြည်၍ ပြောလိုက်သည်။ 
ထိုစကားကို ကြားသောအခါ တော်ဝင်သမားတော်သည် အံ့သြသွားပြီး ခေါင်းငုံ၍ စဉ်းစားလိုက်သည်။ 
“ဒါဆိုရင်တော့ ထူးဆန်းနေပြီ”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now