part 78

1.5K 202 1
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၇၈

ရှန်းချင်းဟန်သည် မျက်လုံးများအား အနည်းငယ်ပင့်၍ လင်းကျဲ့အား ကြည့်သည်။  အေးစက်သောမျက်လုံးများ သည် အလွန်ကြည့်ကောင်းပြီး အသက်ဝင်နေသည်။
လင်းကျဲ့သည် ချောင်းဆိုးသွားပြီး နားရွက်များမှာ ပူလာသည်။  သူသည် အကြည့်အား ရွှေ့လိုက်ပြီး ပြောသည်။
“တောင်းပန်ပါတယ်၊ ကျွန်တော်အဲ့လို ဆိုလိုတာမဟုတ်…..”
ရှန်းချင်းဟန်သည် မျက်နှာနီရဲလာသော လင်းကျဲ့အား ကြည့်လိုက်သည်။  သူသည်အနည်းငယ်လှုပ်ရှားလိုက်ပြီး လင်းကျဲ့လက်အား လွှတ်လိုက်သည်။
“ငါသိပါတယ်”
ရှန်းချင်းဟန်က ပေါ့ပါးစွာပြောသည်။
“ရပြီ၊ဒဏ်ရာကို ရေမထိစေနဲ့”
“ကျေးဇူးပဲ”
လင်းကျဲ့သည် ဆေးထည့်ထားသော ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။  သူ၏နှုတ်ခမ်းများမှာ ဟလာပြီး ပြန်စေ့သွားသည်။  နောက်ဆုံးတွင် သူသည် စကားတစ်ခွန်းကိုသာပြောလိုက်နိုင်သည်။
“ကျင့်ဝတ်တွေကို ကူးရေးတာက မင်းအတွက်သင့်တော်ပုံရတယ်”
ရှန်းချင်းဟန်သည် အနည်းငယ်ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းစွန်းမှာ ကော့တက်သွားသည်။  ထို့နောက် နက်ရှိုင်သော မျက်ဝန်းတစ်စုံသည်လည်း အပြုံးဖျော့ဖျော့ကို ဖော်ပြနေသည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏နှုတ်ခမ်းကို မကြည့်မလွဲနိုင်ချေ။ ……
“ရယ်တယ်၊ သူရယ်လိုက်တာလား။”
သူ၏နှလုံးသည် လျင်မြန်ခုန်လာပြီး လည်ချောင်းထဲမှ ခုန်ထွက်လာမည်ကဲ့သို့ ဖြစ်နေသည်။  ရုတ်တရက် လင်းကျဲ့သည် အသံအကျယ်ကြီးမြည်အောင် ထိုင်ခုံပေါ်မှ ထရပ်လိုက်ရာ ရှန်းချင်းဟန်သည် လန့်ဖျပ်သွားသည်။
“ကျွန်တော် အရင်ပြန်တော့မယ်”
ကျန်းရန်သည် ရောက်လာသည်နှင့် ခေါင်းငိုက်စိုက်ချ၍ အမြန်ထွက်လာသော လင်းကျဲ့အား မြင်လိုက်ရ သည်။
“စိုးရိမ်စရာပဲ၊”
တံခါးမှာ ဖြည်းညှင်းစွာပွင့်လာပြီး အဖြူရောင်ဝတ်စုံနှင့် ရှန်းချင်းဟန်သည် ထွက်လာသည်။
ကျန်းရှန်ကြည့်လိုက်သောအခါ ရှန်းချင်းဟန်သည် မည်သည့်အမူအရာမှမရှိဘဲ တံခါးတွင် ရပ်နေသော ရှန်းချင်းဟန်ကို မြင်လိုက်ရသည်။
“မင်းသား ဘယ်လိုလုပ်လိုက်တာလဲ”
ကျန်းရန်သည် တဝက်တပျက်ပွင့်နေသော တံခါးနောက်မှ ရှန်းချင်းဟန်အား ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ် နှင့်စားပွဲပေါ်တွင် ရှုပ်ပွနေသည်များကို မြင်လိုက်ရသည်။  ကျန်းရန်က လန့်ဖျပ်သွားသည်။
“ပြီးတော့ အခန်းက”
“ငါ ရေချိုးပြီး အဝတ်သွားလဲလိုက်ဦးမယ်၊ မင်း အစေခံတွေကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်”
ရှန်းချင်းဟန်သည် မျက်လုံးများကို အနည်းငယ်ပင့်၍ သူ၏အမူအရာမှာ အေးစက်ခြင်းနှင့် မထူးခြားသည့်ပုံသို့ ပြောင်းသွားသည်။
“ကျွန်တော်မျိုး နားလည်ပါတယ်”
ရှန်းချင်းဟန် ထွက်သွားပြီးသည့်နောက်တွင် ကျန်းရန်သည် လုံးဝပျက်စီးသွားသော စာရွက်စာတမ်းများနှင့် ကြမ်းပြင်ပေါ်ရှိ အပျက်အစီများကို ကြည့်၍ ပါးစပ်ကိုပင် ပြန်မစေ့နိုင်ပေ။
လင်းကျဲ့သည် ယခုလေးတွင်ပင် စာသင်ဆောင်မှ ထွက်လာခဲ့သည်။  ရှန်းချင်းဟန်နှင့် ထိုအခန်းသည် လင်းကျဲ့၏ ပြောင်မြောက်သော လက်ရာဖြစ်သည်ကို ပြောရန်ပင်မလိုပေ။  ထို့ကြောင့် ရှန်းချင်းဟန်သည် စိတ်မဆိုးပေ။  လင်းကျဲ့အတွက်သာ မဟုတ်ပါက သူသည် ကျောက်တုံးကဲ့သို့သော နှလုံးသားနှင့် အလိုဆန္ဒနည်းသည့် တော်ဝင် မင်းသားတစ်ယောက်ဖြစ်သည်ကို သူသိသည်။  ထိုအရာသည် အချစ်စစ်ဖြစ်မည်ဟု သူတွေးလိုက်မိသည်။
သူသည် အရှေ့ခြံသို့ပြန်ရောက်သည်နှင့် လင်းကျဲ့သည် အခန်းထဲသို့ဝင်လာပြီး ရေတောင်းလိုက်သည်။  စန်းရှီသည် လင်းကျဲ့ အခန်းတံခါးကိုပိတ်၍ အပြင်သို့ထွက်မလာသည်ကို ကြည့်နေသည်။
စန်းရှီသည် မူမမှန်သည်ကို ခံစားလိုက်ရသည်။
လင်းကျဲ့သည် စားပွဲရှေ့တွင် ထိုင်နေပြီး လက်ဖက်ရည်ကို အကြိမ်ကြိမ်သောက်နေသည်။  သူ၏တစ်ကိုယ်လုံး အထူးသဖြင့်နားရွက်သည် အလွန်ပူနေသည်။  ဤခံစားချက်သည် မကြုံစဖူးထူးကဲနေသည်။  သူ၏နှလုံးမှာလည်း ကျိုးပဲ့နေပုံပေါ်ပြီး လျင်မြန်စွာ ခုန်နေသည်။
“ငါ ထပ်ပြီးနေမကောင်းပြန်ဘူးလား”
လင်းကျဲ့သည် မျက်တောင်များကို ခတ်လိုက်သည်။
ထိုအချိန်တွင် စန်းရှီသည် တံခါးကို ခေါက်၍ မေးသည်။
“သခင်လေး အဆင်ပြေရဲ့လား”
လင်းကျဲ့သည် မတ်တတ်ရပ်၍ စက်ရုပ်တစ်ရုပ်ကဲ့သို့ တံခါးဆီသို့ လျှောက်သွား၍ ဖွင့်လိုက်သည်။  ထို့နောက် စန်းရှီအား လေးနက်စွာပြောသည်။
‘ငါနေမကောင်းဘူးထင်တယ်’
“နေလို့မကောင်းလို့လား”
စန်းရှီသည် ရှုပ်ထွေးသွားသည်။
“ဟုတ်တယ်၊ အရမ်းကို နေလို့မကောင်းတာ”
လင်းကျဲ့သည် အလွန်အမင်းလေးနက်နေသည်။
စန်းရှီသည် အကောင်းကြီးရှိနေသည့် လင်းကျဲ့ကို ကြည့်လိုက်သည်။  သူ၏သခင်လေးသည် နေမကောင်းဖြစ်နေ သည် ဆိုပါက အလွန်နေမကောင်းသည်ပဲဖြစ်မည်။
သို့သော် ဦးနှောက်က နေမကောင်းသည်သာဖြစ်နိုင်သည်။
နောက်နေ့မနက်စောစောတွင် အဖြူရောင်ဝတ်ဆင်ထားသော ရှန်းချင်းဟန်သည် စာသင်ဆောင်ဆီသို့ လျှောက်လာနေသည်။
စန်းရှီသည် ကျိုထားသောဆေးရည်ပန်းကန်နှင့်လာနေသည်။
“မင်းသားအား အရိုအသေပြုပါတယ်”
စန်းရှီသည် လျင်မြန်စွာ အရိုအသေပြုလိုက်သည်။
“လင်းကျဲ့နားက လူမလား”
ရှန်းချင်းဟန်သည် စန်းရှီအား ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များသည် စန်းရှီ၏လက်ထဲတွင် ကိုင်ထား သော ဆေးရည်ပန်းကန်ပေါ်တွင် ကျရောက်သွားသည်။
“မင်းဘာတွေသယ်လာတာလဲ”
“မင်းသားကို လျှောက်တင်ပါတယ်၊ ဒါက ဖျားနာခြင်းအတွက် အထူးပြုလုပ်ထားတဲ့ ဆေးပါ”
စန်းရှီကပြောလိုက်သည်။
“မင်းသခင်လေး ဘာဖြစ်လို့လဲ”
ထိုစကားအား ကြားပြီးနောက် ရှန်းချင်းဟန်သည် အနည်းငယ်စွေကြည့်လိုက်သည်။
“သခင်လေးက နေမကောင်းဖြစ်နေပုံပေါ်နေပါတယ်၊ မနေ့က ပြင်းထန်းတဲ့အဖျားကို ခံစားလိုက်ရတဲ့အတွက် ကျွန်တော်မျိုး ဆေးအချို့ ယူလာတာပါ”
စန်းရှီက ညည်းတွားလိုက်သည်။
“ငါ့ကို အဲ့ဒီဆေးပေးလိုက်”
ရှန်းချင်းဟန်သည် မျက်လုံးများကို မှိတ်၍ ခေတ္တမျှ စဉ်းစားနေသည်။
“ဗျာ”
စန်းရှီ ပြန်မပြောနိုင်သေးပေ။
ရှန်းချင်းဟန်၏တည်ငြိမ်သောမျက်နှာကြောင့် စန်းရှီသည် ဆေးကို လျင်မြန်စွာဖြင့်ပေးလိုက်သည်။ “ကောင်းပြီ”
ရှန်းချင်းဟန်သည် ဆေးကို ယူ၍ လှည့်ထွက်လာခဲ့သည်။  သူ၏ဖြူစင်သောဝတ်ရုံသည် အချင်းချင်းပွတ်တိုက် နေပြီး သူ မြင်လိုသောအချို့အရာများကြောင့် သဘောကျနေသည်။
လင်းကျဲ့သည် အိပ်ရာမှထရုံသာဖြစ်ပြီး ဆံပင်ဖြီးရန်အတွက် အချိန်မရှိပေ။  သူ၏ဆံပင်မှာ ရှုပ်ပွနေပြီး မျက်လုံးများမှာလည်း မှိန်းနေသည်။  သူ၏အတွင်းဝတ်ရုံမှာလည်း လျော့ရဲနေပြီး ရင်ဘက်တစ်ဝက်ခန့်ပွင့်နေကာ ဖြူဖွေးတင်းရင်းနေသော အသားအရည် တစ်ပိုင်းတစ်စမှာ ပေါ်လွင်နေသည်။
“စန်းရှီ”
လင်းကျဲ့သည် အော်ခေါ်လိုက်သည်။  တုန့်ပြန်သံကို မကြားရသေကြောင့် သူသည် အိပ်ရာပေါ်တွင် ထိုင်၍ ခေါင်းငုံ့ ကာ ဖိနပ်စီးနေသည်။
ထိုအချိန်တွင် တည်ငြိမ်သောခြေသံသည် ထွက်ပေါ်လာသည်။
လင်းကျဲ့သည် ဖိနပ်စီးနေရာမှ ခေါင်းကိုပင် မော့မကြည့်ဘဲ ပြောသည်။
“စန်းရှီ၊ မင်းဘယ်ရောက်နေတာလဲ၊ ငါ မင်းကို အကြာကြီး ခေါ်နေတာ”
မည်သူမှ ပြန်မဖြေပေ။  ထို့နောက် အဖြူရောင်ဖိနပ်တစ်စုံသည် မျက်လုံးများ၏အောက်တွင် ပေါ်လာသည်။
အဖြူရောင်ဖိနပ်များကို စိုက်ကြည့်လျက် လင်းကျဲ့သည် မျက်တောင်များကို ခတ်လိုက်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သည်။  သူသည် ဆေးပန်းကန်ကိုကိုင်၍ သူ၏ရှေ့တွင်ရပ်နေသောရှန်းချင်းဟန်ကို မြင်လိုက် သောအခါ လင်းကျဲ့သည် လန့်ဖျပ်သွားသည်။
“မင်းက ငါ့ကို အခြားလူတစ်ယောက်အနေနဲ့ အလွယ်တကူ မှတ်မိနေပုံရတယ်”
ရှန်းချင်းဟန်က ပြောသည်။
“အမြဲတမ်းလား”
လင်းကျဲ့သည် သတိလက်လွတ်ဖြစ်သွားပြီးနောက် မတ်မတ်ထိုင်၍ ပြုံးပြလိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ 
“အကြိမ်နည်းနည်းလေးပါ၊ ပြီးတော့ ကျွန်တော်က မရည်ရွယ်ဘဲဖြစ်သွားတာပါ၊ အဲ့လောက်ကြီး ဂရုစိုက်မနေပါနဲ့”
ရှန်းချင်းဟန်သည် မျက်ခုံးများအား ပင့်လိုက်ပြီးနောက် ဆေးပန်းကန်အား စားပွဲခုံပေါ်တွင် တင်လိုက်သည်။ 
“အရင်ဆုံး မင်းအဝတ်တွေကိုပြန်ဝတ်လိုက်ပါဦး”
“အခုမှ ထတဲ့လူတစ်ယောက်ကို အဲလောက်ကြီး မလုပ်ခိုင်းနဲ့လေ”
လင်းကျဲ့သည် နှုတ်ခမ်းကို မဲ့လိုက်ပြီး မတ်တတ်ရပ်၍ အဝတ်များကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဝတ်နေသည်။
“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”
နဖူးပေါ်ရှိသွေးကြောများ ပေါက်ထွက်မတတ်ဖောင်းလာပြီးနောက် ရှန်းချင်းဟန်က ပြောသည်။
“အာ၊ ပြင်းထန်လိုက်တာ”
လင်းကျဲ့သည် ဖြည်းညှင်းစွာဖြင့် အဝတ်များကို ဝတ်၍ ခါးပတ်အား ချည်နှောင်လိုက်သည်။ “……”
“…….”
ရှန်းချင်းဟန်၏မျက်နှာသည် အနည်းငယ်လေးလံသွားသည်။
“ခင်ဗျား ဘာတွေသယ်လာတာလဲ”
လင်းကျဲ့သည် အဝတ်အစားများ ဝတ်ဆင်ပြီးသောအခါ ရှန်းချင်းဟန်၏ ဘေးသို့လျှောက်လာပြီး ကြည့်လိုက်သည်။  သူသည် စားပွဲပေါ်ရှိ မည်းနက်နေသော ဆေးရည်ပန်းကန်အား မြင်လိုက်ရသောအခါ သူ၏မျက်နှာသည် ရှုံ့မဲ့သွား သည်။ 
“ခင်ဗျား ဆေးတွေနဲ့ဘာလုပ်မလို့လဲ၊ ဘာလဲ ကျောက်ကပ်ချို့တဲ့မှုကို ပြန်ဖြည့်မလို့လား”
ရှန်းချင်းဟန်၏မျက်နှာသည် အလွန်အမင်းကြည့်ရဆိုးလာသည်။
“ဒါက မင်းအတွက်လေ”
“ကျွန်တော်က ဘာလို့ ဆေးသောက်ဖို့လိုတာလဲ။  ကျွန်တော့ကျောက်ကပ်က မပျက်စီးဘူး”
လင်းကျဲ့က နှုတ်ခမ်းကို မဲ့လိုက်သည်။
“မင်း နေမကောင်းဘူးဆို”
ရှန်းချင်းဟန်သည် ဒေါသကို ထိန်းထားသည်။
“ကျွန်တော်လား”
လင်းကျဲ့သည် စိတ်ရှုပ်သွားပြီးနောက် တုန့်ပြန်လိုက်သည်။
“အဲ့ဒါကမှန်ပုံရတယ်”
"“ထားလိုက်ပါ၊ ဒီကိုလာခဲ့”
ရှန်းချင်းဟန်သည် လင်းကျဲ့၏သတိရှိမှုကို မချီးကျူးဝံ့သောကြောင့် လက်ယပ်ခေါ်လိုက်သည်။
“အိုး၊ ဘာကိစ်စလဲ”
လင်းကျဲ့က လျှောက်လာသည်။
ရှန်းချင်းဟန်က ထိုင်နေပြီး လင်းကျဲ့က မတ်တတ်ရပ်နေသည်။
"ခေါင်းငုံ့”
ရှန်းချင်းဟန်က ပြောသည်။
“အိုး”
လင်းကျဲ့သည် ခါးကိုင်းလိုက်ကာ မျက်တောင်ခတ်လိုက်သည်။
“ဘာလို့လဲ”
ရှန်းချင်းဟန်သည် ဘာမှမပြောဘဲ လက်ကို ဆန့်ထုတ်၍ လင်းကျဲ့၏နဖူးကို ညင်သာစွာ ဖုံးအုပ်လိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now